Author: Baby Yit Lone

  • ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ

    အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။ ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။ “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က…

  • သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    ၄င်းတို့၏လုပ်ရပ်ကြောင့် သုံးစွဲသူများ အဖမ်းခံရနိုင်သည်ကိုသိလျှက်နှင့် တယ်လီနော သည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီသည် ၄င်းတို့ထံတွင် သိမ်းဆည်းထားသော မြန်မာပြည်သူများ၏ အကဲဆတ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အချိန်အတန်ကြာထိ စစ်အုပ်စုထံ လွှဲပြောင်းပေးနေခဲ့သည်။ ထို့အပြင် တယ်လီနောသည် စစ်ကောင်စီ ခိုင်းစေသည့်အတိုင်း တသွေမသိမ်း ဝဘ်ဆိုဒ်များအား ပိတ်ပစ်ခဲ့ခြင်း၊ ဖုန်းလိုင်းများပိတ်ပင်ခဲ့ခြင်း များပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုများကြောင့် ထိခိုက်ခံခဲ့ရသူများတွင် လက်ရှိ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။ “နော်ဝေနိုင်ငံက အမေ့ကို အမြဲထောက်ခံခဲ့ပေမဲ့ နော်ဝေကုမ္ပဏီက ဒါမျိုးလုပ်နေတယ် ဆိုတာကတော့ ထိတ်လန့်တုန်လှုပ်စရာပဲ။ တကယ့်ကို ကဲ့ရဲ့ရှုတ်ချစရာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က နော်ဝေမီဒီယာ NRK ကို…

  • ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ

    ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ

    စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတဲ့ မိုးကုတ်မြို့က ဒေသခံတွေဟာ တိမ်းရှောင်ဖို့ခက်ခဲနေပြီး လေကြောင်းကနေ ထပ်မံတိုက်ခိုက်မှာကို စိုးရိမ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လ ၈ ရက်မှ ၁၈ ရက်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာပါ။ လူနေရပ်ကွက်နဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ဗုံးကြဲတဲ့အတွက် မြို့ပေါ် လေယာဥ်ဝဲတာနဲ့ ပြည်သူတွေအပေါ် ဗုံးကျမှာကို စိုးရိမ်နေပြီး ငွေကြေးတတ်နိုင်သူအချို့ ထွက်ပြေးတိမ်းရှောင်ကြပေမဲ့ ငွေကြေးအဆင်မပြေသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းနေထိုင်သူတယောက်က “လေကြောင်းရန်ကာကွယ်ရေးက ဘယ်လို လုပ်ထားလဲဆို ဗုံးခိုကျင်းတခုပဲ ခံနိုင်တယ်။ တကယ်လို့ ကိုယ့်အပေါ် တည့်တည့်ကျမယ်ဆို ဘယ်လိုမှမခံနိုင်ဘူး။ လေယာဥ်ပျံရုတ်တရက်လာ ဗုံးကြဲတဲ့နေ့တွေဆို ကိုယ်တွေကဘယ်မှ ပြေးချိန်လည်းမရှိဘူး။ လူကလည်း ကြောင်တောင်တောင်ဖြစ်သွားတဲ့အချိန်တွေရှိတယ်။ အခုက မြေပြင်စစ်ကြောင်း…

  • ဒေးဒရဲတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဖမ်းခံရသူအချို့အား ၁ ဦးကို ၅ သိန်းတောင်းပြန်လွှတ်

    ဒေးဒရဲတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဖမ်းခံရသူအချို့အား ၁ ဦးကို ၅ သိန်းတောင်းပြန်လွှတ်

    ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းအတွင်း VPN တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၄ ယောက်ကို တယောက်ငွေ ၅ သိန်းအထိ တောင်း ယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ် နဲ့ ရဲတွေက သြဂုတ် ၁၄ ရက်က ဒေသခံတွေရဲ့ လက် ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့် အရပ်သားဒေသခံ ၄ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သြဂုတ် ၂၀ ရက်မှာ အဖမ်ခံရတဲ့သူ တယောက်ကို ကျပ် ၅ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “ပိုက်ဆံ ၅ သိန်းက ရဲနဲ့ စစ်သားတွေကိုပေးရတာ။ VPN မသုံးဖို့…

  • သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရ

    သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရ

    သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရတဲ့ဖြစ်စဥ်အတွင်း အရာရှိ(၃)ဦးအပါ စကစ (၂၀)ခန့်သေဆုံး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတဲ့ ဖြစ်စဥ်အတွင်း နည်းပြအရာရှိအပါ စကစ တပ်သား(၂၀)ခန့် သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်အချို့အရ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ နေ့လယ်၁၂ ခန့်မှာ သပိတ်ကျင်းမြို့ ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းကို Brave Warriors For Myanmar (BWM) တပ်ဖွဲ့မှရှော့တိုက်ဒုံး(၁၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ယင်းတိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး၉လုံးကို BWM အဖွဲ့မှ အောင်မြင်စွာ ပစ်နိုင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် နည်းပြအရာရှိတွေအပါ စကစ သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့ခင်းက…