Author: Baby Yit Lone
-

စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်
စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ် စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင် စစ် တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှ ပြည်သူများ တိုက်ပွဲ…
-

-

မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့ရသလို နေ့လယ် ၁၂ နာရီကျော်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၂၂ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက “လူအသေအပျောက်က တော်တော်များတယ်။ နောက်ထပ်ရလာတဲ့စာရင်းအရ အားလုံးပေါင်း ၂၂ ဦး ဖြစ်သွားတာပေါ့ သေဆုံးစာရင်းက။ ထိခိုက်ဒဏ်ရာရတာက ၁၇ ဦးထက်မနည်းဘူး။ အိမ်ခြေကတော့ ၄၊ ၅၊…
-

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား
ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာ ဆွဲဒလွဲပိုင်း တနေရာတွင် အကြမ်းဖက် စစ်တပ်နှင့် Fire Dragon တပ်ရင်း၊ တောကျီးကန်းတပ်ရင်း ဒရုန်းအဖွဲ့ တို့ ထိတွေ့တိုက်ပွဲ…
-

“မိုးကုတ်ကို ဗုံးကြဲတာ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်းတဲ့လား”
“မိုးကုတ်ကို ဗုံးကြဲတာ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်းလား” မနက်စောစော ဗုံးထကြဲရလို့ အိပ်ရေးပျက်တယ်လို့ လှောင်ပြောင်ညည်းတွား နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံနေရလို့ တုန်လှုပ်ခြောက်ခြားနေတဲ့ မိုးကုတ်မြို့လေးရဲ့ အေးစက်စက် မနက်ခင်းကို စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ နှစ်စီးက ဖြိုခွင်းလိုက်ပြန်ပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ဘိုကုန်းရပ်ကွက်၊ မြို့ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်အနီးတဝိုက်ကို ဂျက်ဖိုက်တာ တိုက် လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး သုံးလုံးကြဲချခဲ့ရာမှာ ကောက်ညှင်းပေါင်းရောင်းတဲ့ စျေးသည်သားအဖနှစ်ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူသုံးဦး သေဆုံးခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာကြောင့် လူပေါင်း (၄၁) ဦးသေဆုံးခဲ့ပြီးပါပြီ။ ယနေ့ ဩဂုတ်၁၇ရက် မနက်ခင်း ဗုံးကြဲတိုက်ခိုက်မှုမှာ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ ပိုင်းလော့ – Pilot (လေယာဉ်မှူး)လို့…