မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေ

မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေက အဆုံးမသတ်သေးပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစည်းအဝေးတက်ခွင့်မရဘူး။

အခြားအာဆီယံနိုင်ငံက ခေါင်းဆောင်တွေနဲ့ တန်းတူထိုင်ခွင့် မရသေးဘူး။

အရမ်းလည်း အသိအမှတ်ပြုခံချင်နေပြီ။

ဒီလိုအခြေအနေမှာ ထိုင်းကို အကူအညီတောင်းတယ်။

ထိုင်းကလည်း အစည်းအဝေးကို စကစရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်အစည်းအဝေး တက်ရောက်ခွင့်ကို အာဆီမှာ အဆိုပြုချက် တင်သွင်းပေးတယ်။

အဲ့လိုတင်သွင်းမှပဲ အရှက်ထပ်ကွဲရတယ်။ ဒီအဆိုပြုချက်ကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန်ကန်ကွက်လို့ ကိုယ်စားလှယ်လေးတောင် တက်ခွင့်မရဘဲ အပိုင်း၁နဲ့တင် ဇာတ်သိမ်းသွားတယ်။

ပြီးတော့ ထပ်ကွဲသေးတယ်။ လူကိုယ်တိုင် တက်ခွင့်တော့မပေးဘူး။ video စနစ်နဲ့တော့ တွေ့ဆုံလို့ရမယ်။

ဒါပေမယ့် အာဆီယံပင်မအစည်းအဝေးနဲ့ မဆိုင်ဘူး။ မြန်မာ့အရေး သီးခြားဆွေးနွေးတဲ့အနေနဲ့ပဲ တွေ့ဆုံရမယ်တဲ့။ အေးရော။

မအလဟာ သူ့လူတက်ခွင့်ရရင် ဒီကနေတစ်ဆင့် အခွင့်အရေးဖန်တီးမယ်။ ပုံရိပ်တည်ဆောက်မယ်။

ငါသမ္မတကြီးဆိုတာမျိုး လုပ်ပြမယ်ပေါ့။ ဒါမယ့် ဒီနေ့ဒီအချိန်ထိ မအလဟာ နိုင်ငံတကာအလယ်မှာ စစ်ရာဇဝတ်ကောင်ပါပဲ။

မအလ သမ္မတဆိုတာ သူ့အိမ်မှာပဲရမယ်။ နိုင်ငံတကာ မပြောနဲ့။ သူ့အိမ်က ထွက်လိုက်ရင်တောင် သူဟာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ကောင်ပဲ။

အမှုဖွင့် တရားစွဲခံထားရတဲ့ ဝရမ်းပြေးပဲ။

သူ့အိမ်မှာတောင် သူ့မိသားစုပဲမို့ သူ့ကို သန်းမကြီး ဖြစ်ခွင့်ပေးထားတာ။

တကယ်တမ်းပြောရရင် မအလနေရာမှာ တစ်ခြားသူကို ရှက်လွန်းလို့ အသက်ထွက်သွားလောက်ပြီ။

Htet Myat

Comments

Leave a Reply

Your email address will not be published. Required fields are marked *