Author: Baby Yit Lone

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

    ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း မရဘူးလေ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာတဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ အခက် အခဲတွေကို ပြောပါတယ်။

    မော်တော်ကားဆိုရင် ဝှီးတက်ရဲ့ နောက်ကျောက ဘားကုဒ်နဲ့ဖတ်ပြီး ဆိုင်ကယ်နဲ့ အိုးဝေတွေကို စက်သုံးဆီရောင်းချတဲ့ဆိုင်တွေက QR Code လုပ်ပေးကာ အဲ့ဒီ QR Code ကို scan ဖတ်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

    650252624 952274217159023 3084211347150109664 N

    ” စောစောက လေးလေးဆိုရင် ဘားကုဒ်ဖတ်လိုက်တယ်၊ ဘားကုဒ်မှာ သူ့ကားနံပါတ်မဟုတ်ဘူး၊ ဒါပေမယ့် သူက 7 ကြီး ဘာကုဒ်မှာ ဖတ်လိုက်တော့ 8 နဲ့ပေါ်တာ အဲ့ဒါဆို ဒီနေ့ ဆီထည့်လို့မရဘူးလို့ပေါ်နေတာ တကယ်တန်း အုံနာဘုတ်မှာရော သူ့ရဲ့ ဝှီးတက်မှာရောက သူ့ရဲ့ 7G နဲ့ပါနေတာ ကျနော်တို့ဆိုင် တဆိုင်တည်းမဟုတ်ဘူး တခြားဆိုင်လည်း ဖတ်ခဲ့ပြီးသားရယ်၊ က.ည.န Error ပေါ်နေတာပေါ့ ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာက ပြောပါတယ်။

    ကားပိုင်ရှင်တဦးက ” ဆီဆိုင်က က.ည.န ကိုလွှတ်တော့ က.ည.န မှာလည်း လိုင်စင်သက်တမ်းတိုးတဲ့ကားတွေနဲ့ ပြည့်နေတယ်၊ ဘွတ်ကင် လည်းယူရမယ်တဲ့ အချိန်တွေပေးရမယ် ဆီကလည်း မရဆိုတော့ က.ည.န ကမှားတဲ့ အမှားက ပြည်သူကို ဒုက္ခရောက်စေတယ်” လို့ ပြောပါတယ်။

    အစိုးရ က ဆိုင်ကယ်တွေကို ၂ လီတာ၊ သုံးဘီး နဲ့ အိုးဝေတွေကို ၄ လီတာ၊ အိမ်စီးကား 92 95 က ၁၂ လီတာ၊ ဒီဇယ်က အိမ်စီးကားနဲ့ လိုက်ထရပ်တွေကို လီတာ ၂၀ ရောင်းချဖို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

    QR Code စနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို QR စနစ်ထဲ ရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က QR Code ထုတ်ပေးတာတွေ Application နဲ့ အလိုအလျှောက် စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။

    အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။

    အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။.

    စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည်ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊အတွဲလိုက်ပစ်လက်နက်၊ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေတယ်သည်ဟုဆိုသည်။

    ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်းထမ်း စစ်မေ၊တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟုစစ်ရေးနီးစပ်သူများထံမှ သိရသည်။

    ၎င်းပြင်စစ်ကော်မရှင်တပ်သည်ညောင်ကျိုးကျေးရွာဖက်သို့ လေ​လာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်းဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

    “လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်”ဟုပြောသည်။

    ဆင်လန်ကျေးရွာစခန်းမှတဆင့် လေ​လာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟုသိရသည်။

  • ပန်ဆယ်လို ပြောပါပြီ

    ပန်ဆယ်လို ပြောပါပြီ

    ကိုမျိုးရန်နောင်သိန်းကို ကိုယ်အဓိက သဘောမကျတဲ့ကိစ္စက တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့၊ အပြင်မှာ စကားတွေလည်း ပြောနေလျက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ကို တက်တက်ရေးတဲ့ကိစ္စနဲ့ ပွဲဆို ကိုယ့်ကို အတင်းဆွဲဆွဲထည့်တဲ့ကိစ္စပဲ။

    အမြင်တွေ အယူအဆတွေ ကွဲလွဲတာက ကိစ္စမရှိဘူး။ ပြသနာလို့လည်း သဘောမထားဘူး။ ကိုယ်ကလည်း သူများကို ဘယ်လိုမြင်ပါလို့ လိုက်ပြုပြင်နေမှာ မဟုတ်သလို ကိုယ့်ကို ဘယ်လိုမြင်ပါ ဘယ်လိုရေးပါလို့ Influence လာလုပ်ရင် ဘယ်သူ့ကိုမှ လက်မခံဘူး။

    မကြည်ပြာကိစ္စမှာ ကိုယ်က တစ်စွန်းတစ်စ ဝင်ပါခဲ့တဲ့သူ မဟုတ်ဘူး။ ဝင်မပါလို့တောင် မပါရကောင်းလားဆိုပြီး တိုက်ခိုက်ခံရတာ။ ကိုယ်သိတဲ့လူတွေ အချင်းချင်း အရမ်းကွဲလွဲ ရန်တွေဖြစ်နေကြတာမို့ ဖြူသည်မဲသည် တစ်ခွန်းမှ ဝင်မပြောခဲ့တာ အခုထိပဲ။

    သတင်းစာရှင်းလင်းပွဲအပြီး ဆရာကြီးဒေါက်တာဇော်ဝေစိုးကို ဆဲဆိုတိုက်ခိုက်ကြတဲ့ကိစ္စအပေါ်မှာ ရေးဖြစ်ခဲ့တာပဲရှိတယ်။ မကြည်ပြာ နှုတ်ထွက်သွားတဲ့အခါ နှုတ်ထွက်ပါလို့ ရေးဖို့တောင် မမီတော့ဘူးဆိုပြီး ရေးနေတဲ့ ဆျာကြီးတွေကို လှမ်းခွီတဲ့ စတေးတပ်စ်အတိုတစ်ခုပဲ ရေးခဲ့တာ။ အဲ့ဒါကို အခု ကိုမျိုးရန်နောင်သိန်းက စာတစ်တန်ပေတစ်တန်နဲ့ Upper Hand ယူပြီး ပန်ဆယ်လို ပြန်တောင်းပန်ပါဘာညာဆိုတော့ ဘာလဲ… ခင်ဗျားက ရန်ဖြစ်ချင်ပြန်တာလား။

    Mm News.xyz 2026 03 13 090808

    ကိုယ်ရေးခဲ့တဲ့စာဟာ မကြည်ပြာကို ပြန်တောင်းပန်ရလောက်တဲ့စာမျိုး မဟုတ်သလို ထိခိုက်အောင် တိုက်ခိုက်ခဲ့တာမျိုး မဟုတ်ဘူး။ ကိုယ် ထိခိုက်အောင် တိုက်ခိုက်ပြီဆို ဘယ်လိုမျိုးလဲဆိုတာ ကိုယ့်စာဖတ်နေသူတိုင်း သိတယ်။

    နှုတ်ထွက်ပြီးနောက်ပိုင်းမှ သတင်းထွက်လာတဲ့ တိုင်ကြားသူတွေဘက်က မူမမှန်တာတွေမသိရခင် သတင်းစာရှင်းလင်းပွဲမှာ ရှင်းသွားတဲ့အထဲမှာမကြည်ပြာ ဝန်ထမ်းတွေကို စကားပြောရင့်သီးတဲ့ကိစ္စ၊ ဆွေမျိုးတွေကို ခန့်ထားတဲ့ကိစ္စရယ် ပေါ်ပေါက်တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားတဲ့ကိစ္စကြောင့် အဲ့အချိန်မှာ ကိုယ်တွေးခဲ့တာက NUG မှာ အခုလို ပြည်သူတွေ အထင်လွဲတာ ဆဲဆိုတာ တအားခံနေရတဲ့အတွက် နှုတ်ထွက်လိုက်တာကောင်းမယ်လို့ တွေးခဲ့တယ်။ လီဆယ်တိုင်တန်းခံရတယ်ထား၊ အဲ့လိုပြသနာတွေဖြစ်လာအောင် အပြောအဆိုရင့်သီးတာ၊ အမျိုးတွေကို ဌာနမှာခန့်ထားတာ၊ အစိုးရပြသနာလို့ ပြည်သူတွေထင်မြင်စေတဲ့အထိ ကိစ္စကြီးထွားလာတာတွေကြောင့် ကိုယ်က နှုတ်ထွက်လိုက်တာ ကောင်းမယ်လို့ တွေးခဲ့တယ်။

    ဒါပေမယ့် တွေးပဲတွေးခဲ့တာ။ လုံးဝအဲ့ဒါတွေ မရေးခဲ့ဘူး။ အခု ကိုမျိုးရန်နောင်သိန်းက ဒီကိစ္စကို ချီးခြောက်ရေနှူးလို့ ထုတ်ပြောတာ။ ဒဲ့ပြောမယ်နော်။ အဲ့အတွေးကို အခုထိ ကိုယ်က အမှားလို့ မထင်ဘူး။ အဲ့အတွက် တောင်းပန်စရာလည်း မရှိဘူး။ ကိုယ်ဘာမှ မလွန်ခဲ့ဘူး။ အခု မဆီမဆိုင် ကိုယ့် နာမည်တပ် အခုလို ပွဲထရှာ၊ အထင်လွဲခံရ အဆဲခံရအောင်လုပ်တာကမှ လွန်တာ။

    အဲ့တော့ ကိုမျိုးရန်နောင်သိန်းပဲ ကျွန်မကို ပြန်တောင်းပန်လိုက်ပါ။ ခဏခဏ တမင်မပါတဲ့ပွဲထဲ ဆွဲဆွဲထည့်တာတွေပါ တပါတည်း တောင်းပန်လိုက်။

    ကိုယ့်ဘက်က ရပ်တည်ပေးခဲ့တာတွေရှိတဲ့အတွက် ကျေးဇူးတင်စိတ်ရှိတာ တစ်ပိုင်းသက်သက်ပဲ။ တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့ အဲ့လိုပဲပြောဖို့ သတိပေးထားတာ သုံးကြိမ်ထက်မနည်းရှိပြီဖြစ်လျက်နဲ့ အခုလိုတွေ ဖေ့စ်ဘုတ်ပေါ် တက်တက်ရေးနေလို့ မတတ်သာလို့ ဖေ့စ်ဘုတ်ပေါ်ကပဲ ပြန်ပြောလိုက်တယ်။

    အကိုတို့ မကြည်ပြာကိစ္စနဲ့ ပတ်သက်ပြီ ကွဲလွဲနေကြတာတွေ လွတ်လွတ်လပ်လပ် ကွဲလွဲကြ။ ဝင်လည်းမပြောဘူး။ ဝင်လည်းမပါဘူး။အချင်းချင်းဖြစ်ကြတဲ့ ရန်ပွဲတွေကို စိတ်ကုန်လို့ ရန်ပွဲပြင်ပ သီးသန့်ထွက်ထိုင်ပြီး ရန်သူစစ်စစ်တွေကိုပဲ ဦးတည်နေတာ မြင်လျက်နဲ့ အချင်းချင်းပွဲတွေထဲ အတင်းဆွဲထည့်နေတာ မမိုက်ဘူးနော်။

    တော်တော်အဆင်မပြေတာ။

    ပန်ဆယ်လို

    Mm News.xyz 2026 03 13 090643

  • အစာကောက်လွန်းလို့ အသဲမာတယ်လို့ သတ်မှတ်ခံရတဲ့ လေယာဉ်မှူးကြီးတွေ

    အစာကောက်လွန်းလို့ အသဲမာတယ်လို့ သတ်မှတ်ခံရတဲ့ လေယာဉ်မှူးကြီးတွေ

    တပ်မတော်က နိုင်ငံအနှံ့ စစ်မျက်နှာတွေမှာ ရှုံးနေပေမယ့် ရခိုင်မှာတော့ လုံးဝ မနိုင်ခဲ့တော့တာ ကြာပြီ။

    ဘာလို့ မင်းတို့ နိုင်အောင် မတိုက်နိုင်တာလည်းလို့ မေးလိုက်တိုင်း ဖြေကြတဲ့ အဖြေက တခုတည်း။

    AA ဆီမှာ ကျွန်တော်တို့ လူတွေကို ဖမ်းထားတာ အများကြီးပဲဗျ။

    ရှေ့ဆက်တိုးရင် ကိုယ့်လူတွေပဲ နာမှာ လို့ ပြန်ဖြေကြတယ်။

    ခုနောက်ဆုံး စစ်ရေး အစည်းအဝေးမှာ တပ်ချုပ်ကြီးက ပြောတယ်. ဖမ်းခံထားရတဲ့ သုံ့ပန်းတွေ ကိစ္စ ငါကြည့်စီစဉ်လိုက်မယ်။

    မင်းတို့သာ နိုင်အောင်တိုက်လို့ပြောလိုက်တယ်။ အဲဒီ သုံ့ပန်းတွေကို ချုပ်ထားတဲ့ နေရာကို အတိအကျ သိချင်တယ်။

    ဒီရက်ပိုင်း ရအောင်စုံစမ်းပေးပါလို့ ဗိုလ်ချုပ်အချို့ကို တာဝန်ပေးတယ်။

    ကြားရတဲ့သူတိုင်းဝမ်းသာကြတာပေါ့။

    မြန်မာ့တပ်မတော်ရဲ့ ထုံးစံအရ အဖမ်းခံရသူကို ကယ်တင်ရိုးထုံးစံ မရှိပေမယ့် ဒီတခါတော့ ကယ်ပြီဟဲ့ဆိုပြီး ပျော်ကြတယ်။

    လျှို့ဝှက်အစည်းအဝေးက မှတ်တမ်းက နောက်တန်းက ကျန်ရစ်သူ မိသားစုတွဆီထိ သတင်းပေါက်ကြားတယ်။

    မိသားစုတွေ ခင်ဗျာ သူတို့ကို ကယ်ပြီးရင် သင်္ကန်းစီးမယ်။ အလှူလုပ်မယ်။ ဘာညာနဲ့ အစီအစဉ်တွေဆွဲလို့။

    မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီမှာ AA ဆီမှာ ဖမ်းထားတဲ့ တပ်မတော် သုံ့ပန်းတွေကို လင်းယုန် အစာကောက်ပစ်ဖို့ အမိန့်ထုတ်တယ်။

    လေယာဉ်မှူးတွေက အမိန့်မနာခံကြဘူး။

    အဘ​ ဒီလူတွေက ပြည်သူတွေ မဟုတ်ပါဘူး။ တပ်မတော်သားတွေပါ။

    တပ်မတော်သား မိသားစုတွေလည်း ပါသလို တပ်မတော် မိသားစု ကလေးသူငယ်တွေလည်း ပါပါတယ်လို့ ပြောပြီး ဝိုင်းကန့်ကွက်ကြတယ်။

    ဒါပေမယ့် တပ်ချုပ်ကြီးက လက်မခံဘူး။ ဒါ အမိန့်ပဲလို့ ပြောတယ်။

    တပ်မတော်ရဲ့ အောင်ပွဲကို တားဆီးနေတဲ့ မည်သည့်အတားအဆီးမဆို ဖယ်ရှားရမယ်လို့ ပြတ်ပြတ်သားသား မာမာထန်ထန် ပြန်ပြောတယ်။

    ပြီးတော့ ချာကနဲ လှည့်ထွက်သွားတယ်။ လှည့်ထွက်သွားတဲ့ တပ်ချုပ်ကြီးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ စီးကျနေတာ လူအချို့ပဲ သတိထားမိလိုက်ကြပါတယ်။

    လေယာဉ်မှူးတွေ ကလန်ကဆန် လုပ်လို့ နံနက် ၉ နာရီက အမိန့်ပေးထားတဲ့ operation ကို နံနက် ၁၁ နာရီမှ စနိုင်ပါတယ်။

    တပ်မတော်ဘက်က သုံ့ပန်းရဲဘော်တွေ၊ သုံ့ပန်း ရဲမေတွေ၊ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ လင်းယုန်အစာကောက်ခံရတယ်။

    နောက်နေ့မှာ လေယာဉ်ဗုံးမှန်လို့ အပိုင်းပိုင်းဖြစ်နေတဲ့ တပ်မတော် မိသားစုဝင်တွေ ရဲ့ ဓါတ်ပုံတွေ လိုင်းပေါ်တက်လာတယ်။

    စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေကို အစာကောက်လွန်းလို့ အသဲမာတယ်လို့ သတ်မှတ်ခံရတဲ့ လေယာဉ်မှူးကြီးတွေဟာ အဲဒီပုံတွေကို မြင်တော့ မျက်ရည်ကျကြတယ်။

    ————————–

    နိုင်ငံတကာ စစ်တပ်ကြီးတွေမှာတော့ မိသားစုဝင်ထဲက တပ်မတော်သား တယောက်ယောက် ကျ/ဆုံးသွားရင် သူတို့မိသားစုကို တပ်အကြီးအကဲတွေက သွားပြီး ပြောရတယ်၊ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ အသက်စွန့်သွားပါတယ် နှစ်သိမ့်ရတယ်၊ ဆုပေးတန်ပေး၊ ထောက်ပံ့မှု ပေးတန်ပေး စသဖြင့်။

    မြန်မာနိုင်ငံက ခေတ်မီ စစ်တပ်ကြီးဟာ ဒီလိုဖြစ်ရပ်မျိုးတွေကို အရင်က ဘယ်လိုအလုပ်လုပ်သလဲ မသိဘူး။

    အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တိုက်ပွဲမှာ ကျသွားရင် အိမ်ကလူတွေ မသိကြရ၊ ကျသွားတယ် သိရင်တောင် ဘယ်မှာကျသွားတယ် မသိရ။ တချို့မိသားစုတွေဆို သတင်းဌာနတွေမှာ တက်လာမှ သူတို့ မိသားစုဝင်တွေ ကျသွားပြီဆိုတာ သိကြရတယ်။

    တချို့ မိသားစုဝင်တွေဆို ထောက်ပံ့ကြေးတို့ ဘာတို့ ခဏထား၊ ကျသွားတဲ့ စစ်သားအတွက် အသက် အာမခံကြေးတောင် နှစ်နဲ့ချီ ထုတ်မရဘူးဆိုကြတယ်။ တချို့ တပ်မိသားစုဝင်တွေဆို လိုင်းခန်းပေါ်ကနေ နှင်ချခံရတယ်ဆိုတဲ့ သတင်းတွေ အလွန်များခဲ့တယ်။

    ခု ရခိုင်က ဖြစ်ရပ်လိုမျိုး ကိုယ့် တပ်သားတွေကို ကိုယ်တိုင် ဗုံးကြဲပြီး သတ်ဖြတ်ပစ်လိုက်ပြီးရင် မိသားစုဝင်တွေကို စစ်တပ်က ဘယ်လို ပြန်ပြောသလဲ မသိ။ အရင်လို ထိန်ချန်ထားလို့လည်း မရ။ သတင်းဌာနတိုင်းမှာ ဒီသတင်းပဲ။

    “ကျုပ်တို့ တပ်သားတွေကို ကျုပ်တို့ကိုယ်တိုင် ဗုံးကြဲပြီး သတ်ပစ်လိုက်တာ” လို့ ပြောမလား၊ သေချာတာကတော့ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ အသက်စွန့်သွားတယ်လို့ ဘယ်လိုမှ လိမ်လို့ မရတော့ဘူးဆိုတာပဲ။

    စစ်သုံ့ပန်း ၁၁၆ ဦးဆိုတာ တော်ရုံပမာဏမှ မဟုတ်တာ။

    မနေ့ကတင် ညောင်လေးပင်မှာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ရွာသားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ခဲ့သေးတာ မဟုတ်လား။ နှိုင်းယှဉ်ကြည့်တတ်ရင် အထင်းသားမြင်နေရတဲ့ အဖြစ်အပျက်တွေ။