Author: Baby Yit Lone

  • Xia Yulai

    Xia Yulai

    Xia Yulai (2025)

    ချင်းခေတ်နှောင်းပိုင်း အင်္ဂလိပ်တွေတရုတ်နိုင်ငံမှာဘိန်းစစ်ဆင်ရေးစခဲ့တဲ့ကာလကိုအခြေခံပြီးရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။

    ချင်းခေတ်နှောင်းပိုင်းချောင်ရှန်းနယ်မှာ ထိပ်တန်းဥပဒေပညာရှင် ရှယွီလိုင်ဟာ သူ့ဘဝတစ်လျှောက်လုံး အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ပါတယ်။

    ဒါပေမယ့် သူကဉာဏ်များတာကြောင့် ရှမြေခွေးလို့လဲသူ့ကိုရွာသားတွေကခေါ်ကြပါတယ်။ ရှယွီလိုင်ရဲ့ သမီးလေးရှလိုင်ပိကလဲ ဥပဒေပညာရှင်တစ်ယောက်ဖြစ်ဖို့ရည်မှန်းချက်ရှိပြီး အဖေ့ရဲ့ထူးခြားတဲ့နည်းလမ်းတွေကြောင့် အမြဲအမြင်မတူ ရန်ဖြစ်ကြရပါတယ်။။

    အဲဒီအချိန်မှာ နိုင်ငံခြားအရင်းရှင်တွေက ချောင်ရှန်းနယ်ကိုဝင်လာပြီး စီးပွားရေးကိုလက်ဝါးကြီးအုပ်လာပါတယ်။

    ရယ်စရာကောင်းတဲ့အရပ်ဖက်မှုခင်းတွေနဲ့ စီးပွားရေးတိုက်ပွဲတွေဖြစ်လာပြီးနောက်မှာ ရှသားအဖနှစ်ယောက်ဟာ နိုင်ငံခြားသားတွေရဲ့ ကြောက်စရာကောင်းတဲ့အကြံအစည်ကိုသိလာခဲ့ရပါတယ်။

    အဲဒီအချိန်မှာပဲ သမီးဖြစ်သူကလူသတ်မှုနဲ့စွပ်စွဲခံရတဲ့အတွက် အဖေဖြစ်သူက တရားခွင်ပေါ်တက်ပြီး သူ့ရဲ့ထက်မြက်တဲ့စကားလုံးတွေနဲ့ ယုတ်မာတဲ့ကုန်သည်တွေနဲ့ အကျင့်ပျက်နေတဲ့အရာရှိကိုရင်ဆိုင်ရပါတယ်။

    နောက်ဆုံးမှာ သားအဖနှစ်ယောက်စိတ်တူကိုယ်တူပူးပေါင်းပြီး ချောင်ရှန်းနယ်သားတွေကိုစုစည်းပြီး နိုင်ငံခြားသားရန်ကိုအတူတော်လှန်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

  • Snake Infestation in Factory

    Snake Infestation in Factory

    Snake Infestation in Factory (2025)

    သဲထိတ်ရင်ဖို တောရိုင်းတိရိစ္ဆာန်သဘာဝဘေးအန္တရာယ်ဇာတ်လမ်းတွေကိုနှစ်သက်သူတွေအတွက် ဧရာမမြွေကားတင်ဆက်ပေးလိုက်ပါတယ်။

    Online Movieကား ဆိုပေမယ့် မျှော်လင့်ထားတာထပ် CGI Effectတွေကောင်းပြီး ဇာတ်လမ်းရော သရုပ်ဆောင်တွေပါကောင်းတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    ဇာတ်လမ်းကိုမိတ်ဆက်ပေးရရင်တော့ စက်ရုံတစ်ခုရဲ့မြေနေရာတစ်ခုမှာ မြေကြီးတူးရင်မြွေသိုက်ရှိတဲ့သင်္ချိုင်းတစ်ခုကိုတူးမိရာကနေစပါတယ်။

    မြွေသိုက်ကိုတူးမိတဲ့အချိန်ကစပြီး စက်ရုံမှာ မြွေတွေတစ်နေ့တခြားများလာပါတယ်။

    စက်ရုံမှာမြွေအုပ်ကြီးတစ်ခုလုံးက သောင်းကျန်းလာတဲ့အချိန်ကျမှ တကယ်တော့ စက်ရုံကိုအသုံးချပြီး မြွေဖမ်းပြီးမှောင်ခိုရောင်းစားတဲ့သူရှိနေမှန်းသိလိုက်ကြရပေမယ့် နောက်ကျသွားခဲ့ပါပြီ။

    စက်ရုံတစ်ခုလုံးက မြွေဘေးကအသက်လုပြေးနေရပြီး အသက်ရှင်ကျန်သူတွေက မြွေအန္တရာယ်အပြင် လူစိတ်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မြွေဖမ်းသမားတွေရဲ့အန္တရာယ်ကပါလွတ်အောင်ပြေးနိုင်ပါ့မလား သဲထိတ်ရင်ဖိုခံစားကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

  • Danma and Xiangyang

    Danma and Xiangyang

    Danma and Xiangyang (2025)

    တရုတ်နိုင်ငံရဲ့ လူငယ်တွေ သူတို့ရပ်ရွာတိုးတက်ရေးအတွက် ကြိုးပမ်းမှုတွေကို ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့-

    ကွမ်ကျိခရိုင် ပါတီကော်မတီ အဖွဲ့အစည်းရေးရာဌာနမှ အရာရှိတစ်ဦးဖြစ်တဲ့ လျိုတန်းမော့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်အဖြစ် ပါဖုန်းတောင်ကျေးရွာကို တာဝန်ကျစေလွှတ်ခဲ့ပါတယ်။

    ရွာရဲ့ ခေတ်နောက်ကျကျန်နေတဲ့ အခြေအနေနဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ရင်ဆိုင်ရင်း၊ တန်းမော့ဟာ ပါတီရဲ့ ဦးဆောင်မှုကို ခိုင်မာစွာကိုင်စွဲပြီး ခေါင်းဆောင်အဖွဲ့ကို အားကောင်းအောင် တည်ဆောက်ခဲ့ပါတယ်။

    အများက လေးစားရတဲ့ ရွာပါတီအတွင်းရေးမှူးဟောင်း၊ ရွာကော်မတီဝင်တွေ၊ ပြီးတော့ ရွာကိုပြန်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဝမ်ရှန့်ယန်တို့နဲ့အတူ ရွာသူရွာသားတွေကို စည်းရုံးပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်နဲ့
    ပျော်ရွှင်တဲ့ဘဝကို အတူတကွ ဖန်တီးပုံဖော်ခဲ့ကြပါတယ်။

    ဒီလိုကြိုးပမ်းမှုတွေကြောင့် တစ်ချိန်က ညစ်ညမ်းပြီး လူတွေမနေချင်တဲ့ရွာလေးဟာ အခုအခါမှာတော့ လူတိုင်းအားကျရတဲ့ စံပြကျေးရွာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

  • Fish Flew Away

    Fish Flew Away

    Fish Flew Away (2025)

    ဇာတ်ကွက်က ကျုံးရှီဆိုတဲ့ အမျိုးသားတစ်ယောက် ပင်လယ်ထဲ ခုန်ချပြီး သေသွားတာနဲ့ စတာပဲ ရဲတွေကတော့ သတ်သေတယ်ပေါ့။

    ဒါပေမဲ့ သူ့သူငယ်ချင်းတွေက “ဟယ် သူက အောင်မြင်နေတာပဲ၊ ပျော်လည်း ပျော်နေတာပဲ ဘာလို့ရုတ်တရက်ကြီး သေရတာလဲ” ဆိုပြီး အံ့ဩနေကြတယ်။

    လောင်ကျုံးရဲ့ အလောင်းကို သင်္ချိုင်းပို့ဖို့ လုပ်နေတုန်း သူ့ဇနီး ရှန်ဖေးဟုန်က စက်ဘီးနဲ့ အလျင်လိုလိုက်လာရင်း လီယွီဆိုတဲ့ အမျိုးသမီး မောင်းလာတဲ့ကားနဲ့ တိုက်မိရောနှစ်ယောက်သား စကားပြောကြည့်တော့ လီယွီကလည်း သူ့ခင်ပွန်း သတ်သေသွားလို့ ဈာပန လာတာတဲ့ ပိုဆိုးတာက သူတို့ ခင်ပွန်းနှစ်ယောက်လုံးဟာ အချိန်တူ နေရာတူ မှာ သေဆုံးခဲ့ကြတာကို သိလိုက်ရတယ်…

    အဲဒါတင်မကသေးဘူးနော်…

    လီယွီရဲ့ ခင်ပွန်း ကျုံးရှီဟာ ရှန်ဖေးဟုန်ရဲ့ ခင်ပွန်း လောင်းကျုံးနဲ့ တစ်ယောက် တည်း ဖြစ်နေတယ်!

    ဇနီးဟောင်း လီယွီက သူ့ခင်ပွန်းကို “အသုံးမကျသူ” “စိတ်ပျော့သူ” လို့ သတ်မှတ်ခဲ့ပေမဲ့၊ ဇနီးအသစ် ရှန်ဖေးဟုန်ကတော့ “သတ္တိရှိသူ” လို့ မြင်ခဲ့တာ သူတို့ရဲ့ အမြင်ချင်းက လုံးဝ ဆန့်ကျင်နေတယ်ဒါ့အပြင် ကျုံးရှီထားခဲ့တဲ့ အကြွေးတွေ
    အိမ်ယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး လီယွီဘက်ကလူတွေက ရှန်ဖေးဟုန်ကို လိုက်ပြီး ဖိအားတွေပေးလာတယ်။

    တစ်ချိန်တည်းမှာပဲ လီယွီကလည်း သူ့ဝေဒနာကို ကုစားဖို့ တောင်ပေါ်မှာ ဘိုးဘွားရိပ်သာတစ်ခု ဖွင့်ပြီး သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေတယ်။

    ဒီဇာတ်ကားက ခင်ပွန်းတစ်ယောက်တည်းကို ဝေမျှခဲ့ရတဲ့ ဇနီးနှစ်ယောက်ရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ကျုံးရှီဘာလို့ သတ်သေသွားရလဲဆိုတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတာမို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

  • Familiar Touch

    Familiar Touch

    Familiar Touch (2025)

    ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ သက်ကြီးရွယ်အိုဘဝကို သိမ်မွေ့နက်နဲစွာ ချဉ်းကပ်တင်ပြထားတဲ့ ဒရာမာရုပ်ရှင်ကောင်းတစ်ကားဖြစ်တဲ့ Familiar Touch (2024) ကို မိတ်ဆက်ပေးချင်ပါတယ်။

    ဒီကားဟာ ဒါရိုက်တာ Sarah Friedland ရဲ့ ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ရှည်ဖြစ်ပြီး၊ Venice ရုပ်ရှင်ပွဲတော်မှာ ဆုတွေ ရရှိထားတာကြောင့် အနုပညာတန်ဖိုး မြင့်မားတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။

    ဇာတ်လမ်း အကျဉ်းချုပ်

    ဇာတ်လမ်းက အသက် ၈၀ အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရုသ့် (Kathleen Chalfant) အကြောင်းပါ။

    သူဟာ မှတ်ဉာဏ်လျော့ပါးလာတဲ့ (Dementia) ရောဂါကို ရင်ဆိုင်နေရပြီး၊ သူ့ရဲ့သားက သူ့ကို သူနာပြု စောင့်ရှောက်မှုပေးတဲ့ စင်တာတစ်ခု ကို ပြောင်းရွှေ့ပေးတဲ့အခါမှာ ဇာတ်လမ်း စတင်ပါတယ်။

    တစ်ချိန်က ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စားဖိုမှူးဟောင်း ရု့သ် ဟာ အကျွမ်းတဝင်မရှိတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ ရင်းနှီးအောင် ကြိုးစားရပါတော့တယ်။

    တစ်ခါတရံမှာ သူမဟာ စင်တာထဲက လူတွေကို သူ့ရဲ့ သားသမီးတွေအဖြစ် မှားယွင်းမြင်ယောင်ပြီး အမိန့်ပေးတာမျိုး၊ ဒါမှမဟုတ် သူကိုယ်တိုင် အဲဒီစင်တာမှာ အလုပ်လုပ်နေတယ်လို့ ထင်မှတ်ပြီး ဟင်းချက်တာမျိုးတွေ လုပ်တတ်ပါတယ်။

    Familiar Touch ဟာ ရု့သ် ရဲ့ အတွင်းစိတ်ကမ္ဘာထဲကို ခေါ်ဆောင်သွားပြီး၊ သူ့ရဲ့ မှတ်ဉာဏ်တွေ လျော့ပါးလာချိန်မှာတောင် သူမရဲ့ ကိုယ်ပိုင်အမှတ်သရုပ်၊ ဆန္ဒနဲ့ လူသားဆန်တဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းသိမ်းဖို့ ကြိုးစားနေလဲဆိုတာကို နူးညံ့စွာ ပုံဖော်ပြသထားပါတယ်။

    စောင့်ရှောက်သူတွေနဲ့ သူမကြားက နွေးထွေးတဲ့ ထိတွေ့မှုတွေ (Familiar Touch) ဟာ သူမရဲ့ စိတ်ကိုငြိမ်သက်စေဖို့ အဓိက အရေးပါလာတာကို စိတ်ဝင်စားစရာ ရှုစားရမှာပဲ ဖြစ်ပါတယ်။