A Journey of Blossoms (2025)

ဒီဇာတ်ကားကတော့ မိသားစုဒရာမာနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပြင်းပြင်းထန်ထန် ပုံဖော်ထားတာလို့ ပြောရမှာပါ…
အဓိက ဇာတ်လမ်းက ဘာလဲဆိုတော့…
ရှားကျင်းရှန်း ဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းပဲ။
သူ့ရဲ့သားဟာ တိုက်ပေါ်ကနေ ခုန်ချပြီး သေဆုံးသွားခဲ့တာ။
သူက သားဖြစ်သူ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေသွားရတာလဲဆိုတဲ့ အဖြေကို ရှာမတွေ့ဘဲ ရုန်းကန်နေရတယ်။
ဒီလို နာကျင်မှုတွေကြောင့် သူဟာ အခုဆိုရင် စိတ်ကျန်းမာရေး ပြဿနာတောင် ရှိနေပြီလို့ ရဲစခန်းက လူတွေက ပြောကြတယ်။
တစ်ဖက်မှာလည်း မိသားစုဝင်တွေဟာ အဘိုးကြီးရဲ့ မွေးနေ့ပွဲအတွက် စုဝေးကြတဲ့အခါ အတော်လေး တင်းမာမှုတွေ ရှိနေတယ်။
အဓိကကတော့ မြေးအကြီးဆုံး သေဆုံးသွားတဲ့အကြောင်းကို အဘိုးကို ဘယ်လို ပြောပြကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြီးဆုံးသားတွေက အချင်းချင်း ငြင်းခုံနေကြတာပဲ။
ရှားကျင်းရှန်းဟာ သားဖြစ်သူရဲ့ သေဆုံးမှုအတွက် အဖြေရှာနေတုန်းမှာပဲ သူ့သားလို စိတ်ကျရောဂါခံစားနေရတဲ့ ကလေးတွေကိုလည်း တစ်ဖက်လှည့် ကယ်တင်ဖို့ကြိုးစားနေတာပေါ့…။
ဒီဇာတ်ကားက ချစ်ရသူကို ဆုံးရှုံးရတဲ့ ဖခင်တစ်ဦးရဲ့ စိတ်ဝေဒနာ၊ မိသားစုဝင်တွေကြားက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဘဝရဲ့ အမှောင်ထုထဲမှာ အလင်းရောင်ကို ဘယ်လို ပြန်ရှာမလဲဆိုတဲ့အကြောင်းကို ရိုက်ပြထားတဲ့ စိတ်ခံစားမှု ပြင်းထန်တဲ့ ဇာတ်ကားပဲလို့ ပြောရင်း ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။



Leave a Reply