Author: Baby Yit Lone
-

It Was Just an Accident
It Was Just an Accident (2025) ဒီနှစ် Palme d’Or ရခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို အော်စကာမှာ Best International Feature Film ရနိုင်ခြေရှိတဲ့ အီရန်ရုပ်ရှင်ပါ။ It Was Just an Accidentရဲ့ ဒါရိုက်တာ Jafar Panahiကို ရင်းနီးတဲ့လူတွေလည်း ရင်းနီးပြီးသားပဲ။ ပုံမှန်လည်း ရိုက်နေသလို လက်ရှိအီရန်ရုပ်ရှင်ရဲ့ အထင်ကရတစ်ယောက်လည်း ဟုတ်တယ်။ ရှော့ဖလင်တွေရိုက်နေရာကနေ ဂုရုကြီး Abbas Kiarostami ရုပ်ရှင်တွေကို သိပ်ကြိုက်ကြောင်းပြောရင်း Abbasဆီက အလုပ်တောင်းရာကနေ Through the Olive Treesမှာ လက်ထောက်ဒါရိုက်တာလုပ်ရင်း ဒါရိုက်တာဘဝစခဲ့တဲ့သူလို့ပြောရမယ်။ အဲဒီကနေ အခုထိ ခပ်စိပ်စိပ် ပုံမှန်ရိုက်နေပြီး feature film ၁၁ကားရိုက်ထားပြီးပြီ။ Cannesမှာ…
-

The Thing with Feathers
The Thing with Feathers (2025) မင်းသားကြီး Benedict Cumberbatch ရဲ့ ဆိုက်ကိုဒရာမာ ရုပ်ရှင်အသစ်ပါ။ သင်္ကေတသရုပ်ဖော်ကားမျိုးပါပဲ။ ဇနီးသည် ရုတ်တရက် ဆုံးပါးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဖခင်တစ်ယောက်နဲ့ သူ့ရဲ့ သားငယ်နှစ်ယောက်တို့ရဲ့ ဝမ်းနည်းပူဆွေးမှု ခရီးကြမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖခင်ဖြစ်သူဟာ ဇနီးသည်မရှိတော့တဲ့နောက် စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်နေရချိန်မှာ “ကျီးကန်း” တစ်ကောင် အိမ်ထဲကို ရောက်လာခဲ့ပါတယ်။ ဒီကျီးကန်းဟာ သာမန်ငှက်တစ်ကောင် မဟုတ်ဘဲ မိသားစုရဲ့ ဝမ်းနည်းပူဆွေးမှု၊ ဒေါသနဲ့ နာကျင်မှုတွေကို ကုစားပေးဖို့ ရောက်လာတဲ့ သင်္ကေတတစ်ခုသဖွယ် ဖြစ်နေပါတယ်။ သူက ဖခင်ဖြစ်သူကို မလိုအပ်တော့တဲ့အချိန်ထိ နေပေးမယ်လို့ ကတိပေးပြီး မိသားစုကို ပုံစံမျိုးစုံနဲ့ ကူညီပေးသွားပါတဲ့အကြောင်းကို နိမိတ်ပြသဘောမျိုးနဲ့ တင်ဆက်ထားတာပါ။ ကျီးကန်းဇာတ်ကောင်ရဲ့…
-

The Wave
The Wave (2015) ဒီကားလေးကတော့ Norway နိုင်ငံရဲ့ အလှဆုံး ခရီးသွားဒေသတစ်ခုဖြစ်တဲ့ Geiranger မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးက တောင်တွေကာရံထားပြီး ရှုခင်းအရမ်းလှပပေမယ့်၊ မြို့ရဲ့အထက်မှာ Åkerneset ဆိုတဲ့ တောင်ကြီးက အချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ မင်းသား Kristian က အဲဒီဒေသမှာတာဝန်ကျတဲ့ ဘူမိဗေဒပညာရှင် (Geologist) တစ်ယောက်ပါ။ သူက မိသားစုနဲ့အတူ မြို့ကြီးကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးရက်မှာပဲ တောင်ကြီးဆီက ထူးခြားတဲ့ မြေအောက်ရေ အပြောင်းအလဲနဲ့ Sensor အချက်ပြမှုတွေကို သတိထားမိလိုက်ပါတယ်။ သူ့စိတ်ထဲမှာ တစ်ခုခုလွဲနေပြီဆိုတာ အာရုံရနေပေမယ့် ခိုင်လုံတဲ့သက်သေမပြနိုင်ခင်မှာပဲ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပါတော့တယ်။ တကယ်တမ်းအန္တရာယ်ကျရောက်လာပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ Kristian တို့မိသားစု အချိန်မီလွတ်မြောက်နိုင်ပါ့မလား? တစ်မြို့လုံးက လူတွေရော ဘယ်လိုအသက်လုပြေးကြမလဲ? သဘာဝဘေးအန္တရာယ်က သူတို့ထင်ထားတာထက်…
-

Harsh Couture / Perrengue Fashion
Harsh Couture / Perrengue Fashion (2025) သဘာဝတရားဆိုတာ အင်မတန်မှ လှပပါတယ်။ ကျွန်တော်တိုတွေဟာ မသိလိုက်ဘဲ သဘာဝတရားကြီးကို ဖျက်ဆီးနေကြတယ်။ ဒီဇာတ်လမ်းလေးကတော့ သဘာဝတရားကြီးရဲ့ အလှတွေကိုပြရင်း မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ရိုက်ပြသွားတာ အင်မတန်လှပပါတယ်။ အမေဇုန်တောကြီးကို နောက်ခံထားရိုက်ထားတာမို ခမ်းနားတဲ့ ဇာတ်လမ်းဆိုတာ ငြင်းလိုမရပါဘူး။ ဇာတ်လမ်းအကျဉ်း လူမှုကွန်ရက်ပေါ်မှာ ဖက်ရှင်လောကရဲ့ နာမည်ကျော်အဖြစ် အောင်မြင်နေတဲ့ ပေါ်လ်လာပရာတာဟာ အမေများနေ့အတွက် သူ့သားနဲ့အတူ လုပ်ရမယ့် ကမ်ပိန်းတစ်ခုမှာ ပါဝင်ဖို ဖိတ်ကြားခံရပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ့ရဲ့သားနောက် လိုက်သွားရတယ်။ ဆိုးတာက သူ့ဟာဟာ အမေဇုန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဖြစ်နေတာပါ။ ဒါကြောင့် ဖက်ရှင်တွေနဲ့ လှလှပပနေရတဲ့ ပရာတာလည်း တောကြီးထဲ မအူမလည်နဲ့ ရောက်သွားပါတယ်။…
-

Sisu
Sisu (2022) ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။