Author: Baby Yit Lone
-

ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ
ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြို့ခံနဲ့ စစ်ရေးအရင်းအမြစ်တချို့ဆီကပါ သိရပါတယ်။ အပိုင်း ၂ ရွေးကောက်ပွဲကို ပဲခူးတိုင်းထဲက မင်းလှ၊ ရေတာရှည်အပါအဝင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနဲ့ မိုးညိုစတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်မှာပါ။ “ဗုံးပေါက်တာလား လက်နက်ကြီးလားတော့မပြောတတ်ဘူး။ မနက် ၄ နာရီခွဲလောက်က ပေါက်ကွဲသံကြားခဲ့ရတာပါ။ အခုတော့ မြို့ကပုံမှန်လိုပါပဲ၊ မဲသွားထည့်နေတဲ့သူတွေလည်း ရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့…
-

ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေ
ဆေးရုံတွေရဲ့ ပေါ့ဆမှုတွေကို မပြောတော့ပဲနေမလို့ ဒါမဲ့လည်း သိသင့်ပြီး အားလုံးသတိထားရအောင်လို့ပါ။ ကျန်းမာရေးနဲ့ပက်သတ်ရင်ပေါ့လို့မရပါဘူးနော် နောက်မှထဖွင့်တဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းငယ်တွေဆို ပိုတောင် ယုံလို့မရပါဘူး။ အိမ်က ညီမလေးအငယ်ဆုံးလေးက 24 ရက်နေ့ညမှာ ဗိုက်စအောင့်ပါတယ် ပုံမှန်အောင့်နေကြပုံစံနဲ့စဖြစ်ပေမဲ့ ဒီတစ်ခါသူအောင့်တာက ဆေးရုံ တန်းပြေးရမဲ့ပုံလိုဖြစ်နေပြီး မျက်ခွံတွေ မျက်တောင်တွေကအစ ကောင်းကောင်းမခတ်နိုင်တော့လို့ 25 ရက်နေ့မနက်မှာ အိမ်နားက လှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ် အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က အူအတက်ယောင်တာဆိုပြီး တန်းပြောပါတယ်။ ခွဲစိတ်ရမယ်ပြောတော့ ကျွန်မတို့လည်း အချိန်မလင့်ခင်မှာ ခွဲမယ်ပြောတော့ သီးသန့်ခန်းမရသေးလို့ ဆရာလဲ ရက်ချိန်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီး ကျမတို့ကို စိတ်ချရအောင် Hall မှာထားပါတယ် တညလုံးလည်း ဗိုက်အောင့်နေတဲ့ ကလေးရဲ့ ကုတင်ကို ဘေးက ရွာသူမတွေက ခဏခဏလာဆောင့်လိုက် တွန်းလိုက်နဲ့ ပြောလို့လဲမရပဲ တညလုံး အတော်ခံလိုက်ရတယ်…
-

လင်းယုန် အစာကောက်ပြီ
” လင်းယုန် အစာကောက်ပြီ ” တျုတ်က ဖြဲခြောက်နေတဲ့ လျက်စစ်သံလိုက်စက်ကွင်း အသံလှိုင်းလနက် (Sonic Weapon) ကို အမေရိကန်က ဗင်နီဇွဲလား စစ်ဆင်ရေးမှာ အသုံးပြုပြပြီး သူ့ဆီမှာ ဘာလနက်ရှိကြောင်း ဒါကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ မာဒူရိုကို ဖမ်းဆီး ခေါ်ထုတ်သွားနိုင်ကြောင်း မက်ဆေ့ပေးလိုက်တာ တျုတ်ကြီး ငြိမ်ကျသွားတာပဲ ဒါကြောင့်နဲ့ ကျားဖျန့် ရှင်းလင်းရေးအတွက် ထိုင်းကို စစ်ရေးဆိုင်ရာ ပစ္စည်းတွေအပါ၀င် ဒေါ်လာ ၉၂ သန်းဖိုး ထောက်ပြလိုက်တော့ ထိုင်းက ကမ္ဘောဒီးယားစစ် ပြန်စမယ်လို အသံထုတ်ပြထားတာကို အမေရိကန် ထရန့်ကြီး မကန့်ကွက်တော့သလို ဒီအခြေနေတွေကို ရိပ်စားမိနေလို့ ကျားဖျန့်ဂိုဏ်းချုပ်ကို ဟွန်ဆန်က တျုတ်ကိုပေးပြီး ခမာမြေထဲကနေ ပထုတ် ခေါ်ထုတ်သွားတာပဲ မဟုတ်ရင် Sonic Weapon အသုံးပြုပြီး မာဒူရိုကို…
-

ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်
ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ်တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းစစ်တပ်စစ်ဆေးရေးစခန်းကို တော်လှန် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်များက ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က စစ်ကူအင်အား အပြည့်ဖြင့် ခုခံနေပြီး လက်နက်ကြီးများ လည်း အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။ “ဒီမနက် ၅ နာရီကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတာ။ ဆားဂွန်းမှာရှိတဲ့ စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို…
-

မောတောင်နယ်စပ်မှာ အဖမ်းခံရတာ တကယ်ပါ
နွေဦးတော်လှန်ရေး ဆရာတော် မြန်မာပြည် မောတောင်နယ်စပ်မှာ အဖမ်းခံရတာ တကယ်ပါ မောတောင် စစ်ဘေးရှောင်တွေကို ပြန်ဆင်းလှူ ကူညီရင်း ပူးပေါင်းလုပ်ကြံခံရတာပါ ကျတော်တို နယ်စပ် ပြန်ဆင်းကူညီတဲ့အခါမှာ ခက်အခဲတွေများကြီးပါ အခုလိုမျိုးတွေဖြစ်တဲ့အခါ ဘာမှလုပ်လိုမရတဲ့ အခြေနေပါ ကူညီရတာလဲ တကယ်မလွယ်ပါဘူးဗျာ ကူညီနိုင်အောင် ဝိုင်းဝန်း ကြိုးစားပေးကြပါ🙏 လူသိများ ထင်ရှားသူဖြစ်သည့် နွေဦးတော်လှန်ရေးဆရာတော်သည် မောတောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။ ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။ အမြန်ရှယ်ပေးခြင်းဖြင့်ကူညီကြပါ ပူးပေါင်းလုပ်ကြံမှုကြောင့် နွေဦးတော်လှန်ရေးဆရာတော်သည် မောင်တောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။ ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။ တိုင်ကြားထားတဲ့အမှုတွေကအရမ်းများသည်။ ကြီးလေးသည်ဟု သိရပါသည်။