Author: Baby Yit Lone

  • စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပတ်သက်ရန် CNF သတိပေး

    စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပတ်သက်ရန် CNF သတိပေး

    အာဏာသိမ်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည်သူများအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး(CNF) တာဝန်ရှိသူက သတိပေး ပြောဆိုသည်။ စစ်ကော်မရှင်က ပါတီစုံရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုလုံးကို လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ကြောင်း ဩဂုတ်လ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့်အပေါ် မဇ္ဈိမ၏မေးမြန်ချက်ကို ဖြေကြားစဥ် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။ “ပြည်သူများအနေနဲ့ နားမယောင်ကြဖို့နဲ့ မပတ်သက်ကြဖို့ ပြောချင်တယ်၊ စစ်တပ်သက်ဆိုးရှည်ဖို့ လုပ်ဆောင်မှုမှန်သမျှကို ပံ့ပိုးမပေးကြဖို့ လိုပါတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့ကြရင် ဖြစ်ပေါ်လာမဲ့ကိစ္စများအပေါ် သူတို့မှာသာ တာဝန်ရှိမှာဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်တပ် ခြေကုတ်ယူထားသော ဟားခါးနှင့် တီးတိန်မြို့ပေါ်များတွင် ရွေးကောက်ပွဲပြုလုပ်နိုင်သော်လည်း ယခု ကိုးမြို့နယ်စလုံးကို…

  • ပုသိမ်တွင် လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းခေါ်

    ပုသိမ်တွင် လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းခေါ်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းစေဖို့ အဓမ္မ ဖမ်းခေါ်စုဆောင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သြဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေ၊ ရဲတွေက စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာပို့ ကြိုတင်အသိပေးတာမရှိဘဲ အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “မနက် အရုဏ်တက်ကြီး လာဖမ်းခေါ်တာ။ အိမ်ကို လှည့်ဝိုင်းပြီး ကောင်လေးကိုခေါ်သွားတာ။ ဘာကြောင့် ဘာလုပ်မိလို့လဲ၊ ဘာအပြစ်ရှိလို့လဲပေါ့။ ဖမ်းခေါ်ပြီး ညနေလောက်မှ သိရတာ။ စစ်မှုထမ်းဖို့ ခေါ်တယ်ဆိုတာကို သိရတာပါ” လို့ ပြောပါတယ်။ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ခံရတဲ့ ဒေသခံအရပ်သား ၁၁ ယောက်ဟာ ပုသိမ်မြို့နယ်ထဲက…

  • ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ  ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    AA တပ်များ ခေတ္တဆုတ်ခွာပေးခဲ့သည့် ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက် ‎

  • ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ် ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်းအများစုအား တပ်ပြောင်း များဖြင့် အစားထိုးခန့်အပ်ထားကြောင်း သိရသည်။ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ရဲမှူးကြီး ကျော်ထွန်းကို ဧရာဝတီတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် မတ်လပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။ “ သူက ကချင်ပြည်နယ်ဘက်က ပြောင်းလာတာ အရမ်းဆိုးတယ်။ သင်္ကြန်ပြီးမှ သူရောက်လာတာ ထင်တယ်။ တပ်ပြောင်းတွေက ဆိုးတဲ့သူများတယ်။ခုဆို ရဲထဲ လူကြီးတော်တော်များများက တပ်ပြောင်း တွေ ဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ တိုင်းရဲတပ်ဖွဲ့မှူးအား တပ်ပြောင်း ရဲအရာကြီးနှင့်အစားထိုးခဲ့သည့်အပြင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူး၏ တတိယရာထူးအကြီးဆုံး(ဦး/ရေး/ထောက်)ကိုပါ တပ်ပြောင်းအရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း…

  • အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    မန္တလေး အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။ ဩဂုတ်လ ၈ ရက်‌နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး…