Author: Baby Yit Lone
-

မူဆယ်တွင် စစ်ကောင်စီတပ်ထိပ်ပိုင်း ပြောင်းလဲပြီးနောက် ကျားဖြန့်နှင့် လောင်းကစားရုံများကို ဝင်ဖမ်း
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ တပ်ထိပ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကျားဖြန့် နှင့် လောင်းကစားရုံများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြောင်းအလဲကို မတ် ၁၈ ရက်က စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ရဟတ်ယာဥ်များ အဆင်းအတက်မှာ ယနေ့ မတ် ၂၀ ရက်အထိ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ “ခေါင်းပေါင်းတွေ ပြောင်းတော့ ထုံးစံအတိုင်း အဖမ်းပြတာပေါ့။ ရဲနဲ့ အခြားသူတွေလည်း ပြောင်းတယ်၊ အဓိက ဗိုလ်မှူးကြီး နိုင်မျိုးထွန်း ပြောင်းသွားတာပဲ။ အသစ်ပြောင်းလာတာတော့ မသိသေးဘူး” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ ထို့နောက် ဖမ်းဆီးမိ တရုတ်နိုင်ငံသားများကို လဝကမှ စိစစ်ရေး ပြုလုပ်နေကြောင်းနှင့် ဦးရေ မည်မျှ ဖမ်းမိသည်ကိုမူ မသိဟု ဆိုသည်။…
-

စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံးဈေး စံချိန်တင်မြင့်တက်
စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းစျေးတွေ ဒီဇယ်တစ်လီတာကို ကျပ် ၅၀၀၀နီးပါးအထိ စံချိန်တင်မြင့်တက်လာတယ်လို့ မော်တော်ယာဥ်မောင်းတွေက ပြောပါတယ်။ အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့(မတ်လ ၂၀ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် ဖြစ်ပါတယ်။ အခု စက်သုံးဆီစျေးက ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်သက််ရောက်မှုတွေနဲ့အတူ အခြေခံလူထုက ကြပ်တည်းမှုတွေ ထပ်ဆင့်ပိုကြုံရလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။ “စက်သုံးဆီ အားလုံးနီးပါးက အရင်ကထက်…
-

ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ
ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ စီဆွဲကျေးရွာမှာ ၃ လနီပါး အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအတွက် ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စလင်းမြို့နယ် တညောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ ကပစ(၂၁)ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေကို တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးထားရာ ပြုပြင်ဖို့အတွက် စီဆွဲကျေးရွာမှာ အင်အား ၃၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါး အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဆိုပါစစ်ကြောင်းကို…
-

Follower တစ်သိန်းရှိသော Creator များကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ နှင့် Follower တစ်သန်းထက် ကျော်သူများကို တစ်လလျှင် ဒေါ်လာ ၃၀၀၀ အထိပေးရန် Meta စီစဉ်
Follower တစ်သိန်းရှိသော Creator များကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ နှင့် Follower တစ်သန်းထက် ကျော်သူများကို တစ်လလျှင် ဒေါ်လာ ၃၀၀၀ အထိပေးရန် Meta စီစဉ် Follower တစ်သိန်းနှင့် တစ်သန်းထက်ကျော်လွန်သော Creator များအနေဖြင့် အမေရိကန် ဒေါ်လာ ထောင်ဂဏန်းအထိ ရရှိနိုင်မည့် အခွင့်အရေး တစ်ခုကို Meta ကုမ္ပဏီက Creator Fast Track အစီအစဉ်ဖြင့် မိတ်ဆက်ထားသည်။ Meta ကုမ္ပဏီက Creator Fast Track အစီအစဉ်မှာ TikTok နှင့် YouTube မှ နာမည်ကျော် Content Creator များကို Facebook ပေါ်သို့ ဆွဲဆောင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ အခြားလူမှုကွန်ရက်များတွင်…
-

NUG လက်အောက်ခံ ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း စီးနင်းခံရ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို စစ်ကော်မရှင်တပ်က စီးနင်းမီးရှို့သွား၍ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်များ ဆုံးရှုံးသွားကြောင်း ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းက ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်ဖွဲ့ သည် ၎င်းတို့ စခန်း ရှိရာနေရာကို မတ်လ ၇ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “စစ်တပ်ဆီ ခိုလှုံသွားတဲ့ BNRA မှ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တချို့ရဲ့ဦးဆောင်လမ်းပြမှုနဲ့ မိမိတို့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) က စီးနင်းခံရပေမဲ့ သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေက အထိအခိုက် မရှိဘဲ ဘေးကင်းစွာ ရွှေ့ ပြောင်းနိုင်ခဲ့ပါတယ်” ဟု တပ်ရင်း၏…