Author: Baby Yit Lone
-
လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကော်မ ရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကော် မရှင်၏ တပ်စခန်းအချို့ကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်အတွင်း စက်စက်ယိုကျေးရွာနှင့် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီးနောက် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်ရှိ ရှေ့တန်းစခန်းအချို့ကို AA နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စက်စက်ယိုတစ်ဝိုက်က အကုန် AA သိမ်းထားတာ။ အခုသဲနုကုန်းဘက်မှာပါ AA က နယ်မြေချဲ့ လာနိုင်တယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကို အားကိုးပြီးတိုက်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စခန်းများအသိမ်းခံရပြီးနောက် စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ…
-

လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်
အင်းစိန်ထောင်ရှေ့မှာ ပရိသတ်တွေက သွားစောင့်နေကြပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက် ရဲတိုက် မလွတ်သေးပါတဲ့.. နောက်နှစ်နှစ်ဆန်းတစ်ရက်နေ့မှ လွတ်မှာပါတဲ့.. ဒီနေ့ရဲ့ လွတ်ငြိမ်းမှာ ပါလိုပါငြား fan တွေက သွားစောင့်ခဲ့ကြပေမယ့် ပါဝင်လာခြင်းမရှိသေးပဲ လာမယ့် ဧပြီလကျမှသာလွတ်မြောက်မယ့် သရုပ်ဆောင်ရဲတိုက် သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက ဒီနေ့ရဲ့ လွ.တ်ငြိမ်:မှာ သူတို့ချစ်တဲ့ သရုပ်ဆောင် ရဲတိုက် ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သွားစောင့်ခဲ့ကြတာပါ။ ဒါပေမယ့် သရုပ်ဆောင်ရဲတိုက်က ပါဝင်လာနိုင်ခြေ သိပ်မရှိသေးဘူးလို့ တချို့က ဆိုထားတာပါ။ သူ့ရဲ့ fan လေးတွေကတော့ မျှော်လင့်ချက်လေးနဲ့ စောင့်မျှော်နေခဲ့ကြတာပါပဲ။ သူတို့လေးတွေက သရုပ်ဆောင်ရဲတိုက်အတွက် အမြဲလို သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ပို့ပေးနေကျသူလေးတွေလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက သူတို့မင်းသား ဒီနေ့မပါလာတဲ့အတွက်…
-

သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထား
မိတ္တီလာမြို့နယ်မှာ သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထားကာ တို့ဆေးနဲ့တို့ပြီး ရွှေထည်နဲ့ ငွေကြေးတွေယူဆောင်မှုဖြစ်ပွား မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ တစ်ယောက်ထဲနေတဲ့သက်ကြီးရွယ်အိုတွေနဲ့ အငြိမ်းစားတွေရဲ့ နေအိမ်တွေကို အဓိကပစ်မှတ်ထားကာ လှူဒါန်းလိုကြောင်းပြောဆိုပြီး တို့ဆေးနဲ့တို့ကာ နေအိမ်အတွင်းက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေယူဆောင်သွားတာတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က မိတ္တီလာမြို့ ကျီးတော်ကုန်းရပ်ကွက် နယ်မြေ(၄)မှာနေတဲ့ အငြိမ်းစား၀န်ထမ်းတစ်ဦးနေအိမ်ကို လူငယ် ၂ ယောက်ရောက်လာပြီး အဘတို့အရွယ် အသက်ကြီးသူတွေကို wifi၊ ဆိုဖာခုံတွေနဲ့ water cooler တွေ လိုက်လံလှူဒါန်းနေတာဖြစ်ကြာင်း၊ အမည်နဲ့အသက်ကို ရေးခိုင်းတာကြောင့် စာရွက်ကိုယူကာရေးပေးခဲ့ကြောင်း၊ အဲ့နောက် တခြားအိမ်တွေမှာ ကန်တော့ပြီးရင်လာမှာမလို့ အခင်းတွေခင်းခိုင်းကြောင်း၊ အိမ်ကိုပေကြိုးနဲ့တိုင်းခိုင်းလို့ တိုင်းခဲ့ရကြောင်း၊ ရွှေထည်သေတ္တာသော့တွေ မလုံခြုံလို့ သော့အသစ်လဲပေးမယ်ဆိုကာ ရွှေထည်တွေထုတ်ခဲ့ပြီး အဲ့အဖိုး…
-

The Long Way Home
The Long Way Home (2015) The Long Way Home ဆိုတဲ့ ဇာတ်ကားလေးမှာ Sul Kyung Gu, Yeo Jin Gooတို့ အဓိက ပါဝင်ထားပြီးတော့ ၁၉၅၀ နှစ်ဝန်းကျင် ကိုရီးယားစစ်ပွဲအတွင်း အပစ်အခတ်မရပ်စဲမီ တောင်ကိုရီးယားစစ်သားနဲ့ မြောက်ကိုရီးယားစစ်သားကြားမှာ ဖြစ်ပေါ်လာတဲ့ သူငယ်ချင်းသံယောဇဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ် .. စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှလူဆွဲခေါ်တဲ့အခါ တောင်ကိုးရီးယားဘက်ကလည်း လယ်သမားပါမကျန် အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ .. Nam-Bok (Sul Kyung Gu)ဟာ သာမန် တောင်ကိုရီးယားလယ်သမားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဆောင်ဖို့ကို ခေါ်ဆောင်ခံခဲ့ရလို့ စစ်တပ်ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Nam Bok…
-

ဒေါက်တာဆာဆာ NUG က နုတ်ထွက်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ထားကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။ ဒေါက်တာဆာဆာ နုတ်ထွက်သော အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက နုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးကလည်း ဒေါက်တာဆာဆာအနေဖြင့် NUG က ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမည့် အစိုးရ အဖွဲ့ထဲ ပါဝင်တော့မည် မဟုတ်ကြောင်းလည်း ပြောသည်။ လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကာ မကြာမီကာလ၌ ဝန်ကြီးဌာနအချို့အား ဦးစီးဌာနများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။ ဦးစီးဌာနအဖြစ်ပြောင်းလဲကာ ဝန်ကြီးဌာနဖျက်သိမ်းမည့်ထဲ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးထင်လင်းအောင် ဦးဆောင်သည့် ဆက်သွယ်ရေး၊…