Author: Baby Yit Lone

  • ဟားခါးရှိ  မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကျောင်းသား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင် များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်သည် ဗန်ဟာကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ မရှိသော်လည်း ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ကျောင်းကို ဗုံးကြဲတာဆိုပေမယ့် ကျောင်းတည့်တည့် မထိဘဲ ကလေးတွေ သန့်ရှင်းရေးလုပ်တဲ့ ကျောင်းအနောက်ဘက်မှာ ကျပါတယ်။…

  • အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်က အရက်နဲ့ မူးယစ်ဆေးကြောင်ပြီး မိန်းမဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူထံက သိရပါတယ်။ အောက်တိုဘာ ၉ ရက်မှာ ရဲတပ်သား သန်းထိုက်အောင်ဟာ လုံခြုံရေး ဂျူတီ တာဝန်ထမ်းဆောင်ဖို့ မိန်းမဖြစ်သူက သတိပေးစကားပြောတဲ့ အချိန်မှာ ခါးကြားက သေနတ်ကို ထုတ်ပြီး မိန်းမဖြစ်သူ မသူဇာဝင်းရဲ့ နားထင်ကို သေနတ်နဲ့တေ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ရဲတပ်သားရဲ့ မိန်းမ မသူဇာဝင်းဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး သူ့မှာ လူမမည် ကလေးတယောက်လည်း ကျန်ရစ်ခဲ့တယ်လို့ ဒေါပုံ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက မသူဇာဝင်းရဲ့အလောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ…

  • ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။ “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။ ယခင်က စစ်ကောင်စီရဲ့…

  • ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေကြောင်း Chinland Defense Force-Hakhaနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်ဟာရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောင်းသား ၂…

  • ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထား

    ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ထားပြီး စစ်ရေးအရ ဗျူဟာကျတဲ့ ရိုးမပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်ရေကန်စခန်းကို အဖက်ဖက်ကပိတ်ဆို့ကာ အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ “(ကာကင်းစခန်းတွေအားလုံးရပြီးပြီဆိုတာ) ဟုတ်ပါတယ်။ ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတာတော့ မှန်ပါတယ်။…