Author: Baby Yit Lone

  • အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့်  အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှု အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း စစ်တပ်က ယနေ့ ညနေပိုင်း သတင်းထုတ်ပြန်သည်။

    မင်းအောင်လှိုင်သည် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် မတ် လ ၂၀ ရက်နေ့ စစ်ဆေးရုံတွင် အိန္ဒိယနိုင်ငံမှပါရဂူများနှင့် စစ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်၏ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သော်လည်း လာမည့် မတ်လ ၂၇ ရက်နေ့ စစ်တပ်နေ့ အခမ်းအနား တက်မည်၊ မတက်မည်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

  • မင်းလှအုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှအုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြိုနယ်၊ ဝက်လှကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) မှ ရဲဘော်များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးရန် လုပ်ဆောင်ရန် ခုခံထွက်ပြေးရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ၄င်းအိမ်အတွင်း ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်မှုထမ်းကြေးကောက်ခံထားသော စာရွက်စာတမ်းများ၊ မှတ်ပုံတင်တစ်ခုနှင့် အတူ ယာဉ်မောင်းလိုင်စင်တစ်ခုပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးသည် အကြမ်းဖက် စစ်တပ်က ခိုင်းစေသည့် ပြည်သူများ အပေါ် အာဏာပြကာစစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ မပေးနိုင်သည့်ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ အပြင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရှိရသည်။

    တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ၄င်းအိမ်အတွင်း ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်မှုထမ်းကြေးကောက်ခံထားသော စာရွက်စာတမ်းများ၊ မှတ်ပုံတင်တစ်ခုနှင့် အတူ ယာဉ်မောင်းလိုင်စင်တစ်ခုပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    “အောင်ကျော်မိုးက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတာတော်တော်ကြားပြီး ပြည်သူတွေတိုင်ကြားတာလည်းအရမ်းများတယ်။ အခုနောက်ပိုင်း အဲ့ကောင်က စစ်မှုထမ်းကြေး မပေးနိုင်တဲ သူတွေကို စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတဲ့ အဆင့်ထိပါလုပ်ဆောင်လာလို့ တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

  • ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရ

    ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရ

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီဝယ်ယူလိုပါက စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လုပ်ရမှာဖြစ်ပြီး အဆိုပါစာအုပ်နဲ့သာ ဝယ်ယူခွင့်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၁ ရက်မှာ ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မတ် ၂၁ ရက်က မြို့နယ်ထွေအုပ်ရဲ့ ညွှန်ကြားချက်အရ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ယာဥ်စာရင်း လိုက်လံကောက်ယူနေပြီး ပေးရတဲ့အချက်အလက်တွေ ကွဲပြားမှုတွေ ရှိတယ်လို့ မဇင်းရပ်ကွက်နေသူတယောက်က ပြောပါတယ်။

    “မနေ့ကတည်းက စက်သုံးဆီဝယ်ယူခွင့်စာအုပ် လုပ်ရမယ်ဆိုပြီး ကြေညာတာ၊ စာအုပ်အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွားပေးရတယ်။ ယာဉ်လိုင်စင်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ပေးရတယ်။ ကုန်ကျစရိတ်က ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြား ကုန်တယ်။”

    ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ယာဥ်လိုင်စင်မိတ္တူနဲ့ မှတ်ပုံတင်ပဲ ပေးရပေမဲ့ ကျေးရွာဘက်တွေမှာတော့ အိမ်ထောင်စုစာရင်းနဲ့ ယာဥ်ပိုင်ရှင်ဖြစ်ကြောင်း ထောက်ခံစာတွေပါ ပေးရတယ်လို့ ကလိကျေးရွာနေသူတယောက်က ပြောပါတယ်။

    “တနေရာနဲ့ တနေရာ မတူဘူး။ ရပ်ကွက်တွေမှာ Wheel Tax နဲ့ မှတ်ပုံတင်မိတ္တူပဲ ပေးရတယ်။ ရွာဘက်တွေမှာဆို Wheel Tax၊ မှတ်ပုံတင်မိတ္တူအပြင် အိမ်ထောင်စာရင်းနဲ့ ယာဥ်ပိုင်ဆိုင်ကြောင်း အုပ်ချုပ်ရေးက ထောက်ခံစာပါပေးရတယ်။”

    စက်သုံးဆီထုတ်ယူခွင့်စာအုပ်ကို ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်ထွေအုပ်က ပြုလုပ်ပေးတာ မဟုတ်ဘဲ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်တယ်လို့ ပဲခူးမြို့နယ် ထွေအုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးက အချက်အလက်တွေ စုပြီး မြို့နယ်ထွေအုပ်ကို ပို့ပေးတယ်။ မြို့နယ်ထွေအုပ်က စွမ်းအင်ဝန်ကြီးဌာနကို တင်ပေးရတာ။ သူတို့ကနေ စာအုပ်လုပ်ပေးပြီး ထွေအုပ်ကိုပေး၊ ထွေအုပ်ကတဆင့် ရပ်ကွက်နဲ့ ကျေးရွာကို ပြန်ပေးမှာ။ ပြောရရင် ကျနော်တို့က ကြားခံသဘောမျိုး။”

    စက်သုံးဆီပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီတပ် အနေနဲ့လည်း မနေ့ညက Non CDM ဝန်ထမ်းတွေကို မတ် ၂၅ ရက်ကစပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ နေအိမ်ကနေ အလုပ်လုပ်ဖို့ အမိန်ထုတ်ခဲ့သလို စက်စွမ်းအားပေါ်မူတည်ပြီး ယာဥ်တွေကို တပတ်ကိုတကြိမ် ဒါမှမဟုတ် ၂ ကြိမ်သာ ရောင်းချပေးသွားတော့မယ်လို့ ကြေညာထားပါတယ်။

    အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မတ် ၃ ရက်မှာ စစ်ကောင်စီက စုံနဲ့ မ စနစ်ကို သတ်မှတ်ခဲ့ပြီး စက်သုံးဆီခွဲတမ်းကို QR နဲ့ စကန်ဖတ်ပြီး ရောင်းချဖို့ ညွှန်ကြားခဲ့ပေမဲ့ ဆီဆိုင်တွေမှာ Wheel Tax QR ကုတ်ကို စကန်ဖတ်မရလို့ ဆီမထုတ်ရတဲ့ ပြဿနာတွေကို အခုချိန်ထိ ရင်ဆိုင်နေရပါတယ်။

  • နေ့မှာကျောင်သား ညမှာ စစ်သား ကလေးစစ်သားများ

    နေ့မှာကျောင်သား ညမှာ စစ်သား ကလေးစစ်သားများ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေထဲမှာ နေ့ဘက်ဆိုရင် အဖြူအစိမ်းဝတ် ကျောင်းသားတွေလိုပဲ ပုံမှန်ကျောင်းတက်နေကြပေမယ့်၊ ညဘက်ရောက်လာချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့အတူ ကင်းလှည့်နေတဲ့ အသက်မပြည့်သေးတဲ့ ကလေးပြည်သူ့စစ်တွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ၊ ဒီကလေးပြည်သူ့စစ်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြားရှိပြီး စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ် (ပ.စ) တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ကာ ကာဘိုင်သေနတ်တွေကိုလည်း ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ပြည်သူ့စစ်ထဲ ဝင်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းသားအချင်းချင်းနဲ့ ဆရာ၊ ဆရာမတွေကိုပါ ခြိမ်းခြောက်လေ့ရှိတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။

    စာသင်ကျောင်းထဲမှာ ဒီလို ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ ကြားသိထားပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးသလို တရားဝင် တိုင်ကြားလာတာမျိုးလည်း မရှိသေးဘူးလို့ တနင်္သာရီတိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက Dawei Watch ကို ဖြေကြားထားပါတယ်။

    အသက်မပြည့်သေးတဲ့ ပြည်သူ့စစ်တွေကို မြို့ထဲမှာ ဧည့်စာရင်းစစ်ခိုင်းတာ၊ ကင်းလှည့်ခိုင်းတာ၊ လမ်းလုံခြုံရေးတာဝန်တွေ ပေးတာတင်မကဘဲ စစ်တပ်က ခန့်ထားတဲ့ တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းကြောင်းလုံခြုံရေးအတွက်ပါ အသုံးချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပြည်သူ့စစ်ထဲ ဝင်တဲ့သူတွေဟာ ထောက်ပံ့ကြေးအဖြစ် ကျပ်နှစ်သိန်းဝန်းကျင်လောက် ရရှိကြပြီး၊ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်မဆောင်းလည်း အရေးယူမခံရဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် သေနတ်ကိုင်ခွင့်လည်း ရလာပြီး တချို့ကတော့ ဒီအခွင့်အရေးတွေကို အသုံးချပြီး ငွေညှစ်တာတွေထိ ရှိနေတယ်လို့ ပြောပါတယ်။

    သဇင်လှိုင် (Myanmar Now)

  • ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကတော့ အတောသတ်နိုင်မယ် မထင်ပါဘူး

    ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကတော့ အတောသတ်နိုင်မယ် မထင်ပါဘူး

    မဲလုံးက စက်သုံးဆီ ပြတ်စရာမရှိကြောင်းပြောတယ် ၊

    စက်သုံးဆီရောင်းချဖြန့်ဖြူးရေးအသင်းကလည်း စက်သုံးဆီပြတ်လတ်မှု မရှိနိုင်ကြောင်း သင်္ဘောတွေ အဆက်မပြတ်လာနေကြောင်း ကြေညာတယ် ၊

    တကယ်တမ်းက မြန်မာပြည်ရဲ့ သူတို့ပြောတဲ့ အရံဆီက သူတို့ပြောသလိုဆိုရင်တောင် ရက်လေးဆယ်စာပဲရှိတာပါ၊

    တကယ်မြေပြင်မှာ ရှိပါ့မလားပဲ ၊

    စစ်တပ်ကတော့ ကိုဗစ်ဖြစ်တုန်းက ပြည်သူတွေ ဘာဖြစ်နေနေ ဂက်စ်အိုးတွေ သိမ်းကျုံးအပိုင်သိမ်းသွားတဲ့အချိုးမျိုး ထပ်ချိုးပါတယ် ၊

    MAI နှင့် MNA ခရီးသည်တင် လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီတွေကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူလိုက်တာမို့ လေယာဉ်ဆီ မလုံလောက်မှု ပြဿနာဖြစ်ပေါ်လာပြီး ခရီးစဉ်အများစု ဖျက်သိမ်းရပ်နားရကြောင်း ခေတ်သစ်သတင်းက ဖော်ပြပါတယ် ။

    . မြန်မာနိုင်ငံကို လေယာဉ်ဆီများ အဓိက တင်သွင်းဖြန့်ဖြူးနေသော NEPAS (National Energy Puma Aviation Services) က ၎င်းထံတွင် ရောက်ရှိပြီးသား လေယာဉ်ဆီများနှင့် လာရန်ရှိနေသော လေယာဉ်ဆီများကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူသွားသဖြင့် လေယာဉ်ဆီ မလုံလောက်ပြဿနာများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၊ ပြည်တွင်းလေကြောင်းသတင်းရင်းမြစ်က ပြောဆိုကြောင်း သိရပါတယ် ။

    NEPAS က အရင်က PUMA Energy နဲ့ MOGE ပူးတွဲလုပ်တဲ့ ကုမ္ပဏီပါ၊ Puma Energy မြန်မာပြည်က ထွက်သွားတော့ မြန်မာပြည်က Swan Energy က ရှယ်ယာတွေ ပြန်ဝယ်ထားလိုက်တာပါ၊

    Swan Energy ကို ဗြိတိန်က စစ်တပ်ကို ဆီသွင်းလို့ ပိတ်ဆို့ အရေးယူတော့ အရင်နံမည် ပြန်ယူသုံးနေတယ် ထင်ရပါတယ်၊

    ရှယ်ယာအများစုပိုင်သူက ​မြိတ်ဘက်က တချိန်က ​မှောင်ခိုစက်လှေသူဌေး ဦးစိန်ဝမ်ပါ၊ ကုမ္ပဏီစက်ရုံများစွာပိုင်ပါတယ် ၊ အဆိုတော် အာဘွိုင်းအဖေပေါ့၊ ခရိုနီကြီးတဦးပါ။

    . ဆီသင်္ဘောတွေတော့ ဝင်တယ်လို့ဆိုတယ်၊

    ဒါပေမယ့် ဆီတွေပြတ်နေတယ် ၊

    ဝင်တဲ့ဆီက လေယာဥ်ဆီတွေကများနေပုံရပါတယ် ၊

    ကားတွေညလုံးပေါက်တန်းစီ ၊ လမ်းတွေပိတ်တာမို့ အခုတော့ ပြည်သူတွေအကြံပြုသလို တပါတ်စာဆီခွဲတမ်း သတ်မှတ်ပြီး အပြတ်ရောင်းပေးမယ်လို့ ဆိုပါတယ်၊

    ရုံးတွေ ဗုဒ္ဓဟူးနေ့တိုင်း အိမ်မှာပဲ အလုပ်လုပ်ကြဖို့လည်း အမိန့်ထွက်ပါတယ် ။

    ဆီအခက်အခဲဖြစ်တာမို့ EV ကားတွေ ဈေးနှစ်ဆနီးပါးတက်သွားတယ် ၊

    အောင်ပြည့်စုံတို့တော့ ချမ်းသာပြီးရင်း ချမ်းသာပေါ့ ၊

    ဆိုလာဆက်စပ်ပစ္စည်းတွေပါ လိုင်စင်တွေချုပ်ရထားတော့ ခုလိုမီးတွေပြန်ဖြတ်ချိန် ရောင်းကောင်းဦးမှာပါ။

    . ဆီဈေးတွေလည်း နှစ်ဆတက်တော့ ကားခတွေလည်း နှစ်ဆတက်တယ် ၊

    ကားခတွေဈေးတက်တော့ ကုန်ဈေးနှုန်း အဆမတန်တက်တာတွေ ၊ ကုန်ပစ္စည်း ပြတ်လတ်တာတွေ ဖြစ်နိုင်ပါတယ် ၊

    ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကတော့ အတောသတ်နိုင်မယ် မထင်ပါဘူး ၊

    အာဏာရှင်အမြစ် အမြန်ဆုံးဖြတ်နိုင်မှပါ ။