Author: Baby Yit Lone
-

အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်
အကြမ်းဖက် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအလောက်ရှိသည်ဟု ယမန်နေ့ ပြောဆိုခဲ့သော်လည်း ပြည်သူများက ယုံကြည်ခြင်းမရှိဘဲ ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရေး တိုးကြိတ် ဝယ်ယူနေရကာ လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။ “ဒီမနက်လည်း ဆီဆိုင်တိုင်းလိုလိုမှာ မနက် ၅ နာရီခွဲလောက်ကစပြီး တန်းစီနေကြတာ။ ဒီဇယ်မရတဲ့ဆိုင်၊ 92 ဓာတ်ဆီပဲ ရတဲ့ဆိုင်နဲ့ ငွေ ၅ သောင်းဖိုးပဲ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဆီက အကုန် တန်းစီတိုးနေကြတာ။ ဆီမပြတ်လပ်ဘူးဆိုရင် လိုသလောက် ရောင်းပေးရင် တန်းစီစရာမလိုပါဘူး။ အခုက ဆီဆိုင်တွေကို မနက်တစ်ပိုင်း လောက်ရောင်းပြီးရင် ဆီကုန်ပြီဆိုပြီး ပြန်လှည့်ခိုင်းနေတယ်” ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက…
-

ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်
ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံနေ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက် ကပစ ၁၆ တပ်ကို AA နှင့် တော်လှန်ရေးပူးပေါင်း တပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။…
-

IMEI နံပါတ်ကနေတဆင့် တော်လှန်ရေးရဲဘော်များကို စစ်တပ်ကခြေရာခံ ဖမ်းဆီးနေ
အာဏာသိမ်းစစ်တပ်က ဖုန်းအတုများ ကာကွယ်ရန်နဲ့ ဖုန်းပျောက်ဆုံး/ခိုးခံရပါက အသုံးမပြုနိုင်ရန်ဆိုတဲ့ အကြောင်းပြချက်ဖြင့် မိုဘိုင်းဖုန်းများရဲ့ IMEI နံပါတ်များကို မှတ်ပုံတင်ရန် ဒီကနေ့ ထုတ်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာလာပါတယ်။ AAMIJ ရဲ့ စုံစမ်းသိရှိထားတဲ့ အချက်အလတ်များအရ ၎င်းတို့ဟာ ဖုန်းလုံခြုံရေးအတွက် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို စနစ်တကျခြေရာခံ ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားများနဲ့တကွ သိရှိရပါတယ်။ IMEIကို မှတ်ပုံတင်လိုက်ခြင်းဟာ စစ်တပ်က ၄င်တို့ဖမ်းချင်တဲ့သူတွေကို အချိန်မရွေး နေရာအတိကျနဲ့ ဖမ်းဆီးနိုင်သလို ဖမ်းဆီခံထားရဖူးသူတွေလဲရှိခဲ့တာကို AAMIJက အချိန်အတော်ကြာ စုံစမ်းသိရှိခဲ့ပါတယ်။ 🔴IMEI နံပါတ်ဆိုတာဘာလဲ? IMEI( International Mobile Equipment Identity)ဆိုသည်မှာ ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဂဏန်း ၁၅ လုံးပါ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” ဖြစ်ပါတယ်။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ်တစ်ခုစီ ရှိသကဲ့သို့…
-

“ဖုန်းသုံးနေတဲ့ မြန်မာပြည်သူတွေ အားလုံး သတိထားဖို့နဲ့ သိထားဖို့ ကြေညာချက်အသစ်ပါ”
သင့်ဖုန်းက အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းထားတဲ့ ဖုန်း ဖြစ်နေရင် (သို့မဟုတ်) ဖုန်းရဲ့ IMEI နံပါတ်က CEIR စနစ်မှာ မှတ်ပုံမတင်ထားရင် လာမယ့်ဧပြီလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်း ဖြတ်တောက်ခံရနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အချက်တွေကို နားလည်လွယ် အောင် အတိုချုပ် ရှင်းပြပေးလိုက်ပါတယ်။ အခွန်ဆောင်ပြီးသား ဖုန်းတွေကော? ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်ခင်ကတည်းက သုံးနေတဲ့ ဖုန်းတွေအားလုံးဟာ အခွန်ဆောင်ဖို့ မလိုဘဲ၊ CEIR စနစ်မှာ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒီအချက်ကို မမေ့ပါနဲ့ သင်လက်ရှိ သုံးနေတဲ့ဖုန်းက အခွန်မဆောင်ရဘဲ တရား ဝင် ဆက်သုံးနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မတိုင်ခင် (MPT၊…
-

📱 အခွန်မဆောင်ထားတဲ့ ဖုန်းများ အသုံးပြုခွင့် ပိတ်သိမ်းတော့မည်
လာမယ့် ၂၀၂၆၊ ဧပြီလ ၁ ရက် မှစတင်ပြီး အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေနဲ့ပတ်သက်ပြီး သိထားရမယ့် အချက်တွေကို အောက်မှာ စုစည်းပေးထားပါတယ် 👇 ✅ လက်ရှိအသုံးပြုနေသူများအတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်းထဲမှာ ပြည်တွင်းအော်ပရေတာတွေဖြစ်တဲ့ MPT, ATOM, Mytel, Ooredoo (သို့) u9 ဆင်းကတ်တစ်ခုခုကို ထည့်သွင်းအသုံးပြုနေရုံနဲ့ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် လက်ရှိသုံးနေတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ ⚠️ အသုံးမပြုသေးဘဲ သိမ်းထားတဲ့ဖုန်းများရှိရင် သင့်ဆီမှာ ဆင်းကတ်မထည့်ရသေးဘဲ ဝယ်ထားတဲ့ ဖုန်းအသစ် ဒါမှမဟုတ် သိမ်းထားတဲ့ ဖုန်းရှိနေတယ်ဆိုရင် မတ်လ ၃၁ ရက်…