Author: Baby Yit Lone

  • မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြီးနောက် မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

  • စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    လှိုင်သာယာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော် ၁ ဦးက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ” စခ ၁ ကောင်နဲ့ ပျူ ၂ ကောင်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” ဟု…

  • မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်ရတနာရွှေဆိုင် ဩဂုတ် ၁၄ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက်က ပြန်လည်ခုခံတာကြောင့် ဓားပြတယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ မနေ့ နေ့လယ်က ရွှေစင်ရတနာရွှေဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသား ၂ ယောက် ရောက်လာပြီး ဆိုင်အတွင်းဝင်ကာ ဝန်ထမ်းတွေကို ဓား၊ သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာမှာ လုံခြုံရေးဝန်ထမ်းက ပြန်လည်ခုခံခဲ့တာပါ။ ဒေသခံတယောက်က “ဓားပြလာတိုက်တဲ့ ၂ ယောက်ကို လုံခြုံရေးဝန်ထမ်း ကောင်လေးက ထီးနဲ့ ဝင်ရိုက်ပြီး လုံးထွေးသတ်ပုတ်နေတဲ့အချိန် သေနတ်ပါတဲ့ကောင်က ထွက်ပြေးသွားတာ။ ဆိုင်ကရွှေတွေတော့ ပါမသွားဘူး။ လုံခြုံရေးဝန်ထမ်းကောင်လေးတော့ ဓားထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး”…

  • KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ အမှာစကား

    KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ အမှာစကား

    ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။ မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။ Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။ ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။ အမှန်အတိုင်းဝန်ခံတာပါ။ နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။ ဘာသာမတူ လူမျိုးမတူ…

  • စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်များပြီး PDF နှင့် ပူးပေါင်းသူအချို့လည်းရှိခဲ့

    စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်များပြီး PDF နှင့် ပူးပေါင်းသူအချို့လည်းရှိခဲ့

    အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်သူများပြားနေပြီး PDF နှင့် ပူးပေါင်း၊ ဆက်နွယ်သည်ဟုဆိုကာ ထုတ်ပယ်ခံရသူအချို့လည်းရှိခဲ့ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လူမှုကွန်ရက်သို့ ပေါက်ကြားခဲ့သည့် လျှို့ဝှက်ဖိုင်များအရ သိရသည်။ ပေါက်ကြားလာသည့် စာရွက်စာတမ်းအချို့အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်၂၀၂၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီနှင့် မတ်လ စသည့် ငါးလအတွင်း ခွင့်မဲ့ပျက်ကွက်မှု၊ PDF နှင့်ပူးပေါင်း၊ ဆက်နွယ်မှုတို့ဖြင့် အလုပ်မှ ထုတ်ပယ်ခံရသူ ၁၃၀ နီးပါးရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပယ်ခံရသူ ၄၀ ကျော်ရှိပြီး ထိုအထဲတွင် လုပ်သက် ၁၉ နှစ်ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးတင်ထွန်းနိုင်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း…