Dream Eater (2025)

Hostel, Knock Knock,Cabin Fever တို့လိုနာမည်ကျော်ဟော်ရာတွေရဲ့ဖန်တီးရှင် Eli Roth ရဲ့ကုမ္ပဏီကထုတ်တဲ့ Found footage Horror ကားသစ်ဖြစ်ပါတယ်။
ဇာတ်လမ်းသဘောကတော့ Documentry ဒါရိုက်တာတစ်ယောက် သူ့ရည်းစားရဲ့အိမ်မက်ယောင်လမ်းလျှောက်တဲ့ရောဂါ အခြေအနေဆိုးလာချိန်မှာ ရောဂါဖောက်မှုတွေကို မှတ်တမ်းတင်ထားဖို့ ဆရာဝန်ကညွှန်ကြားခဲ့ပါတယ်။
တောအုပ်ထဲက လူသူမနီးအပန်းဖြေသစ်လုံးအိမ်လေးမှာသွားနေတဲ့အချိန်အိမ်မက်ယောင်လမ်းလျှောက်ရုံတင်မက အကြမ်းဖက်မှုတွေထူးဆန်းတဲ့အပြုအမူတွေကိုပါတွေ့လာရတဲ့နောက် ဒီကိစ္စဟာသွေးရိုးသားရိုး စိတ်ကစဉ့်ကလျားဝေဒနာတစ်ခုသက်သက်မဟုတ်ဘူးဆိုတာ တစ်ဖြည်းဖြည်းရိပ်စားမိလာပုံတွေကို သဲထိတ်ရင်ဖိုရှုစားရမှာဖြစ်ပါတယ်။
Paranormal activety ဇာတ်ကားတွေရပ်သွားချိန် အလွမ်းပြေကြည့်စရာ ဇာတ်ကားတစ်ကားပါပဲ။



Leave a Reply