Out of Reach (2004)

ဒီတစ်ခါမှာတော့ 2004ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။
ဝီလီယမ်လန်းဆင်းဆိုတဲ့ CSAအေးဂျင့်ဟောင်းတစ်ဦးဟာ အလုပ်ကနေအနားယူပြီးနောက်ပိုင်း ဘေးမဲ့တောထဲမှာ ဒဏ်ရာရလာတဲ့တိရစ္ဆာန်လေးတွေကိုကုသပေးရင်း အဲ့တောထဲမှာပဲနေထိုင်ပါတယ်။
သူကမိဘမဲ့ကျောင်းက”အီရန်းနာ”ဆိုတဲ့ 13နှစ်အရွယ်ကောင်မလေးကိုထောက်ပံပေးနေပြီး သူမနဲ့ အဆက်မပြတ်စာအပြန်အလှန်ပို့လေ့ရှိကြပါတယ်။
သူမကို အဝေးကနေဆုံးမစကားတွေဆိုလေ့ရှိပြီး စိတ်ခွန်အားတွေပေးခဲ့ပါတယ်။
ဒါပေမဲ့ တစ်ရက်မှာ ကလေးမလေးဆီကစာမလာတော့တာကြောင့် မသင်္ကာဖြစ်ပြီး မိဘမဲ့ကျောင်းရှိရာကိုလိုက်သွားပါတယ်။
နောက်တော့ ထိုမိဘမဲ့ကျောင်းက လူကုန်ကူးမှုတွေကျူးလွန်နေတဲ့အဖွဲ့အစည်းနဲ့လက်ဝါးချင်းရိုက်ထားတယ်ဆိုတာကိုသိလိုက်ရပြီး….ဝီလီယမ်နဲ့ စုံထောက်မလေး”ကာရှာလာတို”တို့ပူးပေါင်းကာ အီရန်းနာတို့ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။



Leave a Reply