Author: Baby Yit Lone

  • Single Lady

    Single Lady

    Single Lady (2015) အချစ်ကိုစိတ်ကုန်နေတဲ့ စင်ဂယ်လေးတွေကြိုက်မဲ့ melo-romance ဇာတ်‌ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဘရိုက်ဆိုတဲ့ စင်ဂယ်မလေးဟာ ဘဝမှာ အောင်မြင်မှုပဲ တွေ့ကြုံနေတာကနေ ရုတ်တရက်ဘဝတစ်ခုလုံးကံဆိုးမိုးမှောင်ကျ အလုပ်ပါပြုတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဗေဒင်မေးဖိုအခွင့်ရေးကြုံလာလို့ မေးကြည့်တဲ့အခါ ရည်းစားဟောင်းကနေ ကျိန်စာသင့်နေတာဖြစ်ပြီး သူ့ကိုလမ်းမှန်ရောက်အောင်ပြန်လုပ်ပေးမှ ဘဝဟာ အရင်လိုပျော်ရွှင်နိုင်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒီလိုနဲ့ ဘရိုက်တစ်ယောက် ကလေးဘဝကနေ အလုပ်ခွင်ရောက်တဲ့အထိ တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို ပြန်ရှာပြီး သူတို့ဘဝတွေကို လမ်းမှန်ရောက်အောင် ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ သူတို့နဲ့ဘယ်လိုနားလည်မှုတွေ ဖြေရှင်းပေးမလဲဆိုတာကို ဟာသနဲ့အချစ်ရောနှောထားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြမယ်လိုမျှော်လင့်ပါတယ်။

  • PostMortem

    PostMortem

    PostMortem (2025) သဘာ၀လွန်စွမ်းအင်ပိုင်ရှင်ဖြစ်တဲ့စုံထောက် ရက်စ်ဟာ သေဆုံးသူတွေရဲ့နောက်ဆုံးမှတ်ဉာဏ်ကိုပြန်လည်ခေါ်ယူကြည့်နိုင်စွမ်းရှိပြီး အခုချိန်မှာတော့ သူ့မိသားစုသေဆုံးမှုအတွက် စိတ်ဓာတ်တွေပြိုလဲလေလွင့်နေသူဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မြို့အနှံ့ထူးခြားတဲ့သေဆုံးမှုတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ သေဆုံးသူတွေကို ပတ်ဝန်းကျင်ကလူတွေကသူတို့မသေဆုံးခင်မှာ ခေါင်းမပါပဲမြင်တွေ့ရလေ့ရှိပြီး အဲ့ဒီလိုမြင်ပြီးမကြာခင်မှာပဲ အဲ့ဒီလူဟာ ထူးခြားဖြစ်စဉ်တစ်ခုခုနဲ့သေဆုံးရတာဖြစ်ပါတယ်။ ဒီကိစ္စကို ရက်စ်မဖြစ်မနေစုံစမ်းဖို့ဖြစ်လာချိန်မှာတော့ နှစ်ပေါင်းကြာရှည်ခဲ့ပြီး ကြောက်စရာကောင်းလှတဲ့ကျိန်စာတစ်ခုကိုခြေရာခံမိပါတော့တယ်။ ဖိလစ်ပိုင်ဟော်ရာတွေထုံးစံ ဇာတ်လမ်းဆန်းသစ်ထူးခြားပြီး လှည့်ကွက်တွေ ခြောက်လှန့်ခန်းတွေလည်း မိုက်ပါတယ်။ အစကနေ အဆုံးထိ ရင်တမမနဲ့ကြည့်ရမယ့်သည်းထိတ်ရင်ဖိုကားပါပဲ။

  • Dream Eater

    Dream Eater

    Dream Eater (2025) Hostel, Knock Knock,Cabin Fever တို့လိုနာမည်ကျော်ဟော်ရာတွေရဲ့ဖန်တီးရှင် Eli Roth ရဲ့ကုမ္ပဏီကထုတ်တဲ့ Found footage Horror ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ Documentry ဒါရိုက်တာတစ်ယောက် သူ့ရည်းစားရဲ့အိမ်မက်ယောင်လမ်းလျှောက်တဲ့ရောဂါ အခြေအနေဆိုးလာချိန်မှာ ရောဂါဖောက်မှုတွေကို မှတ်တမ်းတင်ထားဖို့ ဆရာဝန်ကညွှန်ကြားခဲ့ပါတယ်။ တောအုပ်ထဲက လူသူမနီးအပန်းဖြေသစ်လုံးအိမ်လေးမှာသွားနေတဲ့အချိန်အိမ်မက်ယောင်လမ်းလျှောက်ရုံတင်မက အကြမ်းဖက်မှုတွေထူးဆန်းတဲ့အပြုအမူတွေကိုပါတွေ့လာရတဲ့နောက် ဒီကိစ္စဟာသွေးရိုးသားရိုး စိတ်ကစဉ့်ကလျားဝေဒနာတစ်ခုသက်သက်မဟုတ်ဘူးဆိုတာ တစ်ဖြည်းဖြည်းရိပ်စားမိလာပုံတွေကို သဲထိတ်ရင်ဖိုရှုစားရမှာဖြစ်ပါတယ်။ Paranormal activety ဇာတ်ကားတွေရပ်သွားချိန် အလွမ်းပြေကြည့်စရာ ဇာတ်ကားတစ်ကားပါပဲ။

  • Secret Zoo

    Secret Zoo

    Secret Zoo (2020) အခုတစ်ခေါက်မှာတော့ အတည်ပေါက်ကြီးနဲ့ ရယ်ရမဲ့ Secret Zoo ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေနဲ့ မင်းသား Ahn Jae Hong, မင်းသမီး Kang So Ra, မင်းသားကြီး Park Young Gyu, မင်းသား Kim Sung Oh, မင်းသမီး Jeon Yeo Been တို့နဲ့အတူ အခြား နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်ထယ်ဆူ(Ahn Jae Hong)က ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာ တရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။ တစ်နေ့တော့ သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့ အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။ အဲဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့်…

  • Karmanye Vadhikaraste

    Karmanye Vadhikaraste

    Karmanye Vadhikaraste (2025) “တာဝန်နှင့် ဝတ္တရား” ဒီတစ်ခါမှာ စိတ်ဝင်စားစရာ တေလဂူးမှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မြို့လေးတစ်မြို့မှာ လူ‌ေ-သအလောင်းတွေ ပေါ်လာတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အပြိုင်အဆိုင်စုံစမ်းကြတာကို မြင်ရမှာပါ။ ဒါတွေက ရိုးရိုးတမ်းတမ်း လူသ-တ်မှုမဟုတ်ဘဲ ရှုပ်ထွေးနက်နဲတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးဖြစ်နေတဲ့အခါမှာတော့ NIA အေးဂျင့်၊ ရဲအုပ်တစ်ဦးနဲ့ ရဲသားလေးတို့က အချိန်မလွန်ခင် ဘယ်လိုကြိုးပမ်းဖော်ထုတ်သွားမှာလဲ ဆိုတာ ။ ။