Author: Baby Yit Lone
-

စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ
စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။ မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။” အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့…
-

မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ
မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲက Food Vlogger အငှားယာဥ်မောင်းတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အငှားယာဥ်မောင်းတွေဆီက သိရပါတယ်။ Food Vlogger လုပ်ရင်း Taxi အငှားယာဥ်မောင်းသူ ကိုကျော်ဝဏ္ဏကို မနေ့ည ၉ နာရီခွဲလောက်မှာ ကားငှားစီးသူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။ “နာမည်အရင်းက ဝဏ္ဏဖေပါ။ အားလုံးက သူ့ကို ကျော်ဝဏ္ဏပဲ ခေါ်ကြတာ။ Food Vlogger လည်းလုပ်တယ်။ အင်းစိန် စော်ဘွားကြီးကုန်းမှာနေတာ။ သတင်းကြားကာစက ကားမှောက်တယ်ပဲ ထင်တာ။ ပရဟိတအဖွဲ့တွေရောက်မှ သေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာ သိတာ။ စိတ်မကောင်းဘူး အငှားယာဥ်မောင်းတောင် ဒီနိုင်ငံမှာ မလုံခြုံဘူး။” ကိုကျော်ဝဏ္ဏမောင်းလာတဲ့ အငှားယာဥ်…
-

ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့တဲ့တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာဖြစ်ပြီး PNO ရဲ့ ဗိုလ်မှူးခွန်စိုးအောင်နဲ့ ဗိုလ်မှူးခွန်ဖေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တယောက်က “ဗိုလ်မှူး ခွန်စိုးအောင်က ၁ ရက်နေ့မှာ ဘောရန်ရွာကို ရွာမီးရှို့နေတုန်း စနိုက်ပါနဲ့အပစ်ခံရတယ်။ ဗိုလ်မှူး ခွန်ဖေကတော့ ၁၅ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ သေသွားတာ။ ဗိုလ်မှူးနှစ်ဦးဟာ ပအိုဝ်းဒေသမှာ ငွေညှစ်တာတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေဖြစ်တယ်” လို့ပြောပါတယ်။ သေဆုံးသွားတဲ့…
-

စိတ်ကူးမဲ့ကာမဘုံသို့
ရေးသူ – ကမ္ဘာကျော်ရတနာဝင်းထိန် သရက်မြို့၊ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတစ်ခုပေါ်တွင် တင့်တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေသည်။ မြောက်ဖက်ဘောလုံးကွင်း၊ တပ်ကွင်း၊ လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေးများမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာ ခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက်၊ ပျော်မြူးနေသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့် ဖြူဖြူဖွေးလျှက် ရှိနေကြသည်။ ကျောင်း၏ မြောက်ဖက်သို့ ထိုးထွက်ဆောက်လုပ်ထားသော ခန်းမဆောင်ကြီးဘေး ပတ်ဝန်းကျင်ရှိ ဇလပ်ပင်များသည် ပိုမို၍ပွင့်နေကြသည်။ အပင်တိုင်း၏အောက်တွင် ဇလပ်ပွင့်များသည် ကြွေကျလျှက် ကောက်ပန်သူများကို ငံ့လင့်လျှက် လဲလျောင်းကာ နေကြလေသည်။ ထိုခန်းမကြီး၏ အရှေ့ဖက် ကလေးများ အနည်းငယ်ရှင်းရာဘက် အုတ်လှေခါးထစ်ဘေး ဇလပ်ပင်တွင် (၁၂) နှစ်၊ (၁၃)နှစ်…
-

စစ်ခေါင်းဆောင် မအူပင်မြို့ရောက်လာချိန် မီးလောင်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာ ၂၃ ရက်ဒီကနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတဲ့အချိန်မှာ မီးလောင်မှုဖြစ်လို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မအူပင်မြို့ခံ တယောက်က “မင်းအောင်လှိုင် လာဖို့ရှိတယ်ကြားတာတော့ကြာပြီ၊ နိုဝင်ဘာ ၁၉ ရက်ကတည်းကကြားတာ။ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်မှ ရောက်လာတာ။ ခလရ ၂၇ တပ်မှာ အသင့်လုပ်ထားတဲ့ ဟတ်စကီးကွင်းမှာဆင်းပြီး အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲ သွားတာ။ သူ လာမှပဲ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းအနားမှာရှိတဲ့ အောင်ဆုပန် ၁ ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားနေလို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်”လို့ ပြောပါတယ်။ စစ်ခေါင်းဆောင် ရောက်နေတာကြောင့် မအူပင်မြို့ပေါ်လမ်းတွေမှာ လမ်းထိပ်တထိပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်…