Author: Baby Yit Lone
-

📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်
ခရီးသွားဖို့ ပြင်ဆင်နေသူများအနေနဲ့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုတလော လမ်းခရီးမှာ စစ်ဆေးမှုတွေ တော်တော်လေး တင်းကျပ်နေပါတယ်…။ ✅ ခရီးစဉ် ရွေးချယ်မှု ခရီးထွက်ရင် ညအိပ်ရက်ကျော်တာမျိုးထက် တစ်ရက်အတွင်း အရောက်သွားနိုင်မယ့် ခရီးစဉ်မျိုး ကိုသာ ရွေးချယ်ကြဖို့ အကြံပြုပါရစေ။ ✅ ယာဉ်အမှတ်နှင့် ရက်သတ်မှတ်ချက် စုံကား (နံပါတ်အဆုံးစာလုံး စုံဂဏန်း) များသည် စုံရက် တွင် ထွက်ရန်။ မကား (နံပါတ်အဆုံးစာလုံး မဂဏန်း) များသည် မရက် တွင် ထွက်ရန်။ 📍 လက်ရှိအခြေအနေ အခု ချောင်းသာဘက်ကို သွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောင်းကုန်း နှင့် ပုသိမ် ဘက်မှာ အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။…
-

ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး
လတ်တလော ရန်ကုန်မြို့နယ်တွေမှာ EPC ရဲ့ ဓာတ်တိုင်တွေပေါ် တရားမဝင် သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချနေပါတယ်။ ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ “လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင်…
-

မန္တလေးမြို့လယ်ခေါင် နေ့ခင်းကြောင်တောင်ကြီးမှာတင် KBZ ဘဏ် (စက်မှုပန်းခြံဘဏ်ခွဲ) ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံရ
မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေဟာ တကယ်ပဲ စိုးရိမ်စရာကောင်းလာပြီလား? ဒီနေ့ မတ်လ ၁၃ ရက်၊ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် ၄၂ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးက ရဲရဲတင်းတင်း ဝင်ရောက်ဓားပြတိုက်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင် အချိန်ကြီး အခုလို လက်နက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဝန်းကျင်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဓားပြတိုက်သူ အမျိုးသား ၂ ဦးဟာ Scoopy i ဆိုင်ကယ်အမည်းရောင်ကို စီးနင်းလာတာဖြစ်ပြီး၊ ဂျင်းဘောင်းဘီအပြာနဲ့ ဖလန်ထည်အကျီတွေကို ဝတ်ဆင်ထားကာ သေနတ် ၂ လက်…
-

QR တွေတူနေလို့ ဆီဆိုင်မှာကွိုင်တတ်နေကျပြီ
မော်တော်ယာဉ်များ QR စနစ်ဖြင့် စက်သုံးဆီဖြည့်ရာတွင် Barcode မှားယွင်းမှုကြောင့် ဆီဖြည့်ခွင့် မရသူများရှိ၊ စက်သုံးဆီဈေး ၆၀၀ ကျော်အထိ မြင့်တက်လာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီချွေတာရေးအဖြစ် စစ်ကော်မရှင်က အသစ်ကျင့်သုံး လိုက်သည့် QR Code စနစ်ဖြင့်စက်သုံးဆီ ဖြည့်ရာတွင် မော်တော်ယာဉ်အများအပြား၌ wheel Tax ပါ barcode မှားယွင်းမှုများကြောင့် ဆီဖြည့်ခွင့်မရကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယမန်နေ့ မတ် ၁၂ ရက်နေ့က barcode စနစ်ဖြင့်ဆီဖြည့်သွင်းရန် ထုတ်ပြန်ပြီးနောက် ယနေ့မှာပင် အခက်အခဲများစွာကြုံတွေ့ရခြင်းဖြစ်သည်။ ယာဉ်ပိုင်ရှင်အချို့မှာ ဆီတစ်ကြိမ်မျှ ဖြည့်တင်းရ ခြင်းမရှိသေးသော်လည်း Barcode ဖတ်ရာတွင် “ဆီဖြည့်ပြီးသား” ဟု အနီရောင်ပြနေခြင်း၊ ယာဉ်နံပါတ် မှားယွင်းနေခြင်းတို့ကြောင့် ဆီဆိုင်များက ရောင်းချပေး၍ မရကြောင်း သိရသည်။ “…
-

ရန်ကုန်မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့်ပမာဏ သတ်မှတ်
ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။ ဒီနေ့ မတ်လ ၁၃ရက်ကစပြီး ဓာတ်ဆီ (၉၂ နဲ့ ၉၅) အတွက် တစ်ရက်ကို ဆိုင်ကယ်၊သုံးဘီးနဲ့ အိုးဝေ က ၃လီတာ နဲ့ အိမ်စီးကား၊ တက္ကစီကားတွေအတွက် ၁၅ လီတာပဲရောင်းရမယ်လို့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်းအစိုးရက သတ်မှတ်လိုက်ပါတယ်။ ဒီဇယ်နဲ့အဆင့်မြင့်ဒီဇယ်ဆီက အိမ်စီးကား၊ Light Truck တွေကို ၂၅ လီတာနဲ့ ခရီးသည်တင်ယာဥ်၊ကုန်တင်ကားတွေအတွက် လီတာ ၅၀၊ ကုန်တင်တွဲကား ကြီးတွေက လီတာ ၁၅၀ ပဲရမယ်လို့ စက်သုံးဆီဆိုင်တချို့ရဲ့ဝန်ထမ်းတွေထံကနေ သိရပါတယ်။ “အခုက ယာဥ်ငယ်ဆို ငါးသောင်းဖိုး ပဲရောင်းရတာ။ ကုန်တင်ကားတွေကိုက တစ်သိန်း ဖိုး။ဒီလောက်ပဲ။ဆီဆိုင်နဲ့ချိတ်ထားတဲ့ ယာဥ်တွေကို တော့ ဆီပိုပေးရတယ်”လို့ Max…