Author: Baby Yit Lone
-

Out of Reach
Out of Reach (2004) ဒီတစ်ခါမှာတော့ 2004ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဝီလီယမ်လန်းဆင်းဆိုတဲ့ CSAအေးဂျင့်ဟောင်းတစ်ဦးဟာ အလုပ်ကနေအနားယူပြီးနောက်ပိုင်း ဘေးမဲ့တောထဲမှာ ဒဏ်ရာရလာတဲ့တိရစ္ဆာန်လေးတွေကိုကုသပေးရင်း အဲ့တောထဲမှာပဲနေထိုင်ပါတယ်။ သူကမိဘမဲ့ကျောင်းက”အီရန်းနာ”ဆိုတဲ့ 13နှစ်အရွယ်ကောင်မလေးကိုထောက်ပံပေးနေပြီး သူမနဲ့ အဆက်မပြတ်စာအပြန်အလှန်ပို့လေ့ရှိကြပါတယ်။ သူမကို အဝေးကနေဆုံးမစကားတွေဆိုလေ့ရှိပြီး စိတ်ခွန်အားတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ ကလေးမလေးဆီကစာမလာတော့တာကြောင့် မသင်္ကာဖြစ်ပြီး မိဘမဲ့ကျောင်းရှိရာကိုလိုက်သွားပါတယ်။ နောက်တော့ ထိုမိဘမဲ့ကျောင်းက လူကုန်ကူးမှုတွေကျူးလွန်နေတဲ့အဖွဲ့အစည်းနဲ့လက်ဝါးချင်းရိုက်ထားတယ်ဆိုတာကိုသိလိုက်ရပြီး….ဝီလီယမ်နဲ့ စုံထောက်မလေး”ကာရှာလာတို”တို့ပူးပေါင်းကာ အီရန်းနာတို့ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။
-

Kids on the Slope
Kids on the Slope (2018) ဒီဇာတ်ကားလေးကတော့ လူငယ်သဘာဝဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး သူငယ်ချင်းတွေကြား ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ပျော်စရာကောင်းတဲ့လူငယ်ဘဝကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ နီရှီမိခါအိုရုလိုခေါ်တဲ့ နုံနုံချာချာနဲ့စာကြိုးစားတဲ့ကောင်လေးဟာ နယ်မြိုလေးတစ်နေရာကို ကျောင်းပြောင်းလာခဲ့တယ်။ ခါအိုရုဟာ introvert ပုံစံလေးပေါ်ပြီး သူ့ဦးလေးဟာလည်း ဆေးရုံအုပ်ကြီးဖြစ်တဲ့အတွက် လူတိုင်းကသူ့ကိုသိပ်ပြီးမပေါင်းသင်းကြဘူး။ ကျောင်းသားအသစ်ဖြစ်တဲ့ ခါအိုရုကို ကျောင်းပတ်ဝန်းကျင်လိုက်ပြပေးဖို အတန်းခေါင်းဆောင်ကောင်မလေးရီဆူကိုမူခအဲက တာဝန်အပေးခံလိုက်ရပါတယ်။ ခါအိုရုဟာ ရီဆူကိုကို မြင်မြင်ချင်းကြွေသွားခဲ့တယ်။ တနေ့မှာ ခါအိုရုက ကျောင်းခေါင်မိုးထပ်တက်ဖိုသွားနေရာကနေ တံခါးပေါက်မှာပိတ်ပြီးလှဲအိပ်နေတဲ့ စန်တာရိုခါဝဘုချီနဲ့ တွေ့သွားပါတော့တယ်။ စန်တာရိုဟာ ခါအိုရုရဲ့ဆန့်ကျင်ဖက် တက်ကြွပြီး ရန်အမြဲဖြစ်နေတဲ့ကောင်လေးဖြစ်တယ်။ မထင်မှတ်ထားရတာက အတန်းခေါင်းဆောင်ရီဆူကိုနဲ့ စန်တာရိုတိုဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး ခါအိုရုဟာလည်း သူတိုနဲ့ပေါင်းရင်း လူငယ်အကြားဖြစ်နေကြ အချစ်ဇာတ်လမ်းလေးနဲ့ ခွဲမရအောင်ခင်မင်လာမဲ့သူငယ်ချင်းတွေဟာ ဘယ်လိုတက်လမ်းကိုယ်စီ လျှောက်သွားကြမလဲဆိုတာကိုတော့…
-

Into the Sun
Into the Sun (2005) ၂၀၀၅ခုနှစ်က ထွက်ရှိထားပြီး ကိုယ်ခံပညာအမျိုးမျိုးကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဆရာကြီးစတီဗင်ဆီဂဲလ်ရဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်အစိုးရက သူ့ရန်သူတွေ ဝင်ငွေဘယ်လိုရနေလဲဆိုတာ အမြဲမပြတ်စောင့်ကြည့်နေတော့ တိုကျိုမှာရှိနေတဲ့ ယာကူဇာတွေနဲ့ တရုတ်ဂိုဏ်းဖြစ်တဲ့ တောင်းတွေပူးပေါင်းပြီးအကြီးကြီးတစ်ခုကြံနေတာကို သိသွားတယ်။ နောက်ထပ်တစ်ခုက အဆင့်မြင့်အရာရှိတစ်ဦးအသတ်ခံလိုက်ရတာကြောင့် အေးဂျင့်ဟောင်းဖြစ်တဲ့ ထရာဗစ်ကို အမှုစုံစမ်းခိုင်းလိုက်ရာကစလို့မထင်မှတ်ဘဲ ထရာဗစ်အတွက် ကိုယ်ရေးကိုယ်တာဖြေရှင်းစရာအမှုတစ်ခု ဖြစ်လာတဲ့အခါမှာတော့…။
-

Don’t Hang Up
Don’t Hang Up (2025) Horror ကြိုက်တဲ့ ပရိသတ်တွေအတွက်လတ်တလော ထွက်ရှိထားတဲ့ horror/thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Summer, Vicky နဲ့ Eva တို့ သုံးယောက်ဟာ သူငယ်ချင်း မင်္ဂလာဆောင်အတွက် ခရီးထွက်လာရင်း ခဏတာနေဖို့အတွက် အိမ်တစ်လုံးကို ငှားခဲ့ကြပါတယ်။ Summer ရဲ့ ချစ်သူ Chris ကSummer နဲ့ အတူတူ လိုက်မလာနိုင်တဲ့အတွက် video call နဲ့ပြောတာကနေ တစ်ဆင့် ရုပ်ရှင်တစ်ခုလုံးကို ကြည့်ရမှာပါ။ Summer တို့ ငှားမိတဲ့ အိမ်က အစုလိုက်အပြုံလိုက်လူသတ်မှု ဖြစ်ဖူးတဲ့ ရာဇဝင်ရှိနေတာကို မသိခဲ့ကြပါဘူး။ ပထမဆုံး ညမှာ Eva တစ်ယောက် အိမ်မက်ယောင်တာ၊ ထူးဆန်းတဲ့စကားတွေနဲ့ အော်ဟစ်တာ၊ မိမိကိုယ်ကို ထိခိုက်အောင် လုပ်တာတွေနဲ့…
-

Usiru
Usiru(2025)”အတုံ့အလှည့်” ကန်နာဒါစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာပါနမ်ပရာဘာကာက ရိုက်ကူးထားတာဖြစ်ပြီး ဆက်စပ်နေတဲ့ဇာတ်လမ်းသွားနှစ်ခုကို တလှည့်စီပုံဖော်တင်ဆက်ထားတာပါ။ ပထမဇာတ်လမ်းသွားမှာတော့ ဇနီးဖြစ်သူကို ပစ်မှတ်ထားခံနေရတဲ့ ရဲအရာရှိတစ်ဦး စခန်းသစ်တစ်ခုမှာတာဝန်ကျရင်း ရတက်ပွေရပုံတွေကိုပြထားပြီး ဒုတိယဇာတ်လမ်းသွားမှာတော့ ထောင်ကျနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် မိဘဖြစ်သူတွေအတွက် လက်စားချေဖို့ကြိုးစားပုံကို တွေ့ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသွားနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ ဘယ်သူကဘာတွေလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။