Author: Baby Yit Lone
-
အင်းတော်တွင် ပကဖ ခေါ်သွားသော အရပ်သား ၁ ဦး နာရီပိုင်းအတွင်းသေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လေး နာရီကျော်အကြာတွင် အလောင်း လာယူရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အင်းတော်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မော်တိတ်ရွာမှ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေး ကို ထိုနေ့ည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု၏ အမှုတွဲအနေဖြင့် စစ်ဆေးရန်ရှိသည် ဟု ဆိုကာ ပကဖအဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်သည်။ မော်တိတ်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ရွာသာယာကျေးရွာကို ခေါ်ဆောင်သွားကြခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁ နာရီခန့်တွင် ကိုဇော်ထွေးသေဆုံးသွား၍ အလောင်းလာယူရန် ပကဖက အကြောင်းကြားခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ခိုးမှုသံသယနဲ့…
-
လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား
ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား ပဲခူးတိုင်း၊ ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်မြို့ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် ၇၅ စစ်သား စုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ပြည်မြို့ ၉၅၉ တပ်ရင်းမှ စစ်သားနှင့်…
-

Good News
Good News (2025) ဒီတစ်ခေါက် Netflix ကနေ ထွက်ရှိလာတဲ့ ရုပ်ရှင်ကတော့ 1970 ခုနှစ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ ဂျပန်ခရီးသည်တင်လေယာဥ်အကြောင်းကို နောက်ခံထားရိုက်ကူးထားတဲ့ Crime/Thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ Sul Kyung-gu, Hong Kyungနဲ့ Ryoo Seung-bum တို့ဖြစ်ပြီး The Merciless, Kill Bok Soon တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Byun Sung-hyunက ရိုက်ကူးပုံဖော်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း 1970 ခုနှစ်မှာ ခရီးသည်တင်လေယာဥ်တစ်စီးဟာ တိုကျိုမြို့ ဟာနဲဒါလေဆိပ်ကနေ အီတာဇုကီသို့ ထွက်ခွာပြီး မကြာခင်မှာပဲ လက်နက်ကိုင် Red Army ဂိုဏ်းထံ ပြန်ပေးဆွဲခံလိုက်ရပြီး ပြုံယမ်းအထိ ပျံသန်းဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်က လေယာဥ်ဆင်းသက်ဖို့…
-

မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား
မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ PDF ဒုတပ်ခွဲမှူး ၀ဿန် ကျဆုံး မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မလွန်ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ၊ စာသင်ကျောင်းအနီးတွင်…
-

ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ
ရန်ကုန်တိုင်း၊ အင်းစိန် ၊မရမ်းကုန်း ၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက် မနေ့ ည ၁၁နာရီက ငလျင်လှုပ်ခတ်လို့ အထပ်မြင့်တိုက်မှာနေသူတွေ စိုးရိမ်ထိတ်လန့်ပြီး မြေပြင်ကိုဆင်းပြေးရတယ်လို့ မြို့ ခံတွေဆီက သိရပါတယ်။ မနေ့ ည ၁၁ နာရီလောက်စလို့ ငလျင်လှုပ်ခတ်ရာ အထပ်မြင့်မှာနေထိုင်သူတွေ မြေညီထပ်ကို ဆင်းပြေးကာ ကားလမ်းမပေါ်မှာ တစ်နာရီလောက်နေပြီး အခြေအနေစောင့်ကြည့်ခဲ့ကြရတယ်လို့ လှိုင်မြို့နယ်နေသူ တယောက်က ပြောပါတယ်။ “ကျမတို့က အထပ်မြင့်မှာနေတော့ ငလျင်သတင်းကို စောင့်ကြည့်နေတာ ညက ငလျင်လှုပ်တော့ အခန်းတိုင်းလိုလို အောက်ကို ဆင်းပြေးကြတာ။ ချက်ချင်းအပေါ် ပြန်မတက်ရဲဘူး ငလျင်ကငြိမ်သွားပြီဆိုမှ အပေါ်ပြန်တက်ကြတာ။ တချို့ဆိုမတက်ကြဘူး၊ လမ်းပေါ်မှာပဲနေကြတယ။ ကမာရွတ်မှာလည်း လှုပ်သွားတယ်။…