Look Away

Look Away

Look Away (2018)

မာရီယာဟာ ပြည့်စုံချမ်းသာတဲ့ မိဘတွေဆီကနေမွေးဖွားလာပေမယ့် လူတောမတိုးရဲသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုတွေပျောက်ဆုံးနေပြီး၊ မိဘတွေနဲ့ရော ကျောင်းမှာပါ ဆက်ဆံရေးအဆင်မပြေတဲ့အထက်တန်းကျောင်းသူတစ်ဦးပါ။

တစ်နေ့တော့ အမြွှာနှစ်ဦးပုံနဲ့ ဆိုနိုဂရမ်တစ်ချပ်ကိုရှာတွေ့ခဲ့ပြီး သူတစ်ယောက်တည်းရေချိုးခန်းထဲမှာရှိနေချိန်မှာ မှန်ထဲက သူ့ပုံရိပ်ကသူ့ဟာသူလှုပ်ရှားလာပြီး သူနဲ့စကားပြောပါတော့တယ်။

အဲ့ဒီပုံရိပ်က သူ့ရဲ့ငယ်ဘ၀ဖြစ်စဉ်တွေ စိတ်ဒဏ်ရာတွေအားလုံးကိုသိထားရုံမကလက်ရှိကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ဖြစ်စဉ်တွေကိုပါ သိနေပြီး သူ့ကိုအပြင်ရောက်အောင်လုပ်ပေးနိုင်ရင် ဒါတွေအားလုံးကိုဖြေရှင်းပေးမယ့်အကြောင်းသူ့ကိုပြောလာပါတယ်။

ဒီလိုနဲ့သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားချိန်မှာတော့ မာရီယာတစ်ယောက် မှန်ထဲက သူ့နောက်တစ်ကိုယ်ကိုအပြင်ထွက်ခွင့်ပေးလိုက်မိပါတော့တယ်။

ဒါပေမယ့် သူမသိခဲ့တာက အဲ့ဒီလိုအပြင်ထွက်ခွင့်ပေးလိုက်တာဟာ သူနဲ့နေရာချင်းလဲသလိုဖြစ်သွားတဲ့အတွက် သူကတော့ မှန်နောက်ကိုရောက်သွားပြီး သူ့မိသားစု သူ့ပတ်ဝန်းကျင်မှာ ဒီကိုယ်ပွား မွှေသမျှကိုလက်ပိုက်ကြည့်ရတော့မယ့် အခြေအနေပါ။

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *