Author: Baby Yit Lone

  • Kaantha

    Kaantha

    Kaantha(2025) အချစ်ရဆုံးသူ ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးLucky Baskhar လိုမျိုး နာမည်ကျော်ကားတွေနဲ့ အားလုံးရဲ့အသည်းစွဲ မင်းသားချောလေး Dulquer Salmaan ရဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ​1950ခုနှစ် မဒရပ်စ်(Madras)ရုပ်ရှင်လောကမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို အခြေခံထားပြီး ဒါရိုက်တာ အိုင်ယာနဲ့သူ့ရဲ့တပည့်အရင်းဖြစ်သူ King of acting လို့တောင်တင်စားရတဲ့ မင်းသား တီကေမဟာဒေဗန်တို့ရဲ့ ကြားကရှုပ်ထွေးတဲ့ဆက်ဆံရေး… ဒါရိုက်တာ အိုင်ယာရဲ့ဖြစ်ရပ်မှန်အခြေခံရိုက်ကူးတဲ့ ရုပ်ရှင်ကို တပည့်ဖြစ်သူတီကေမဟာဒေဗန်က Shaantha မှ Kaantha သို့ပြောင်းလဲရန် ကြိုးစားရာမှ အတ္တ မနာလိုမှုနှင့်သစ္စာဖောက်မှုများပေါ်ပေါက်လာပြီး ရိုက်ကွင်းပေါ်မှာလူသတ်မှုဖြစ်ရာမှစုံစမ်းစစ်ဆေးရေးမှူးက ၎င်းအမှုကို လျှို့ဝှက်စုံစမ်း‌ဖော်ထုတ်ရတဲ့ ရာဇဝတ်မှုစုံထောက်ဇာတ်လမ်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

  • Wake Up Dead Man: A Knives Out Mystery

    Wake Up Dead Man: A Knives Out Mystery

    Wake Up Dead Man: A Knives Out Mystery (2025) ဒီရုပ်ရှင်ကတော့ ပရိသတ်တွေ အားပေးကြတဲ့ Knives Out စီးရီးရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး နာမည်ကျော် စုံထောက်ကြီး Benoit Blanc (ဘီနွိုက် ဘလန့်ခ်) အဖြစ် Daniel Craig ကပဲ ပြန်လည်ဦးဆောင် ပါဝင်ထားပါတယ်…. ဇာတ်လမ်းအကျဉ်း ဒီတစ်ခါ ဇာတ်လမ်းကတော့ နယူးယောက်မြို့ မြောက်ပိုင်းက ဝေးလံတဲ့ ဒေသတစ်ခုမှာရှိတဲ့ ကက်သလစ် ဘုရားကျောင်းတစ်ခုကို နောက်ခံထားပါတယ်။ ဇာတ်လမ်းအစမှာ ဖာသာ ဂျဒ်လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ပြဿနာတစ်ခုကြောင့် ဒီနယ်က ဘုရားကျောင်းကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ အဲဒီဘုရားကျောင်းကို အုပ်ချုပ်နေတာကတော့ သြဇာအာဏာကြီးပြီး ဒေါသကြီးတဲ့ မွန်ဆီညော် ဝစ်ခ်စ် ဖြစ်ပါတယ်။ တစ်ရက်မှာတော့……

  • Look Away

    Look Away

    Look Away (2018) မာရီယာဟာ ပြည့်စုံချမ်းသာတဲ့ မိဘတွေဆီကနေမွေးဖွားလာပေမယ့် လူတောမတိုးရဲသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုတွေပျောက်ဆုံးနေပြီး၊ မိဘတွေနဲ့ရော ကျောင်းမှာပါ ဆက်ဆံရေးအဆင်မပြေတဲ့အထက်တန်းကျောင်းသူတစ်ဦးပါ။ တစ်နေ့တော့ အမြွှာနှစ်ဦးပုံနဲ့ ဆိုနိုဂရမ်တစ်ချပ်ကိုရှာတွေ့ခဲ့ပြီး သူတစ်ယောက်တည်းရေချိုးခန်းထဲမှာရှိနေချိန်မှာ မှန်ထဲက သူ့ပုံရိပ်ကသူ့ဟာသူလှုပ်ရှားလာပြီး သူနဲ့စကားပြောပါတော့တယ်။ အဲ့ဒီပုံရိပ်က သူ့ရဲ့ငယ်ဘ၀ဖြစ်စဉ်တွေ စိတ်ဒဏ်ရာတွေအားလုံးကိုသိထားရုံမကလက်ရှိကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ဖြစ်စဉ်တွေကိုပါ သိနေပြီး သူ့ကိုအပြင်ရောက်အောင်လုပ်ပေးနိုင်ရင် ဒါတွေအားလုံးကိုဖြေရှင်းပေးမယ့်အကြောင်းသူ့ကိုပြောလာပါတယ်။ ဒီလိုနဲ့သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားချိန်မှာတော့ မာရီယာတစ်ယောက် မှန်ထဲက သူ့နောက်တစ်ကိုယ်ကိုအပြင်ထွက်ခွင့်ပေးလိုက်မိပါတော့တယ်။ ဒါပေမယ့် သူမသိခဲ့တာက အဲ့ဒီလိုအပြင်ထွက်ခွင့်ပေးလိုက်တာဟာ သူနဲ့နေရာချင်းလဲသလိုဖြစ်သွားတဲ့အတွက် သူကတော့ မှန်နောက်ကိုရောက်သွားပြီး သူ့မိသားစု သူ့ပတ်ဝန်းကျင်မှာ ဒီကိုယ်ပွား မွှေသမျှကိုလက်ပိုက်ကြည့်ရတော့မယ့် အခြေအနေပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • Gold In Fire

    Gold In Fire (2025) စစ်ပွဲတွေနဲ့ ပြည်တွင်းပဋိပက္ခတွေ ဖြစ်နေချိန်မှာ ဖန်ဝမ်ရွှမ် ဆိုတဲ့ ခေါင်းဆောင်တစ်ဦးဟာ ရှီးဟွားဆွေ့ တိုက်ပွဲမှာ ရန်သူ့ဆီ ထွက်ပြေးပြီး သစ္စာဖောက်သွားခဲ့တယ်။ ဒီကိစ္စကြောင့် အမှတ် ၈ တပ် ကနေ ဝမ်ကျင်း ကို ဦးဆောင်ပြီး ဖန်ဝမ်ရွှမ်ကို ဖယ်ရှားပစ်ဖို့အတွက် အထူးလှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ အမိန့်ပေးလိုက်တယ်။ ဖန်ဝမ်ရွှမ်က ဂျပန်အမျိုးသမီးတစ်ဦး ကို ခေါ်ပြီး သူ့ရဲ့ ဖန်မိသားစုရွာကို ပြန်လာတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး၊ တခြား အဖွဲ့တစ်ဖွဲ့က အမှတ် ၈ တပ်ရဲ့ သစ္စာဖောက် နှိမ်နင်းရေးအဖွဲ့အယောင်ဆောင် ပြီး ရွာကို ဝင်စီး ဖန်ဝမ်ရွှမ်ကို သတ်ကာ မင်္ဂလာလက်ဆောင်တွေကို လုယူသွားခဲ့တယ်။ ဒါကြောင့် အပြစ်က အမှတ် ၈…

  • Haunted Mountains: The Yellow Taboo

    Haunted Mountains: The Yellow Taboo

    Haunted Mountains: The Yellow Taboo (2025) ထိုင်ဝမ်မှာ ဒဏ္ဍာရီတစ်ခုရှိပါတယ်။ အဲဒါကတော့ တောင်တက်နေတဲ့အချိန် လမ်းပျောက်သွားတဲ့အခါ မိုးကာအင်္ကျီအဝါနဲ့ လူတစ်ယောက်ကို တွေ့လိမ့်မယ်။ သူကမြူခိုးတွေကြားမှာ လမ်းညွှန်ပြပြီးပျောက်သွားတတ်တယ်တဲ့။ ကျားမင်၊ ယွိရှင်း နဲ့အန်းဝေတို့ဟာ တက္ကသိုလ်တောင်တက်အဖွဲ့က သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ တစ်ခေါက်မှာတော့ သူတို့(၃)ယောက်ဟာ တောင်တက်ရင်းလမ်းပျောက်သွားခဲ့ပါတယ်။ လမ်းတစ်လျှောက်အဝတ်စအဖြူတွေနဲ့ အမှတ်အသားလုပ်ခဲ့ပေမယ့် တစ်နေရာထဲကိုပဲ ပြန်ရောက်ရောက်သွားပြီး အဆုံးမရှိတဲ့ သံသရာတစ်ခုမှပိတ်မိနေသလိုပါပဲ။ အားလုံးစိတ်တွေရှုပ်ထွေးနေတဲ့အချိန်မှာပဲ မြူတွေကြားထဲမှာ မိုးကာအင်္ကျီအဝါနဲ့လူတစ်ယောက်ကို ဝေဝေဝါးဝါးမြင်လိုက်ရတာကြောင့် သူတို့(၃)ယောက်အတွက် မျှော်လင့်ချက်လေးတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့မသိခဲ့တာက အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပြီးတော့ တကယ့်အိပ်မက်ဆိုးက အဲဒီအချိန်မှပဲ စတင်တော့မှာဖြစ်ပါတယ်။