Author: Baby Yit Lone
-

DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ
မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာရှိ DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တရုတ်နိုင်ငံသား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့် ကာစီနိုရုံတစ်ခုကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်း (Kamikaze Drone) များအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့် မြဝတီမြို့တောင်ဘက်၊ ဖလူးလေးကျေးရွာအရှေ့ဘက်ရှိ DKBA ထိန်းချုပ်ရာနယ်မြေအတွင်းမှ “ကျွန်းတောကာစီနိုရုံ” သို့…
-

ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးမှ ဖယ်ရှားခံရ
စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း နေရာတွင် ဗိုလ်မှူးချုပ် ရဲရင့်အောင်ဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။ စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်က ၈၁ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူ ပြိုင်ပွဲ၌ ဆုရရှိသူများကို ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း စစ်ကော်မရှင်သတင်းများက ဖော်ပြ ထားသည်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC)၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ဇော် မင်းထွန်းသည် မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သော စစ်ခေါင်းဆောင် ခွဲစိတ်ကုသမှုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။ တဖက်တွင်လည်း…
-

ရန်ကုန်မြို့ဟာ ကမ္ဘာ့တတိယမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေ
မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့စာရင်းမှာ နံပါတ် ၃ နေရာ ရောက်ရှိနေပြီး ဒီမနက် ၁၀ နာရီ IQAir ရဲ့ တိုင်းတာချက်အရ AQI (Air Quality Index) လေထုအရည်အသွေး အညွှန်းကိန်း ၁၆၉ မှာ ရှိနေပါတယ်။ ဒါဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့် အနီရောင်အခြေအနေဖြစ်ပြီး လူတိုင်းအတွက် ကျန်းမာရေး သက်ရောက်မှုတွေ စတင်ရှိလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကတော့ ကျန်းမာရေး ကောင်းမွန်တဲ့ သာမန်လူတွေအနေနဲ့ အသက်ရှူရခက်ခဲတာ၊ လည်ချောင်းယားတာ၊ မျက်စိစပ်တာနဲ့ အနည်းငယ် မောပန်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အတွက်တော့ ဒီအဆင့်ဟာ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်မှာ နေထိုင်ကြသူတွေအနေနဲ့လည်း အပြင်ထွက်နိုင်ပေမဲ့ အကာအကွယ်…
-

စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
ရခိုင်စစ်မျက်နှာ၏ ၁၆ လကာလအတွင်း စစ်ကောင်စီ၏ ထိပ်တန်းစစ်အရာရှိကြီး ၂၂ ဦး ကျဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ဒုတိယအကျော့ စစ်ဆင်ရေးကာလ (၁၆) လဝန်းကျင်အတွင်း စစ်ကောင်စီဘက် မှ ဒုတိယတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးအဆင့်ရှိ အဆင့်မြင့်စစ်အရာရှိကြီး ၂၂ ဦးအထိ သေဆုံးခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ကောက်ယူထားသော စာရင်းအရ သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် AA ၏ ထိုးစစ်ဆင်မှုများသည် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ ပြင်းထန်ခဲ့ပြီး၊ ထိုကာလအတွင်း တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ ဗျူဟာစခန်းများနှင့် တပ်ရင်းဌာနချုပ်များကို AA…
-

အကြမ်းဖက်စစ်အုပ်စုအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော
စစ်တပ်တွင် မည်သူခေါင်းဆောင်မည်ဖြစ်စေ စစ်တပ်လမ်းစဉ်အတိုင်း သွားမည်ဟု ဒုစစ်ခေါင်းဆောင်ပြော ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်တပ်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်လာပြီး စစ်တပ်လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လမ်းသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။ နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် ယနေ့ မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစားအရာရှိများကို စစ်တပ်မိသားစုများမှ သွားရောက်ကန်တော့သည့် အခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ် လာမည်ဖြစ်ပြီး မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနှင့်တပ်မတော်၏ခေါင်းဆောင်အစဉ်အဆက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ လမ်းညွှန်ချက်များအတိုင်း စစ်ပညာရပ်အတိုင်း ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်ဟု ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ ထို့အပြင် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ…