ဒီစာကို သမ္မတဟောင်း ဦးဝင်းမြင့် ဖတ်မိပါစေ…
မိသားစုနဲ့အတူ ကျန်းကျန်မာမာနဲ့ အမြန်ဆုံတွေ့ခွင့် အတူနေခွင့်ရလို့ အထူးဝမ်းမြောက်မိတယ်။
ငါးနှစ်ကျော် မတရား အကျဉ်းချ ၊ ထောင်ချခံမှုအပေါ်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။
စကစ က ဘယ်အကြောင်းကြောင့် လွှတ်သည်ဖြစ်စေ အပြင်မှာ မိသားစုနဲ့ နေခွင့်ရတာ ထောင်ထဲမှာထက်စာရင် လက်ရှိနိုင်ငံ့အခြေအနေ၊ ပြည်သူလူထုအခြေအနေ၊ ပါတီအခြေအနေကို သုံးသပ်ဖို့ အခွင့်အရေးကောင်းတခုပါပဲ။
လက်ရှိအခြေအနေမှာ သမ္မတငြိမ်း ဦးထင်ကျော်လို တော့ ရေငုံ နှုတ်ပိတ် နေလို့ မရတော့ဘူးလို့မြင်မိပါတယ်။
ဦးထင်ကျော်ဟာ ပါတီ supporter၊ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ပါတီ ဥက္ကဋ္ဌ ရဲ့ အားကိုးအားထားရာ ပညာရှင်အနေနဲ့ သမ္မတ ခဏတာ သမ္မတ လုပ်ပေးခဲ့တာပါ။
သူငြိမ်နေတာ ဘာမှ မဖြစ်ပါ။ တိုက်တွန်းဖို့လည်း မလိုပါ။
ဦးဝင်းမြင့် ကျတော့ ဦးထင်ကျော်နဲ့ မတူပါ။
ဒေါ်အောင်ဆန်းစုကြည် မရှိရင် ပါတီကို ပဲ့ကိုင်ရမယ့်သူ။ အများကြီးကွာတယ်။
အာဏာအသိမ်းခံ ရစဉ်မှာ သမ္မတ ပါ။
နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးကို စစ်တပ်က ကြက်ငှက်ဖမ်းသလို ဖမ်းခြင်းထဲ ထည့်ခဲ့တာပါ။
ပြည်တွေ ရင်ထဲတော့ ခုထိ သမ္မတပါပဲ။
ဒါပေသိ အရှိတရားက တော့ ဘာမှ လုပ်မရတော့ဘူး။
အားလုံးလွန်သွားခဲ့ပြီ။
စစ်တပ်က သူလုပ်ချင်ရာ အကုန်လုပ်သွားပြီ။
ရွေးကောက်ပွဲ အတုလို့ပြောပြော ဘယ်သူမှ အသိအမှတ်မပြုဘူး ပြောပြော တရုတ်နဲ့ နိုင်ငံတချို့က မျက်နှာသာပေးထားတော့ နိုင်ငံတကာမှာ တရားဝင်သေးသေး တရားမဝင်းသေးသေး ခုချိန်မှာတော့ စစ်တပ်က အထိုင်နေရာက မပျက်သေးပါဘူး။
NUG မှာလည်း သမ္မတ ခန့်ထားတာကို လက်မခံဘူးလို့ အလိုအလျောက်သိထားချက်အရ လက်ရှိ သမ္မတ မဟုတ်တော့လို့ သမ္မတ ဟောင်းလို့ပဲ သုံးလိုက်ပါတယ်။
အဓိက သမ္မတ ထက် ပါတီမှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် အကြီးဆုံးပုဂ္ဂိုလ်ဟာ ဦးဝင်းမြင့်ပါပဲ။
ခုချိန်မှာ အပြင်ကိုထိတွေ့ခွင့် ရတဲ့ ပါတီရဲ့ အကြီးဆုံးရာထူးရှိတဲ့ ခေါင်းဆောင် တယောက်ပါ။
အမ ဘာမှာသွားလဲ။
အမ သတင်းဘာကြားလဲ နဲ့ ရပ်တန့် နေရမယ့်အခြေအနေတော့ မဟုတ်ပါ။
ဦဟန်သာမြင့်လို သူတို့ ဘာမှ မသိရဘူး ခုချိန်မှတော့ လူငယ်တွေ လုပ်ချင်ရာ လုပ်ကြပလေ့ဆိုတာမျိုး မချိတင်ခဲ လိပ်တည်းခဲလည်း မကျေနပ်ချက်တွေ ပေါက်ထွက်ပြီး တိုင်းပြည်ဘာဖြစ်ဖြစ်၊ ပါတီဘာဖြစ်ဖြစ် လုပ်လို့မရပါ။
အနိမ့်ဆုံး ဦးဟံသာမြင့်စာတမ်းကို ပြန်ဖတ်ရမယ်။
လက်ရှိ ပြည်သူတွေအနေအထား အမှန်သိရမယ်။
ပြည်သူသာ အဓိက ဆိုပြီး ပြည်သူကို ပုံချ ထမင်းရေပူ လျာလွှဲ စကားမျိုးတော့ မပြောစေချင်တော့ဘူး။
ပြည်သူက မဲလိုချင်လို့ တောင်းတဲ့အခါ သောင်းသောင်းဖျဖျ ပေးပြီးပြီ။
ဒီခေါင်းဆောင်တွေက စစ်တပ်ကို ယှဉ်နိုင်မှာပဲ
ဒီခေါင်းဆောင်တွေ နဲ့ ဒီပါတီကို ထောက်ခံလို့ကတော့ ငါတို့ တိုင်းပြည် အကောင်းဘက်ကို အရွေ့ဖြစ်ပြီ ဆိုပြီး ပုံအောခဲ့ကြပြီးဖြစ်တယ်။
ပြည်သူက non violence ဆိုတာလည်းမသိဘူး။
violence ဆိုတာလည်း မသိဘူး။
ပါတီ မူဝါဒ ဆိုတာဘာလဲ ဆိုတာသူတို့မသိဘူး။
ဒီခေါင်းဆောင်တွေ ချဆိုချ
ရပ်ဆိုရပ်
မဲပေးဆိုမဲပေး
ဆန္ဒပြဆိုပြ
ချကြမှာပဲ။ ခုတော့ အားလုံးရောထွေးကုန်ပြီဖြစ်တယ်။

၉၀ ခုနှစ် ရွေးကောက်ပွဲက စလို့ ယနေ့ ၂၀ ရွေးကောက်ပွဲ အထိ ပြည်သူက တာဝန်ကျေလွန်းတယ်။
ခု ချိန်ဆိုရင် အဖမ်းခံဖို့ သက်သက် ငါ တို့ ခေါင်းဆောင်တွေကို မဲ ပေးခဲ့ လိုက်ကြသလား စဉ်းစားနေရော့မယ်။
တိုင်းပြည်ခေါင်းဆောင်က အဲလိုတော့ မဟုတ်ဘူးမြင်မိတယ်။
ပါတီမူဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို တကယ်လုပ်ခဲ့ကြရဲ့လား…
ဒါကိုပြန်စဉ်းစားကြရမယ်
စစ်တပ်က အာဏာသိမ်းမှာကြို သိရက်နဲ့ ပါတီ အရေးပေါ်အစည်းအဝေး လုပ်ခဲ့ကြရဲ့လား…
ဥပဒေ ကြောင်းအရငါတို့မှန်တယ်…သိမ်းချင်ရင် သိမ်းကွာလို့… ဆုံးဖြတ်ခဲ့ ကြရင်ကော..
ပါတီက အခြားသူတွေကို plan B, plan C ဘာတွေများ မှာကြားခဲ့ကြသလဲ..
ခု မြေပြင်မှာ ဖြစ်နေတဲ့ အဖွဲ့ အစည်းတွေဟာ ပါတီက ပလန်တွေ အတိုင်း ဖြစ်လာခဲ့တာလား…
ဖြစ်ချင်ရာ ဖြစ်ကြကွာ…လူထုက မနေဘူး…
ပြည်သူက သာအဓိက ပဲ ဆိုပြီး ပုံချခဲ့ကြသလား…
ပြည်သူသာ အဓိက ဆိုရင် ပါတီတွေလည်း မလိုဘူး ခေါင်းဆောင်လည်း မလိုဘူး
ပြည်သူတွေ သူတို လုပ်ချင်ရာ လုပ်ကြပါလိမ့်မယ်…
နိုင်ငံရေး လုပ်မယ်ဆိုရင်တော့ နိုင်ငံရေး ဦးဆောင်မှု ဆိုတာ လိုအပ်ပါတယ်…
အဲဒါ ခေါင်းဆောင်မှု၊ မူဝါဒနဲ့၊ စီမံခန့်ခွဲမှုပဲဖြစ်တယ်။
ခေါင်းဆောင်မှု နေရာမှာ ငါ ခုထိ ငါးပါးသီလ လုံတယ်ကွ လို့ ကြွေးကြော်လို့ရတယ်၊
မူဝါဒ ဆိုတာ မယိုင်မလဲ တသတ်မှတ်ထဲ သွားရတယ်၊
စီမံ ခန်ခွဲမှု ဆိုတာ ဘာ မဖြစ်ရင် ဘယ်လို ဖြေရှင်းမယ် ၊
ဘယ်လို ရင်ဆိုင်မယ် ဆိုတာ plan a b c အခါတည်း လုပ်ထားမှ ရမယ်။
နိုင်ငံရေးလုပ်တာ ငါးပါးသီလ လုံရုံလောက်နဲ့ တော့ တိုင်းပြည်မပြောင်းလဲဘူး။
ဒါ ဆယ်လီ စကားတွေ။
အဲလိုကြေးဆို ပါမေက္ခချုပ် ဆရာတော် သမ္မတ တက်လုပ်လို့ရနေပြီဖြစ်မှာပေါ့။
နိုင်ငံ့ ခေါင်းဆောင်ကျတော့ ကိုယ်ကျင့်တရားလည်းလိုတယ်၊ နိုင်ငံရေးအမြင်လည်းလိုတယ်၊
အရေးပေါ်အခြေအနေမှာ လူထုကို ဘယ်လို လမ်းပြရမလဲ ဆိုတဲ့ အမြော်အမြင်လည်း လိုတယ်။
လူအများကြိုက်ချင်မှ ကြိုက်နိုင်ပေမယ့်။
လူအများကောင်းဖို့ အတွက် ရင်းကြရတာ နိုင်ငံရေးသမား ကောင်းတွေပါပဲ။
နိုင်ငံရေးကို စိတ်မကုန်ဘူး ပြန်လုပ်ချင်သေးတယ်ဆိုရင် ပြည်သူလူထုအတွက် အသံ ထွက်ပေးဖို့လိုပါတယ်။
အောင်နိုင်ချိန်မှာ မာရည်ကြောရည်ပြောနိုင်တာထက်…
ပြည်သူရော ပါတီရော နိုင်ငံရော စုန်းစုန်းမြုပ်တော့မယ့် အခြေအနေမှာ လမ်းပြနိုင်တာက ခေါင်းဆောင်ကောင်းပါ…
ဆုံးဖြတ်ချက်မှားတယ် မှန်တယ်ဆိုတာ လူတွေ ဘယ်လောက် ဒုက္ခရောက်ကုန်ပြီလည်း နဲ့ တိုင်းတာကြည့်ပါ…
ပြည်သူသာ အဓိက ဆိုရင်တော့ ပါတီ မထောင်တော့နဲ့ ခေါင်းဆောင်မလုပ်တော့နဲ့… အရွေးမခံတော့နဲ့…
နိုင်ငံရေးမလုပ်တော့နဲ့… ပြည်သူတွေ သူတို့ဘာသာလုပ်ပလေ့စေ… ပစ်ထားလိုက်ပါ…
အဲ တော့ ငါ့ကို သတ်ချင်သတ် လက်မှတ်ထိုးမပေးနိုင်ဘူး…ဆိုတာ…
အကျိုးဆက်မှာ…ဘာပြီးရင် ဘာလုပ်ရမယ်လို့…
ကျော်ထွေးတို့..ဖြူဖြူသင်းတို့ကို မှာကြားခဲ့ပြီးလို့လား…
ဒါမှ မဟုတ်…ဘာမှ ပြောစရာ မရှိလို့…လုပ်စရာမရှိလို့ နာကြည်းလို့ ခံပြင်းလို့… ပြောလိုက်တာလား…
ခု ကရော… NUG ရဲ့ သမ္မတလား.. ပါတီရဲ့ ဒုဥက္ကဋ္ဌ ၁ ပဲ လား…
ဘာပဲဖြစ်ဖြစ်ကျန်းမာပါစေ။
နိုင်ငံရေး ခေါင်းဆောင်လုပ်မယ်ဆိုရင်တော့ သိပ်တာဝန်မဲ့လွန်းတဲ့ စကားမျိုးတွေ မပြောသင့်ဘူး…
အဲဒါ လူထုကို
နှစ်ပြန်ကြော် ကြော်တာနဲ့ အတူတူပဲ…
နှစ်ပြန်ကြော်ဟာ…
စားတဲ့သူကသား စားကောင်းတာ
လူထုက ဒယ်အိုးပူ နှစ်ခါမိတယ်…။

U Kyaw Myint Oo