No Sleep Till

No Sleep Till (2025)

ဒီဇာတ်ကားလေးကတော့ ဆွတ်ပျံ့ကြည်နူးစရာကောင်းပြီး နေ့စဉ်ဓူဝ တစ်ဝမ်းတခါး ရုန်းကန်လှုပ်ရှားနေရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ မေ့နေတဲ့သူတွေအတွက် အတွေးပေါက်စရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးက ဖလော်ရီဒါကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်လာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းထွက်ခွာနေရတဲ့အခြေအနေနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။

ခရီးသွားတွေလည်း ပြန်ကုန်ကြပြီး ဒေသခံအများစုကလည်း ဘေးလွတ်ရာ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီ မုန်တိုင်းရှောင်ဖို့ တာဆူနေချိန်မှာ မုန်တိုင်းကိုမမှုပဲ အဲဒီမှာပဲ ဆက်နေကြဖို့ ဆုံးဖြတ်လိုက်တဲ့ လူတချို့နဲ့ သူတို့ရဲ့ ရှုထောင့်တွေကို တစ်လှည့်စီ ရိုက်ပြထားတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်လို့ ဒီလိုနှစ်ကုန်ခါနီးမှာ အချိန်ပေးပြီး ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *