Author: Baby Yit Lone
-

Sniper Battle
Sniper Battle (2025) ကြေးစားအထူးလုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့စနိုက်ပါသမားနဲ့ ကမ္ဘာ့ပထမလို့နာမည်ကြီးနေတဲ့ စနိုက်ပါGhostတို့ကြားက တိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ အထူးလုံခြုံရေးတပ်ဖွဲ့ဟာ ကျားဖြန့်လုပ်ငန်းဝင်းထဲမှာ ပိတ်မိနေတဲ့တရားခံတွေကို ကယ်တင်ဖို့အမိန့်ပေးခံရပါတယ်။ ပြည်တော်ကို ပြန်ပို့တယ်ဆိုတာ တကယ်တော့ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီတာဝန်ပြီးသွားတဲ့အခါမှာ သူတို့က နောက်တာဝန်တစ်ခုကို လက်ခံဖို့ အတင်းအကြပ်ဖိအားပေးခံရပါတယ်။ အဲဒါကတော့ ရိုရီအုပ်စုရဲ့ ပြစ်မှုသက်သေအထောက်အထားတွေကို ရအောင်ယူဖို့ကြိုးစားနေတဲ့ သူလျှိုကိုကယ်ထုတ်ရမယ့် တာဝန်ပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဖက်မသမာသူအဖွဲ့မှာ ကြေးစားတပ်ဖွဲ့ရဲစနိုက်ပါသမားနဲ့ ရန်ငြိုးရှိတဲ့ Ghost ပဲဖြစ်နေတဲ့အခါမှာတော့ လက်ဖြောင့်သေနတ်သမားနှစ်ယောက်ရဲ့ တိုက်ပွဲဟာစတင်သွားပါတယ်။
-

A Journey of Blossoms
A Journey of Blossoms (2025) ဒီဇာတ်ကားကတော့ မိသားစုဒရာမာနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပြင်းပြင်းထန်ထန် ပုံဖော်ထားတာလို့ ပြောရမှာပါ… အဓိက ဇာတ်လမ်းက ဘာလဲဆိုတော့… ရှားကျင်းရှန်း ဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းပဲ။ သူ့ရဲ့သားဟာ တိုက်ပေါ်ကနေ ခုန်ချပြီး သေဆုံးသွားခဲ့တာ။ သူက သားဖြစ်သူ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေသွားရတာလဲဆိုတဲ့ အဖြေကို ရှာမတွေ့ဘဲ ရုန်းကန်နေရတယ်။ ဒီလို နာကျင်မှုတွေကြောင့် သူဟာ အခုဆိုရင် စိတ်ကျန်းမာရေး ပြဿနာတောင် ရှိနေပြီလို့ ရဲစခန်းက လူတွေက ပြောကြတယ်။ တစ်ဖက်မှာလည်း မိသားစုဝင်တွေဟာ အဘိုးကြီးရဲ့ မွေးနေ့ပွဲအတွက် စုဝေးကြတဲ့အခါ အတော်လေး တင်းမာမှုတွေ ရှိနေတယ်။ အဓိကကတော့ မြေးအကြီးဆုံး သေဆုံးသွားတဲ့အကြောင်းကို အဘိုးကို ဘယ်လို ပြောပြကြမလဲဆိုတာနဲ့…
-

After Typhoon
After Typhoon (2025) After Typhoon ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးက ရိုးရှင်းပြီး အဓိပ္ပာယ်များစွာ ရှိတဲ့အတွက် အထူးသဖြင့် မိန်းကလေးတွေကို ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးစ ပင်လယ်ကျွန်းလေးတစ်ခုပေါ်မှာ မျက်လုံးတစ်ဖက် ဒဏ်ရာရထားတဲ့ မြို့သူလေး လင်မော့မော့နဲ့ ကျွန်းပေါ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ စကားမပြောနိုင်တဲ့ မိန်းကလေး အာရှီးတို့ဆုံတွေ့ခဲ့ကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ မုန်တိုင်းက သူတို့နှစ်ယောက်ရဲ့ ဖုံးကွယ်ထားတဲ့ ဝမ်းနည်းစရာအတိတ်ကို တဖြည်းဖြည်း ဖော်ထုတ်လာတဲ့အခါ အများနှင့်မတူဘူးလို့ ထင်ရပေမဲ့ ပြင်းပြတောက်လောင်နေတဲ့ လူငယ်ဘဝနှစ်ခုဟာ အချင်းချင်း နှစ်သိမ့်အားပေးပြီး အပြန်အလှန် ထောက်ပံ့ရင်း သူငယ်ချင်းသံယောဇဉ်စွမ်းအားနဲ့ ဘဝရဲ့တိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ခဲ့ကြပါတယ်။ ချင်းခါအစ်မကြီး မသေဆုံးမီ ထုတ်ဖော်ပြောကြားခဲ့တဲ့ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်နဲ့ ချန်ရှူနန်၏ ရုတ်တရက်ဝင်ရောက်လာမှုနဲ့အတူ မော့မော့နဲ့…
-

A Writer’s Odyssey 2
A Writer’s Odyssey 2 (2025) Rating တွေကောင်းခဲ့တဲ့ A Writer’s Odyssey (2021)ရဲ့အဆက်ပဲဖြစ်ပါတယ်။ ဗီလိန်ကြီး ဆံပင်နီမိစ္ဆာချစ်ဖာကွေကို စာရေးဆရာက သတ်လိုက်ပြီဆိုပေမယ့် ချစ်ဖာကွေက မသေပဲဝတ္ထုကမ္ဘာထဲမှာ မထင်မှတ်ပဲအသက်ရှင်ကျန်နေသေးတာကနေစပါတယ်။ တစ်ဖက်ကမ္ဘာမှာတော့ စာရေးဆရာလုခုံးဝိန်က အရာအားလုံးဆုံးရှုံးလိုက်ရပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ကြီးမားတဲ့သွေးဆောင်မှုတစ်ခုနောက်ကိုလိုက်ရင် သူကိုယ်တိုင်ရော သူ့ဝတ္ထုထဲကဇာတ်ကောင်တွေပါ ပြန်လမ်းမရှိတဲ့ အကျပ်အတည်းထဲကိုရောက်သွားပါတယ်။ နောက်ဆုံးမှာတော့ လုခုံးဝိန်က သူရဲ့ယုံကြည်ချက်ကိုပြန်ရှာတွေ့သွားပြီးတော့ ဝတ္ထုထဲကဇာတ်ကောင်တွေနဲ့အတူ ကမ္ဘာနှစ်ခုလုံးရဲ့ အန္တရာယ်တွေကို ပူးပေါင်းကယ်တင်လိုက်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။
-

The Carman Family Deaths
The Carman Family Deaths (2025) ၂၀၂၅ခုနှစ်မှထွက်ရှိတဲ့ True-Crime Documentary (မှုခင်းဖြစ်ရပ်မှန်မှတ်တမ်း) ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ နာမည်ကျော် အမေရိကန်အမှုအခင်းတစ်ခုဖြစ်တဲ့ နေသန်ကာမန်ရဲ့ ဖြစ်ရပ်မှန်အကြောင်းကို အသေးစိတ်တင်ဆက်ပြသထားပြီး အမွေဆက်ခံမှု၊ မိသားစုတွင်းပဋိပက္ခတွေနဲ့ ပင်လယ်ပြင်လူသတ်မှုလို့ သံသယရှိခံရတဲ့ ဖြစ်ရပ်တွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာကို တွေ့မြင်ရမှာပါ။ ဒီလိုမှတ်တမ်းတွေဟာဖြစ်ရပ်မှန်တွေမလို့ ပရိတ်သတ်ကြိုက်အဆုံး မှုခင်းရုပ်ရှင်တွေကိုငြီးငွေ့လာရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း “The Carman Family Deaths” မှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုနဲ့ စတင်ထားပြီးမိခင်ဖြစ်သူ လင်ဒါကာမန်နဲ့သားဖြစ်သူနေသန်ကာမန်တို့ဟာ “Chicken Pox” လို့ခေါ်တဲ့သူတို့ရဲ့လှေလေးနဲ့ ငါးမျှားထွက်ခဲ့ကြရာကနေပင်လယ်ပြင်မှာပျောက်ဆုံးသွားခဲ့ပါတယ်။ ၇ရက်အကြာမှာတော့နေသန်ကိုပင်လယ်ပြင်မှာအသက်ကယ်ဖောင်တစ်ခုပေါ်ကနေ ကုန်တင်သင်္ဘောတစ်စီးက ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပေမယ့်မိခင်ဖြစ်သူလင်ဒါကိုတော့ရှာမတွေ့ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကနေတဆင့် ရဲတပ်ဖွဲ့နဲ့ FBI တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေစတင်လာတဲ့အခါမှာတော့ပိုပြီးနက်ရှိုင်းတဲ့မိသားစုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပါတော့တယ်။ နေသန်ရဲ့အဖိုးဖြစ်သူ အိမ်ခြံမြေသူဌေးကြီးဂျွန်ချက်ကလိုဟာ၂၀၁၃ ခုနှစ်တုန်းကသူ့အိမ်မှာပဲသေနတ်နဲ ပစ်သတ်ခံခဲ့ရတဲ့…