Author: Baby Yit Lone
-

အွန်လိုင်းငွေလိမ်ကွန်ရက်နဲ့ ရာဇဝတ်မှုတွေတိုက်ဖျက်ဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှု ပူးပေါင်းဆောင်ရွက်ဖို့ကတိပြုကြောင်း KNU ထုတ်ပြန်
ငွေလိမ်လုပ်ငန်းကအကျိုးအမြတ်ရနေတဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းပါက မအောင်မြင်နိုင်ဟု သတိပေး နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်တွေ လည်ပတ်ဆောင်ရွက်နေမှုတွေနဲ့ ဆက်စပ် ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။ အလွန်ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ကြီးမားတဲ့နိုင်ငံဖြတ်ကျော် ရာဇဝတ် ကွန်ရက်တွေကို ဖြိုခွင်းဖျက်ဆီးဖို့အတွက် ထိခိုက်ခံစားနေရတဲ့ နိုင်ငံတွေအားလုံးအပါအဝင် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ခိုင်မာသော ကတိကဝတ်၊ အားကောင်းသော ခေါင်းဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ထိရောက်အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြပါတယ်။ KNUဟာ အရှေ့တောင်အာရှဒေသရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေ နှိမ်နင်းရေးအတွက် နိုင်ငံတကာရဲ့ ဖွဲ့စည်းထူထောင်မှုတွေနဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေမှာ KNU က တစိတ်တပိုင်းအဖြစ် ပါဝင်သွားဖို့ ကတိပြုတယ်လို့…
-
ကျောက်ဖြူမင်းပြင်မှာ ဝင်ရောက်ခြေကုတ်ယူထားတဲ့ စစ်ကြောင်း ၂ကြောင်းအနက် တစ်ကြောင်းကို AA တိုက်ခိုက်ချေမှုန်း
(အသေအပျောက်များတဲ့အတွက် အကြမ်းဖက်လေတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်) ကျောက်ဖြူမြို့နယ် မင်းပြင်ရွာမှာ ဝင်ရောက် ခြေကုတ်ယူထားတဲ့ စစ်ကြောင်းနှစ်ကြောင်းအနက် တစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက် ချေမူန်းတဲ့အတွက် စစ်တပ်က အကျအဆုံးများတာကြောင့် အကြမ်းဖက် လေတပ်က ဂျက်ဖိုက်တာနဲ့ လက်ရှိ ညနေ ၇ နာရီ အချိန်ထိ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မင်းပြင် မိုးလေဝသ ရေဒါအဆောက်အဦရှေ့မှာ ဝါဒဖြန့် ဓာတ်ပုံရိုက်ရန် တန်းစီနေစဉ် AA တိုက်ခိုက်တဲ့အတွက် စစ်သားတွေအများအပြားသေဆုံးပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်း ၂ ကြောင်းဟာ မင်းပြင်ရွာထဲနဲ့ မိုးလေဝသရေဒါစခန်းထဲမှာ ဝင်ရောက် တပ်စွဲနေရာယူထားခဲ့ပါတယ်။ အဲဒီနောက် မင်းပြင်ကျေးရွာ မိုးလေဝါသ ရေဒါစခန်းနဲ့ ရဲစခန်းတို့မှာ အဓိကခြေကုတ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့…
-

အသက်ရှည်ဆေး
“မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး” မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။ ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် ဆိုပေမဲ့ ဝင်ငွေက ဟုတ်တိပတ်တိ မရှိ။…
-

Fran the Man
Fran The Man (2025) Fran the Man ရုပ်ရှင်ဟာ Stephen Bradley ရိုက်ကူးပြီး Darragh Humphreys က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ (Comedy) နဲ့ အားကစား (Sport) အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ရိုက်ခဲ့တဲ့ တီဗီဇာတ်လမ်းတို (Mockumentary series) ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီကားက အိုင်ယာလန် (Irish) ဘောလုံးအသင်းတစ်သင်း ပွဲကြိုတင်ငွေပေးကစားခြင်း (match-fixing) လိုမျိုး နိုင်ငံတကာအဆင့် အရှုပ်တော်ပုံတစ်ခုနဲ့ ပတ်သက်မိသွားတဲ့အခါ အကြောင်းပြုပြီး ရိုက်ထားတာပါ။ အသင်းရဲ့ ကံမကောင်းအကျိုးမပေးတဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဟာ သူတို့အသင်းကို အောက်တန်းလိဂ်ကနေ ကယ်တင်ဖို့ နည်းလမ်းရှာဖွေရမယ့် ဇာတ်လမ်းပါ။
-

At Eternity’s Gate
At Eternity’s Gate (2018) အချိန်မှားပြီးမွေးဖွားခဲ့တဲ့ ခေတ်အဆက်ဆက်တည်မြဲနေဦးမယ့် ပန်းချီကားတို့ရဲ့ ဖန်တီးရှင်ဗင်းဆင့်ဗန်ဂိုးဟာ ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ပါ။ သူ့ရဲ့စိတ်ခံစားချက်ကို အရောင်များနဲ့ဖော်ပြတတ်သူဖြစ်ပြီး သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်ဆန္ဒကို ကြက်သီးထဖွယ်တွေ့မြင်ရတတ်ပါတယ်။ သူဟာပန်းချီကို အလွန်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အသက် ၂၇နှစ်မှစတင်ပြီး ပန်းချီဆွဲခဲ့တာပါ။ လောကမှ နာမည်အကျော်ကြားဆုံးနဲ့ ကံအဆိုးဆုံး ပန်းချီဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အချိန်မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ။ သူ့ခေတ်က ပန်းချီပညာရှင်အများစုက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် ခေတ်သစ်ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြပါဘူး။ သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီး နှစ်၃၀ဆယ်ခန့်ကြာမှ စတင်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်တိုင်အောင်သူ့ကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမယ့် ၁၀နှစ်လုံးလုံး ပန်းချီဆွဲတဲ့အလုပ်ကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဇောက်ချလုပ်ခဲ့ပါတယ်။ အသက် ၃၇နှစ်မှာသေဆုံးခဲ့ပြီး ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်တာ ကာလတစ်လျှောက်မှာပန်းချီကားချပ်ပေါင်း ၁၆၀၀ခန့်ရေးဆွဲခဲ့ပါတယ်။…