Author: Baby Yit Lone
-

မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်
အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။ “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။ ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။…
-

ဖူးငုံပွင့်စ ချစ်သမျှ
အမာသည် မိခင်မုဆိုးမကြီးနှင့် အတူနေရသည့် ဖတဆိုးလေးဖြစ်သည်။ အမာ၏ အသက်မှာ (၁၅) နှစ် ကျော်ရုံ (၁၆) နှစ်ထဲသို့ ရောက်ခါစပင် ရှိပါသေးသည်။ အမာ သည် ပညာသင်ကြားဆဲ ကျောင်းလေးတစ်ဦးဖြစ်ပြီး သူမမှာ (၉) တန်းသို့ ရောက်၍နေပြီ ဖြစ်ပါသည်။ “ အဲဒါနဲ့ ရှေ့ဘာဆက်ဖြစ်လဲ အေ ပြောပါဦး ” နေ့လည် မုန့်စားကျောင်းလွှတ်ချိန်တွင် မုန့်ထွက်စားပြီး သူမ၏ နေရာတွင်ပင် ပြန်၍ထိုင်ကာ ကျောင်းပြန်တက်ရင် သင်ရမည့် ပထဝီစာအုပ်ကို ဖွင့်ပြီး လှန်နေသော အမာတစ်ယောက် သူမထိုင်နေရာ ခုံတန်း၏ နောက်ဖက်တွင်ရှိသော ခုံတန်းတွင် အတူထိုင်နေကြသော ကျောင်းသူ သုံးလေးယောက်ထဲမှ ခင်စန်းက ပြောလိုက်သော စကားသံလေးက သူမ၏ နားထဲသို့ ဝင်လာသဖြင့် နားစွင့်မိလိုက်သည်။ “…
-

ရေတာရှည်ပကဖကို ထောက်ပံ့နေတဲ့ ထောက်ပို့အမျိုးသမီး အသတ်ခံရမှု ပဲခူးတိုင်းစစ်ဒေသကို တိုင်ကြားထား
ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့အမျိုးသမီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ အသတ်ခံရသူမှာ လယ်ပြင်မကျေးရွာ၊ ကိုးပင်-သာဂရလမ်းပိုင်းမိုင်တိုင် ၃၂ အနီးနေ ကုန်စုံဆိုင်နဲ့ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဒေါ်ဆန်းမြင့်ဆိုသူအမျိုးသမီးဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ည ၉ နာရီခန့်မှာ ၎င်းနေအိမ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန် ဦးစီးအင်အား ၁၀ ဦးကျော်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ” ဒေါ်ဆန်းမြင့်က အဲ့ဒီလမ်းမဘေးမှာ အိမ် ၂ လုံးနဲ့ သူတို့တအိမ် ကပ်လျက်မှာ သားတွေက တအိမ်အဲ့လိုနေတာ။ ပထမကအိမ်ကိုလေထိုးပိုက်ခဏငှားပါအုန်းဆိုပြီးတံခါးခေါက်တယ်တဲ့၊ ကလေးတွေက မထူးတော့ အိမ်ရှင်တို့ဆိုပြီးထပ်ခေါ်ပြီးမှ…
-

ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ
မြောက်ဥက္ကလာတွင် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ မှု အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ တရားမ၀င် ရွေးကောက်ပွဲအတွက် အစွမ်းကုန် ကူညီပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ရောက်ရှိနေချိန် ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ဖြင့်…
-

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ
“ရက်ပေါင်း ၃၀ရက်(သို့မဟုတ်) ၄၅ရက်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေသဖြင့် လူသစ်များကျဆုံးမှုများနေဟုဆို” ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မှုထမ်းများကို ရက်ပေါင်း ၃၀ ရက် (သို့မဟုတ်) ၄၅ ရက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နေသဖြင့် လူသစ်များ ပိုပြီးကျဆုံးမှုများနေသည်ဟု သတင်းရရှိသည်။ အထူးသတင်းတပ်ဖွဲ့- ပုသိမ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် အနောက်တောင်တိုင်းစစ်ဌာချုပ် (နတခ) တွင် ဒဏ်ရာရတပ်သားအလွန်များပြားနေသဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။ “ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် AA မဟာမိတ်, PDF များ ထိတွေ့တိုက်ပွဲများ နေ့စဉ်အမျှဖြစ်ပေါ်နေပြီး နတခမှ ဒဏ်ရာရတပ်သား အလွန်များပြားနေကာ မဆရ(၄) ဆေးရုံတွင်…