Author: Baby Yit Lone
-

ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ
ကျောက်ဖြူမြို့အနီးအထိ AA ချဉ်းကပ်လာ၍ စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်သို့ ဆုတ်ခွာ နေရာယူလာ မြို့ခံများ စစ်ဘေးတိမ်းရှောင်ရန်ပြုလုပ်လာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အာရက္ခတပ်တော် (AA) က စစ်ရေးအရ အသာစီးရယူ၍ မြို့အနီးသို့ ချဉ်းကပ်လာနေသည့်အတွက် စစ်ကော်မရှင်တပ်များ မြို့ပတ်ဝန်းကျင်အထိ ဆုတ်ခွာနေရာယူလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယခု ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ မြို့နှင့် ပိုမိုနီးကပ်လာပြီး AA တပ်များ မြို့အတွင်း ဝင်ရောက်လာမည်ကို စိုးရိမ်ရသည့် အခြေအနေကြောင့် စစ်ကော်မရှင်တပ်များမှာ ၎င်းတို့တပ်စွဲထားရာနေရာများမှ မြို့အနီးအနားအထိ ဆုတ်ခွာလာကြခြင်း ဖြစ်သည်။ “မြို့အတွင်းကို တပ်တော်က ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ လက်နက်ကြီး သံတွေလည်း ဆက်တိုက်ကြားနေရလို့ မိဘတွေကိုတော့ ဘေးကင်းရာကို ရွှေ့ထားလိုက်ပြီ”…
-

စစ်တပ်ရဲ့နောက်ဆုံးထုတ် အမ်အေဝမ်းသေနတ်ကို PDF တွေသိမ်းဆည်းရရှိ
စစ်တပ်ရဲ့နောက်ဆုံးထုတ် အမ်အေဝမ်းသေနတ်ကို PDF တွေသိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်တိုက်ပွဲတစ်ခုမှာအာဏာသိမ်းစစ်တပ်နောက်ဆုံးထုတ်ထားတဲ့ MA1 Mk II T1 လက်နက်သစ်ကို သိမ်းဆည်းရရှိတယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ဇန်နဝါရီလဆန်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ PDF တွေကသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတ။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ စစ်ရေးအခြေအနေအရ အသိပေးခြင်းမရှိပါဘူး။ “တပ်ကထုတ်တဲ့ဂန်း က လပိုင်းအတွင်းPDFရဲ့သိမ်းဆည်းရမိ လက်နက် ဖြစ်နေပြီ”လို့ရွှေဘိုခရိုင် တပ်ရင်း ၁၇ ရဲ့တာဝန်ရှိသူက MA1 MK II T1 ရရှိခဲ့တာကိုပြောပါတယ်။ ရရှိတဲ့ လက်နက်သစ်ကမူလ MA 1 MK II ထက် ကိုင် တွယ်ရပိုမိုပေါ့ပါးပြီး လက်ကိုင်ဒီဇိုင်းနဲ့ ကျည်ဖြည့်တင်းမှုမှာ အဆင်ပြေတယ်လို့ ကိုင်တွယ်စမ်းသပ်ခွင့်ရရှိခဲ့တဲ့ရဲဘော်တစ်ဦးကအသိပေးပါတယ်။ အခုအခါဝက်လက်မြို့နယ်မှာစစ်ကိုင်းမြို့အခြေ စိုက် တပ်မ ၃၃ နဲ့ ဒေသတွင်း…
-

Pets on a Train
Pets on a Train (2025) ဒီဇာတ်ကားလေးက ၂၀၂၅ ခုနှစ်ကထွက်တဲ့ ပြင်သစ်အန်နီမေးရှင်းပါ။ အဓိကဇာတ်လမ်းက ဖယ်လ်ကွန်လို့ခေါ်တဲ့ ရက်ကွန်းဝံတစ်ကောင်အကြောင်းပါ။ သူက အိမ်မဲ့တိရစ္ဆာန်တွေကို ကူညီကျွေးမွေးတတ်တဲ့ စိတ်ကောင်းရှိသူပါ။ တနေ့မှာတော့ သူက ဟန်းစ်ဆိုတဲ့ လူဆိုးတစ်ကောင်နဲ့ ပူးပေါင်းပြီး မြန်နှုန်းမြင့်ရထားကြီးတစ်စီးပေါ်က အစားအစာတွေကို ခရစ္စမတ်မှာ လုယူဖို့ အကြံရလာတယ်။ ဒါပေမယ့် ဒီအစီအစဉ်က မအောင်မြင်ဘဲ ဟန်းစ်က ဖယ်လ်ကွန်ကို သစ္စာဖောက်ပြီး ရထားပေါ်ကလူအားလုံးကို ဆင်းခိုင်းပြီးတော့ ရထားကို မောင်းနှင်လိုက်ပါတယ်။ ရထားပေါ်မှာ လူတစ်ယောက်မှမရှိတော့ဘဲ ဖယ်လ်ကွန်ရယ်၊ ရက်စ်လို့ခေါ်တဲ့ တာဝန်ကျေပွန်တဲ့ရဲခွေးကြီးရယ်၊ မက်ဂီဆိုတဲ့ ကြောင်လေးရယ်အပါအဝင် အိမ်မွေးတိရစ္ဆာန်တစ်စုပဲ ကျန်ခဲ့ပါတော့တယ်။ ရထားကြီးကလည်း ဘယ်သူမှ မထိန်းနိုင်တော့ပဲ အရှိန်နဲ့ပျက်စီးတော့မယ့် ဦးတည်ရာကို သွားနေပါတယ်။ ဒီအခြေအနေမှာ ဒီတိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ကွဲပြားတဲ့စရိုက်တွေကို ဘေးဖယ်ထားပြီး…
-

Oscar Shaw
Oscar Shaw (2026) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကားတွေနဲ့လူသိများတဲ့ မင်းသားကြီး Michael Jai White ပါဝင်ထားတဲ့ မှုခင်းအက်ရှင်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အော်စကာရှောဟာ မူးယစ်ဆေးစုံစမ်းရေးရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ပြဿနာတစ်ခုကြောင့် မတရားအလုပ်ထုတ်ခံခဲ့ရတဲ့ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အော်စကာဟာ သာမန်လူတစ်ဦးလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ နေ့စဉ်ဘဝကို အေးဆေးဖြတ်သန်းနေပါတယ်။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ရေမွန်ဟာ ရုတ်တရက် အသတ်ခံလိုက်ရပါတယ်။ ဒီလူသတ်မှုဟာ ရိုးရိုးတန်းတန်းလူသတ်မှုမဟုတ်ဘဲ မူးယစ်ဂိုဏ်းတစ်ခုနဲ့ ဆက်နွယ်နေတာကို အော်စကာသိလိုက်ရတဲ့အခါ သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒီလိုနဲ့ လူသတ်မှု သူကိုယ်တိုင်စုံစမ်းရာကနေပြီး ဒီအမှုဟာ သူထင်ထားတာထက် ပိုနက်နဲတဲ့အမှုဖြစ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
-

Heer Express
Heer Express (2025) အချိုးအကွေ့ ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့မိသားစုနဲ့ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါ။ ဟီးရ်ဆိုတဲ့ကောင်မလေးတစ်ယောက် မိခင်ဖြစ်သူကဆုံးပါးသွားပြီးတဲ့နောက် ဦးလေးလူပျိုကြီးနှစ်ယောက်ရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာပြီး ရွာမှာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ တစ်နေ့အကြောင်းဖန်လာတော့ နိုင်ငံခြားသားတစ်ယောက်က သူမရဲ့စားသောက်ဆိုင်မှာလာစားပြီးသူမရဲ့လက်ရာကိုအလွန်နှစ်သက်သွားပါတယ်။ နိုင်ငံခြားသားကလည်း သူကလန်ဒန်မှာအိန္ဒိယစားသောက်ဆိုင်ဖွင့်ထားကြောင်း လန်ဒန်ကသူ့ရဲ့စားသောက်ဆိုင်မှာ ဟီးရ်ရဲ့အိန္ဒိယလက်ရာစစ်စစ်ကို ချက်ပြုတ်ပေးစေချင်ကြောင်းကမ်းလှမ်းလာတဲ့အခါမှာတော့ ဟီးရ်တစ်ယောက် ဦးလေးလူပျိုကြီးနှစ်ယောက်ကိုထားခဲ့ပြီး လန်ဒန်ကိုထွက်ဖို့အကြောင်းဖြစ်လာပါတော့တယ်။ လန်ဒန်ကိုရောက်တော့ ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရမလဲ… သူမကိုချစ်တဲ့သူနဲ့တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… လန်ဒန်မှာရှိနေတဲ့ သေပြီလို့ထင်ထားတဲ့သူမအဖေနဲ့ ဘယ်လိုတွေပြန်ဆုံတွေ့ကြမလဲ… ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို မိသားစုဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။