Author: Baby Yit Lone

  • မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရ

    မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက် အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်ခန်းမကို မြို့ပြ ကြွက်အဖွဲ့သားများက လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း မြောက်ဥက္ကလာမြို့နယ်ခန်းမ၌ လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ပေါက်ကွဲသံကတော့ တော်တော်ကျယ်လောင်တယ်။ ညအချိန် တိတ်ဆိတ်နေတော့ အသံပိုကြားရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး။ မြောက်ဥက္ကလာမြို့နယ် ရဲစခန်းထဲက ရဲခွေးတွေကော ထွေ/အုပ်ရုံးက…

  • Assalamualaikum Baitullah

    Assalamualaikum Baitullah

    Assalamualaikum Baitullah (2025) ၂၀၂၅ မှာ ထွက်တဲ့ ဇာတ်ကားဖြစ်ပြီး အဓိကအကြောင်းအရာကတော့ ဘဝရဲ့ဆုံးရှုံးမှုတွေကြားကနေ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခရီးကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အမီရာ (Amira) ဆိုတဲ့ အမျိုးသမီးဟာ တစ်ခါက သူ့ချစ်သူနဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပေမယ့် သစ္စာဖောက်မှုတစ်ခုကြောင့် သူ့ဘဝဟာ အပြောင်းအလဲကြီးဖြစ်သွားခဲ့ပါတယ်။ စိတ်ပျက်ဖွယ်ရာတွေ၊ ဝမ်းနည်းပူဆွေးမှုတွေနဲ့ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ပြီး ဘဝကို ဘယ်ကိုရှေ့ဆက်ရမှန်းမသိခဲ့ပါဘူး။ ဒီလိုနဲ့ သူမဟာ မက္ကာလိုသန့်ရှင်းရာဒေသကို ဘုရားဖူးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီခရီးစဉ်ဟာ ပြဿနာတွေကနေ ထွက်ပြေးတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ မျှော်လင့်ချက်အသစ်ကို ရှာဖွေတဲ့ခရီးတစ်ခုပါ ။ အဲဒီမှာ အမီရာဟာ အတိတ်ကို ခွင့်လွှတ်တတ်အောင် သင်ယူရင်း သူ့ရဲ့အားနည်းနေတဲ့စိတ်နှလုံးသားကို ပြန်လည်တည်ဆောက်ပြီး ဘုရားသခင်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်သွယ်မှုကို တည်ဆောက်သွားခဲ့ပါတယ် ။ ဒီခရီးစဉ်အတွင်းမှာ ဘာရာ (Barra)…

  • Unknown Number: The High School Catfish

    Unknown Number: The High School Catfish

    Unknown Number: The High School Catfish (2025) ဒီတစ်ခါမှာတော့ Netflixကနေအသစ်စက်စက်ထွက်ရှိထားတဲ့မှုခင်းမှတ်တမ်းရုပ်ရှင်တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ မှုခင်းမှတ်တမ်းတွေရိုက်လေ့ရှိတဲ့ Skye Borgman ဖြစ်ပါတယ်။ မီချီဂန်ပြည်နယ် ဘီးလ်ဆိုတဲ့ မြို့သေးသေးလေးမှာ ဆယ်ကျော်သက်လူငယ်စုံတွဲလေးဖြစ်တဲ့ အိုဝင်နဲ့လော်ရန်တို့ဟာ ပြင်းထန်တဲ့အွန်လိုင်းတိုက်ခိုက်မှုခံခဲ့ရပါတယ်။ ဘယ်သူမှန်းမသိတဲ့လူတစ်ဦးက သူတို့ဆီကို ကြမ်းတမ်းခက်ထန်တဲ့မက်ဆေ့ချ်တွေနေ့စဥ်ပို့ပြီး စိတ်ဒဏ်ရာရစေခဲ့ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိဘနှစ်ပါးဟာလည်း ရနိုင်သမျှသက်သေအချက်အလက်တွေစုပြီး သူတို့သံသယဝင်မိတဲ့သူတွေကိုစာရင်းပြုစုပြီး ရဲတွေကိုစစ်ဆေးမေးမြန်းခိုင်းပါတယ်။ ဒါပေမဲ့ ဘာမှမထူးဘဲ မက်ဆေ့ချ်ပို့တာတွေက နောက်တော့ပိုဆိုးလာတာကြောင့် FBI ပါ ပါဝင်ပြီးစုံစမ်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ အဲ့တော့မှ ထိုမက်ဆေ့ချ်တွေကို ပို့တဲ့ဖုန်းနံပါတ်ရဲ့ IPလိပ်စာကနေတစ်ဆင့်ရှာလိုက်မှ တရားခံကိုသိခဲ့ရပါတယ်။ အဲ့တရားခံကိုသိလိုက်ရတဲ့အချိန်မှာ လူတွေအားလုံးအံ့သြတုန်လှုပ်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့မှုခင်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ဒီဖြစ်ရပ်မှန်မှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကိုယ်တိုင် ဖြစ်ကြောင်းကုန်စဥ်အကုန်ပြောပြထားပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ တရားခံကဘယ်လိုမှ မထင်ထားခဲ့တဲ့သူဖြစ်နေတာကို တွေ့မြင်ခံစားရမှာပါ။

  • မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ

    မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ

    အွန့်လိုင်းမှာ ပြန့်​နေတဲ့ထိုင်းသတင်းမှာ ခုပုံထဲက မိန်ကလေးနဲ့ ယောကျာ်းလေးက လင်မယား မဟုတ်ဘဲ ကောင်လေးက မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကားပေါ်ကိုအတင်းဆွဲနေတာဖြစ်ပါတယ်။ မိန်းကလေးဘက်က ​ငြင်းနေတာကြောင့် လမ်းဘေးက ဖြတ်သွားတဲ့ထိုင်း အစ်ကိုတယောက်ကတွေ့လို့ ဝင်ကူညီဖို့ မေးလိုက်တယ် “ဘာဖြစ်ကြတာလဲ”လို့။ မိန်းကလေးက “အကိုရေကျမကိုတချက်ကူပါ သူကကျမယောကျာ်း မဟုတ်ဘူး အဓမ္မပြုကျင့်ဖို့ အတင်းခေါ်တာ”လို့ပြောတော့ ကောင်လေးဘက်က “ဒါ ကျွန်နော်မိန်းမပါ၊ သူများလင်မယားကြား လာမရှုပ်နဲ့”ဆိုပီး ကားပေါ်ကိုဆွဲခေါ်ပီးမောင်းပြေးတော့ ထိုင်းအစ်ကိုကလည်း အနောက်ကနေလိုက်သွားတာ ကောင်မလေးကလည်း ကားတခါးကိုဖွင့်ပီး ကားပေါ်ကနေခုန်ချခဲ့တာ ကံကောင်းလို့ မဟုတ်ရင် ဘဝပျက်ပါပီ🥺 (မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ)

  • ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဟု စစ် ခေါင်းဆောင်ပြော

    ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၆ ရက် ) ကပြောသည်။ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ “သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။ နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။ စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခွင့်ရနေခြင်းဖြစ်သည်။…