Athena: Goddess of War (2011)

အက်ရှင်ကားကောင်းကောင်းလေးတွေကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ Iris ဇာတ်လမ်းတွဲလေးရဲ့ spin off ဖြစ်တဲ့ Athena: Goddess of War ဆိုတဲ့ Action, Thriller, Romance အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် ..
မင်းသား Jung Woo Sung, မင်းသမီး Park Soo Ae, မင်းသမီး Lee Ji Ah, မင်းသား Cha Seung Won, မင်းသား Kim Min Jong, Super Junior အဖွဲ့ဝင် Choi Si Won တို့က အဓိကပါဝင်ထားပြီးတော့ TVXQ အဖွဲ့ဝင် Max Changmin တို့လည်း Guest အဖြစ်ပါဝင်ထားပါသေးတယ်။
ဇာတ်လမ်းအညွှန်း
ယုတ်ညံ့ဆိုးဝါးလှတဲ့ စိတ်သဘောထားရှိတဲ့ ဆွန်းဟျော့ (Cha Seung Won) ဦးဆောင်တဲ့ Athena အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံနှင့်တကွ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာခဲ့ပါတယ်…
ဆွန်းဟျော့ရဲ့ ဆိုးဝါးရက်စက်လွန်းလှတဲ့ အစီအစဉ်ကို တားဆီးဖို့အတွက် နိုင်ငံ့လုံခြုံရေးအေဂျင်စီ အဖွဲ့ဝင် အီဂျောင်အူ (Jung Woo Seung) တစ်ယောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံ သမ္မတရဲ့ သမီးဖြစ်သူ အီတလီနိုင်ငံမှာ ပြန်ပေးဆွဲခံရမှုကိုပါ လိုက်လံစုံစမ်းရင်း .. ဂျောက်အူနဲ့ သူ့အဖွဲ့သားတွေက ဘယ်လို ကြိုးစားပြီး ဓားစာခံကို အန္တရာယ်ကင်းကင်း ပြန်ခေါ်လာပေးသွားမလဲ
ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ရန်သူ့ဘက်က အသွင်ယူ သူလျှိုဖြစ်တဲ့ ယွန်းဟယ်အင်း (Park Soo Ae) ကို ချစ်မိသွားတဲ့အခါမှာတော့ ..
အချစ်နဲ့ တာဝန်ရောယှက်နေတဲ့ အခိုက်အတန့်တွေမှာ ဂျောင်အူတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို Athena: Goddess of War ဆိုတဲ့ 2011 ခုနှစ်ထွက် ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးနော် ..


Leave a Reply