Author: Baby Yit Lone
-

အမေစု သက်ရှိထင်ရှားရှိနေသေးလား
အမေစု သက်ရှိထင်ရှားရှိနေသေးလား ?? ဒီကိစ္စကို ကျွန်တော် မနှစ်ကလည်း ဖြေပြီးပါပြီ ဒီနှစ်လည်း ထပ်ဖြေပေးပါ့မယ်။ လင်းညှို့တာရာ
-

ရန်ကုန်မြို့ကြီး… ကြောက်ဖို့ကောင်းလာပြီ
စစ်တပ်အုပ်ချုပ်ရာ ရွှေပြည်သာတွင် ပျောက်ဆုံးနေသော အသက် ၇၀ အရွယ် အငြိမ်းစားကျောင်းအုပ်ကြီး မိမိနေအိမ်၌ပင် အသတ်ခံရ စသ်တပ်အုပ်ချုပ်နေတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း ဦးအောင်သောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကားနဲ့အတူ ပျောက်ဆုံးသွားခဲ့ရာမှ အခုအခါ ၎င်းရဲ့နေအိမ်အတွင်းမှာပဲ အသတ်ခံထားရလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက် လူမှုကွန်ရက်ပေါ်မှာ သတင်းများ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်က ဦးအောင်သောင်းဟာ ၎င်းရဲ့နေအိမ်မှ ခဲရောင် Honda Fit (ယာဉ်အမှတ် 3L/5652) ကားနဲ့ ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မိသားစုဝင်များက ယာဉ်တိုက်မှုစတဲ့ အသေးအမွှားကိစ္စများဖြစ်ပြီး ရဲစခန်းများကို ရောက်နေသလား ဆိုကာ…
-

ဒါ တရားမျှတမှုလား? ကားချင်းညှိတာကို ရဲကဝင်ရှင်းပေးမိတဲ့အတွက်….၂လောင်းပြိုင် အသုဘ ဒီနေ့ချပြီ..
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တွင် မတ်လ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လှည့်ကင်းရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော ရဲတပ်သား ဝင်းဇော်ဦး (၂၉ နှစ်) နှင့် ရဲတပ်သား သန်းအောင်မြင့် (၃၀ နှစ်) တို့၏ ရုပ်အလောင်းကို ယနေ့ (မတ်လ ၁၂ ရက်) တွင် ရေဝေးသုဿာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးဖိတ်စာများအရ သိရသည်။ ဖြစ်စဉ်အကျဉ်း မတ်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်က ရွှေပေါက်ကံ (၁၂) ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီးပေါ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) မှ အရာရှိတစ်ဦး အပါအဝင် သားအဖ သုံးဦးနှင့် ဒေသခံအဖွဲ့အချို့ အချင်းများရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားပုံအသေးစိတ် လမ်းပေါ်တွင်…
-

ဆေးရုံဆေးခန်းကနေ လက်လျှော့လိုက်တဲ့ ရောဂါသည်တွေနဲ့ (၉၆)ပါးရောဂါတွေအားလုံးကိုရေမန်းတစ်ခွက်နဲ့ ပျောက်ကင်းအောင်ကုသပေးနေတဲ့ ဆရာလေးနှစ်ပါး
ရောဂါဘာယတွေထူပြောလာတဲ့ခေတ်ကြီးမှာ ဆေးပညာတွေကလဲ တဖြည်းဖြည်းအဆင့်မြင်လာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲအဆင့်မြင်လာပါစေ ကုသမရနိုင်သေးတဲ့ ရောဂါတွေရှိနေပြီး သက်သာအောင်ပဲ ကာကွယ်နိုင်တဲ့အနေအထားတစ်ခုရှိနေတာပါ။ ဥပမာ ကင်ဆာလိုရောဂါတွေဆိုရင် လူတိုင်းစိုးရိမ်ရတဲ့ရောဂါမျိုးတဲ့ပါဝင်ပြီး ကုလို့မပျောက်ကင်းနိုင်ပါဘူး။ ဒီလိုရောဂါတွေကို ဆရာဝန်တွေနဲ့ ဆေးပညာအရ ပျောက်ကင်းအောင် မကုပေးနိုင်ပေမယ့် ဆရာလေးနှစ်ပါးကတော့ ပျောက်ကင်းအောင် ကုသပေးနိုင်တယ်လို့ နာမည်ကြီးနေခဲ့ပါတယ်။ ဆရာလေးနှစ်ပါးက မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျွဲမင်းကျကျေးရွာအနီး နန်ချွန်ကျေးရွာမှာ သတင်းသုံးနေတဲ့ ဆရာလေးတွေဖြစိပါတယ်။ ဆရာလေးနှစ်ပါးထဲက ဆရာလေးဒေါ်သုန္ဒက အဓိကကုသပေးတာဖြစ်ပြီး နောက်ထပ်ဆရာလေးကတော့ ဘေးကနေ ကူညီကုသပေးတာဖြစ်ပါတယ်။ ဆရာလေးနှစ်ပါးက ကင်ဆာအပါအဝင်၊ နာတာရှည်ရောဂါသည်တွေ၊ ဆေးရုံဆေးခန်းကနေ လက်လျှော့လိုက်တဲ့ ရောဂါသည်တွေနဲ့ (၉၆)ပါးရောဂါတွေအားလုံးကို ပျောက်ကင်းအောင်ကုသပေးတာပါ။ ဒီလိုကုသရာမှာလဲ ဆေးထိုးအပ်တစ်ချက်မကိုင်၊ ဆေးတစ်ခွက်မတိုက်ဘဲ ဆရာလေးတို့ရဲ့ မေတ္တာရေစင်နဲ့သာ ကုသပေးတာဖြစ်ပြီး ဆေးဖိုးဝါးခရယ်လို့လဲမပေးရပါဘူး။ သူတို့ကိုကြည်ညိုသူတွေအဖို့ စေတနာသဒ္ဒါသလောက်လှူခဲ့လို့ရပြီး အဲ့ဒီ့ကရတဲ့ လှူဒါန်းငွေတွေကိုလဲ ကိုယ်ကျိုးအတွက်လုံးဝမသုံးဘဲ…
-

စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၃၀)ကျော်အထိုင်ချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို သိမ်းယူရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပါတယ်။ ဝင်းဝတပ်စခန်းကို ၂၀၂၆ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာမရှိပေမယ့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး အခုထက် ပိုမိုသိရှိနိုင်ဖို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ…