Author: Baby Yit Lone
-

စွမ်းအားရှင်တို့ရဲ့ ခေါင်းကိုင်ဖခင် လက်မရွံ့ ခင်ရီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှာ အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူဟု အမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။
ဦးခင်ရီ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းများတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက် သတ်ဖြတ်ရာတွင် အရပ်ဝတ် လက်ပတ်နီ၊ စွမ်းအားရှင် လက်မရွံ့တပ်သားများကို သုံးခဲ့သည်။
စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့်အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ Tomas Ojea Quintana ကို ဦးခင်ရီက ဝန်ခံ ပြောဆိုထားကြောင်း ၂၀၀၉ ခုနှစ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ) အထိ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် ဇာတ်မြှုပ်နေခဲ့သူ ဦးခင်ရီမှာ ထိုကာလအတွင်း အစိုးရကို သိက္ခာချသည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများကို ဦးဆောင် စီစဉ်သည်ဟု အတွင်းသိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ပေထက်အက္ခရာတင်ထားသည်။
ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ် တွင် အာဏာမသိမ်းမီက ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု အသေးစိတ် ရေးသားထားသည်။
ထိုသို့ “ဇ” ရှိသည့် ဦးခင်ရီက ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာသလို ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲမလုပ်မီ နှစ်လခန့် အလိုတွင် စစ်ခေါင်းဆောင်က သူ့ကို ရာထူးမှ နုတ်ထွက်စေ၍ ပါတီသို့ ပြန်ပို့ထားခြင်းဖြစ်သည်။
ယခုနှစ်ကုန်ပိုင်း ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင်က ဦးခင်ရီကို ဒုသမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ နေရာပေးနိုင်ချေရှိသည်ဟု သတင်းထွက်ပေါ်နေသည်။
ဦးခင်ရီကို ကြံ့ခိုင်ရေးပါတီခေါင်းဆောင်နေရာအတွက် စစ်ခေါင်းဆောင်က စိတ်ကြိုက်ရွေးချယ်ထားခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကြား ကတိကဝတ်ပြုထားသည်ဟု ပါတီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“အာဏာရပါတီ ဖြစ်သွားရင်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်မှုအတိုင်းပါပဲ၊ ကျွန်တော်တို့ လိုက်နာပါ့မယ်လို့ ဒီလိုမျိုး (ဦးခင်ရီက)ပြောထားတယ်” ဟု ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူက ပြောသည်။
-

ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်
ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

-

အဆိုတော်ချမ်းချမ်း၏ကုန်ပစ္စည်း ပြန်ရောင်းပေးသူ ၁ ဦး ထောင်တသက်တကျွန်းချခံရ
အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ကုန်ပစ္စည်းကို ပြန်ရောင်းချပေးမှုနဲ့ ဖမ်းဆီးခံရသူတွေထဲက တယောက်ကို ထောင်ဒဏ်တသက်တကျွန်းချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရထားတဲ့ အဆိုတော်ချမ်းချမ်းရောင်းရဲ့ ကုန်ပစ္စည်းကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်မြို့နေ ကိုဘုန်းမြင့်အောင်ဆိုသူကို ဇူလိုင် ၃၁ ရက်မှာ ထောင်ဒဏ် တသက်တကျွန်းချလိုက်တာလို့ ဆိုပါတယ်။
အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ချမ်းချမ်းနဲ့ပတ်သက်ပြီး ဖမ်းခံရတဲ့ နှစ်ယောက်ထဲက ရန်ကုန်က တယောက်ကို စစ်ခုံရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀/ည နဲ့ ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်တယ်” လို့ Dးပြောပါတယ်။
၅၀/ည ပုဒ်မဟာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး တသက်တကျွန်း ချမှတ်နိုင်တာဖြစ်ပါတယ်။
အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်က ကိုဘုန်းမြင့်အောင်နဲ့ မန္တလေးက မဖြူဖြူနှင်းတို့ကို ဧပြီလနဲ့ မေလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး မဖြူဖြူနှင်းရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အဲဒီတုန်းက တခြားအနုပညာရှင်တွေလည်း ဖမ်းခံရတယ်။ သူတို့က ညှိနှိုင်းပြီးတော့ ပြန်လွတ်လာတာ။ အခုနှစ်ယောက်ကိုပဲ စံပြလုပ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပန်ဆယ်လို၊ အိုင်းရင်း၊ ဇွန်နီလာဌေး၊ အောင်သော်၊ ချမ်းမြမြသော်၊ သင်းသင်းနွယ်၊ CDM ဆရာမ ခိုင်စုလွင်၊ ဒါရိုက်တာကိုပေါက်ရဲ့ ဇနီး ထက်နီနီသန်း စတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေနဲ့ ချိတ်ဆက် အွန်လိုင်းဈေးရောင်းတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

