Author: Baby Yit Lone

  • ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်

    ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်

    ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံး (ရုပ်/သံ) ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ၊ ဘော်ဒါကျေးရွာရှိ စစ်စခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ စခန်း ၂ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၂၀…

  • ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံး

  • ဧရာဝတီတိုင်းထဲက အေအေ ထိုးစစ်ကို လေ့လာခြင်း

    ဧရာဝတီတိုင်းထဲက အေအေ ထိုးစစ်ကို လေ့လာခြင်း

    ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ရှိတဲ့ ဘောမိရွာကို အာရက္ခတပ်တော်(အေအေ) က သိမ်းပိုက်ပြီး ဧရာဝတီတိုင်း အစွန်အဖျားနေရာတွေမှာ တိုက်ပွဲတွေ စတင်လာခဲ့ပါတယ်။ အေအေဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ကလွဲလို့ ရခိုင်တစ်ပြည်နယ်လုံးကို ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ လက်ကျန် အဲဒီသုံးမြို့ကို လက်မလွှတ်ရဖို့ စစ်တပ်ဘက်ကလည်း ခံစစ် အခိုင်အမာပြင်ပြီး အေအေထိုးစစ်ကို စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဘောမိကို သိမ်းပြီး အေအေထိုးစစ်ဟာ ရခိုင်ကနေ ရုတ်တရက် ဧရာဝတီတိုင်းကို ရောက်သွားခဲ့ပါတယ်။ ဧရာဝတီတိုင်းအစပ်ကို အေအေ စတိုက်ချိန်မှာပဲ ရခိုင်မှာ အေအေထိုးစစ်တွေ ရပ်သွားပါတယ်။ ဘောမိကစလိုက်တဲ့ တိုက်ပွဲတွေကတော့ ဧရာဝတီတိုင်းထဲမှာ ဒီ ၆ လအတွင်း ပိုကျယ်ပြန့်လာခဲ့ပါတယ်။ အေအေရဲ့ ‘အာရကန်အိပ်မက် ၂၀၂၅’ ထဲမှာ…

  • စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးနဲ့ ဘုရားဖြူ အနီးတဝိုက်ရှိ စစ်တပ် တပ်စွဲအထိုင်ချထားတဲ့ တပ်စခန်းအချို့ အနီးက ရပ်ကွက်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား သြဂုတ် ၁၇ ရက် ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ကိုင်းမြို့ခံ နှစ်ဦး က ပြောပါတယ်။ စစ်ကိုင်းမြို့ပေါ် အထိ လက်နက်ကြီး/ငယ်တွေ အပြန်အလှန်ပစ်ခတ်မှုသံတွေ ကြားရသလို တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကျော်ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တိုက်ပွဲဖြစ်ပွားရာအနီးက မဟာခိုနန်း‌‌ကျောင်းတိုက်က ကိုရင်ငယ်တစ်ပါး ဗုံးစထိမှန်‌‌ပေမယ့် ဒဏ်ရာက မစိုးရိမ်ရဘူးလို့ကျောင်းတိုက်က ဘီဘီစီကိုပြောပါတယ်။ “ မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဟိုဘက် ဒီဘက်ပစ်ခတ်နေတဲ့ လက်နက်ကြီးအသံတွေနဲ့ ပစ်ခတ်နေကြတာ။ အသံတွေကြားနေရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့နဲ့ တော်လှန်ရေးအင်အားစုတွေ…

  • ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးဘက်ခြမ်းမှာ တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်။ ဒါပြီးရင် တာမိုင်းလုံ၊ ဗန်းမော် တက္ကသိုလ်ဝင်း နဲ့ မင်းလှဘက်က နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်”လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ယခုရက်ပိုင်းအတွင်းKIA တပ်တွေ လက်လွတ်လိုက်ရတဲ့ အမတ (၃၆၆) နေရာကို ပြန်လည်ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာ အမှန်တကယ် သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရောက်ရှိသွားပြီးနောက်…