Author: Baby Yit Lone

  • ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

    ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

    ငွေကြေးအခက်အခဲကြောင့် ဖခင် မိမိကိုယ်ကိုသတ်သေမှု၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုတွင် မိသားစုဝင်တစ်ဦး ပါဝင်ပတ်သက်နေ အသက် ၃၀ ကျော်အရွယ် ဖခင်တစ်ဦးနှင့် ၎င်း၏ ကလေးငယ်လေးဦးကို Ulsan၊ Ulju ကောင်တီရှိ ဗီလာတစ်ခုတွင် သေဆုံးလျက်တွေ့ရှိခဲ့ရပြီး မိသားစုသည် မကြာသေးမီက ငွေကြေးအခက်အခဲများနှင့် ရုန်းကန်နေရကြောင်း သတင်းများက အတည်ပြုထားသည်။ Ulju ကောင်တီနှင့် Ulju ရဲစခန်း၏ အဆိုအရ ၁၉ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် မစ္စတာ A (အသက် ၃၄ နှစ်) နှင့် ၎င်း၏ အရွယ်မရောက်သေးသော ကလေးလေးဦး၏ အလောင်းများကို Ulju ကောင်တီ၊ Onsan-eup ရှိ ဗီလာတစ်ခုတွင် ၁၈ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် တွေ့ရှိခဲ့သည်။…

  • ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောငး သိရှိရသည်။ “ရပ်ကွက်…

  • ဖခင်ဖြစ်သူ နောက်မိန်းမနဲ့အဆင်ပြေဖို့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ မောငိနှမလ၂ ယောက်

    ဖခင်ဖြစ်သူ နောက်မိန်းမနဲ့အဆင်ပြေဖို့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ မောငိနှမလ၂ ယောက်

    မြင်တွေ့လိုက်ရတာ ရင်ထဲကိုမြားတစ်စင်းနဲ့ ပစ်ခွင်းလိုက်သလို နာကျင်ခံစားရပါတယ် ကလေးတို့ရယ်😪 အဖေနဲ့အတူ နေချင်တယ် တဲ့ လေ … ကလေးတို့ရယ် မင်းတို့လေး‌တွေထက် ပိုပြီးချစ်ရတဲ့ မိန်းမတယောက် အနားမှာရှိ‌နေပြီမို့ သူ့ဘဝထဲမှာ မင်းတို့လေးတွေမလိုအပ်တော့လို့ မိဘမဲ့ကျောင်းကို သူကိုယ်လိုက်ပို့ခဲ့တာပေါ့ .. ဟုတ်ပါတယ် ဒီမောင်နှမလေး၂ယောက်က တမူးဘက်ကပါ။ အမေဖြစ်သူက ဆုံးပါးသွားခဲ့ပါပြီ။ အဖေဖြစ်သူကလည်း နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့ အဖေဖြစ်သူကိုယ်တိုင်နဲ့ ကလေးတွေရဲ့ အဒေါ်ဖြစ်သူတို့က မိဘမဲ့ကျောင်းကို လာပို့သွားတာ ဖြစ်ပါတယ် ….. ကံဆိုးလိုက်ကြတာ ဖခင်တယောက်လုံး ရှိပါသေးလျက်နဲ့ ကလေးတွေ မိဘမဲ့ခဲ့ရပြီ အဖေလို့ ခေါ်ခွင့်လေးတွေ ဆုံးရှုံးခဲ့ရပြီ ….😪 နောက်ထပ် သူစိမ်းမိန်းမတယောက်အပေါ်မှာတောင် ချစ်ခြင်းမေတ္တာတွေ ထားနိုင်ခဲ့သေးတာ ကိုယ့်သွေးကမွေးတဲ့ ရင်သွေးလေးတွေအတွက် ရှိပြီးသား ချစ်ခြင်းမေတ္တာတွေကို ဘာ့ကြောင့်များ ဆက်ပြီး မရှင်သန်စေခဲ့ရတာလဲ ……

  • ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် လွှတ်တော် အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွား

    ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် လွှတ်တော် အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွား

    ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဟားခါးမြို့ပေါ် ချင်းဦးစီးရပ်ကွက်ရှိ အကြမ်းဖက် ပြည်နယ် လွှတ်တော် အဆောက်အဦးတွင် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပစ်ခတ်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား အများအပြား ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ဟားခါးမြို့ပေါ်မှာ ဒီနေ့ စစ်ခွေးတွေရဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပဖို့ ပြုလုပ်နေတုန်း…

  • မူဆယ်တွင် စစ်ကောင်စီတပ်ထိပ်ပိုင်း ပြောင်းလဲပြီးနောက် ကျားဖြန့်နှင့် လောင်းကစားရုံများကို ဝင်ဖမ်း

    မူဆယ်တွင် စစ်ကောင်စီတပ်ထိပ်ပိုင်း ပြောင်းလဲပြီးနောက် ကျားဖြန့်နှင့် လောင်းကစားရုံများကို ဝင်ဖမ်း

    ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ တပ်ထိပ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကျားဖြန့် နှင့် လောင်းကစားရုံများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြောင်းအလဲကို မတ် ၁၈ ရက်က စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ရဟတ်ယာဥ်များ အဆင်းအတက်မှာ ယနေ့ မတ် ၂၀ ရက်အထိ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ “ခေါင်းပေါင်းတွေ ပြောင်းတော့ ထုံးစံအတိုင်း အဖမ်းပြတာပေါ့။ ရဲနဲ့ အခြားသူတွေလည်း ပြောင်းတယ်၊ အဓိက ဗိုလ်မှူးကြီး နိုင်မျိုးထွန်း ပြောင်းသွားတာပဲ။ အသစ်ပြောင်းလာတာတော့ မသိသေးဘူး” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ ထို့နောက် ဖမ်းဆီးမိ တရုတ်နိုင်ငံသားများကို လဝကမှ စိစစ်ရေး ပြုလုပ်နေကြောင်းနှင့် ဦးရေ မည်မျှ ဖမ်းမိသည်ကိုမူ မသိဟု ဆိုသည်။…