Author: Baby Yit Lone

  • ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်

    ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်

    ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်မှုု ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီး ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ မတ်လ ၁၆ ရက်နေ့ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်း မှ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်ကော်မရှင်တပ်သားများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူများလည်းရှိကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ “နန်းဖဲကျေးရွာနားက ချောင်းထဲမှာဖြစ်တာ။ သေတာကတော့ လက်နက် ၅…

  • အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

    အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

    အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ တပ်ကုန်းမြို့နယ်ထွေ/အုပ်က စာထုတ်ကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း၊ ၇ ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်ပြီး မဖျက်သိမ်းပါက အင်အားသုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ အဆိုပါ အင်ပင်တောင်ရွာနှင့် မြောက်ရွာကိုလည်း…

  • ဝင်းဝစခန်းပြန်ရရန် ကြိုးပမ်းသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ဂုံညှင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်

    ဝင်းဝစခန်းပြန်ရရန် ကြိုးပမ်းသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ဂုံညှင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ဒေသတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၄) သတင်းရင်းမြစ်ထံက သိရသည်။ ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများနှင့် ဝင်းဝတပ်စခန်းအား ပြန်လည်ရယူရေးအတွက် စစ်ကူလာသည့် စစ်ကြောင်းများကို တိုက်ခိုက်နေခြင်းကြောင့် သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ဂုံညှင်းဆိပ်ရွာအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဟုဆိုသည်။ KNU တပ်မဟာ (၄) ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နာက “ အဲ့ဒီ ပြေးလာတဲ့ စစ်ကြောင်းကလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့အခြေအနေဖြစ်တယ်။ တချိန်တည်းမှာပဲ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့ အချိန်မှာ လေကြောင်းပစ်ကူ တိုက်ခိုက် ဗုံးကြဲတာတွေ ရှိတယ်” ဟု ယနေ့ (မတ်လ ၁၈…

  • မောင်တောတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သတ်ဖြတ်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် တရားခံ

    မောင်တောတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သတ်ဖြတ်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် တရားခံ

    မောင်တောတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သတ်ဖြတ်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် တရားခံကို ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ထား အာရက္ခဒေသ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိန်းမှုကျူးလွန်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖို့ကြိုးစားခဲ့ကြသူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘူးသီးတောင်အကျဥ်းထောင်သို့ မတ်လ ၁၇ ရက်ကပို့ဆောင်လိုက်သည်ဟု သိရသည်။ အဆိုပါပြစ်မှုကျူးလွန်သူမှာ အောင်သုခကျေးမှ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ၎င်း၏ရွာမှ အသက် ၃နှစ်အရွယ် ကလေးငယ်ကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ခြင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖမ်းဆီးကာ မောင်တောမှ ဘူးသီးတောင်အကျဥ်းစခန်းသို့ ပို့လိုက်ခြင်းဖြစ်သည်ဟုသိရသည်။ ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီးငယ်ကို အောင်သုခကျေးရွာနေ ဒေါ်အေးငြိမ်းသန်းနေအိမ်အနောက်ဘက်လမ်းတွင် ဂုန်နီအိတ်ဖြင့်ထုတ်ထားသော ကလေးမလေးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ သုံးဦးကို အာရက္ခပြည်သူ့အစိုးရက ခေါ်ယူစစ်ဆေးခဲ့သည်။…

  • အကြွေးကိစ္စကြောင့် လူငှားပြီး ကိုယ့်အိမ်ကိုယ်ပြန် ဒါး-ပြတိုက်တဲ့မနှင်းနုခိုင်တဲ့..

    အကြွေးကိစ္စကြောင့် လူငှားပြီး ကိုယ့်အိမ်ကိုယ်ပြန် ဒါး-ပြတိုက်တဲ့မနှင်းနုခိုင်တဲ့..

    ပါဝင်သူ ၅ ဦးကို ဖမ်းဆီးပြီး အသုံးပြုသည့်ကားကိုပါ သိမ်းဆည်းရန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အိမ်တွင်းရေးပြဿနာနဲ့ အကြွေးကိစ္စရပ်များကြောင့် လူငှားပြီး မိမိနေအိမ်ကို ဝင်ရောက်စီးနင်းခိုင်းကာ ရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သူ မနှင်းနုခိုင်နဲ့ ပူးပေါင်းပါဝင်သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်နှစ်ဦးက ပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး ကလေးငယ်တစ်ဦးကို ဖမ်းချုပ်ကာ ရွှေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြောင်း မနှင်းနုခိုင်က ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း လုံခြုံရေးတာဝန်ရှိသူတွေက CCTV မှတစ်ဆင့် ခြေရာခံစစ်ဆေးရာမှာတော့ ဒီဖြစ်စဉ်ဟာ အပြင်လူက ကျူးလွန်တာမဟုတ်ဘဲ မနှင်းနုခိုင် ကိုယ်တိုင်က ငွေကျပ် သိန်း ၂၀ နဲ့ လူငှားပြီး ဇာတ်လမ်းထွင်ခဲ့ခြင်းဖြစ်ကြောင်း…