Author: Baby Yit Lone
-

နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော
စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိသည်ဟု ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများကို စစ်အရာရှိများက ပြောဆိုလာကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်အနှံ့တွင် စစ်သား၊ ရဲ၊ ပျူစောထီးများက လူငယ်များကို ကားဖြင့် နေစဉ်လိုက်ဖမ်းနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ပြောကြား သည်။ ယမန်နေ့ ဇန်ဝါရီလ ၉ ရက် နံနက် ၇ နာရီခန့်က စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်နားနှင့်…
-

မြန်အောင်မြို့ အနီး ဧရာဝတီမြစ်အတွင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်
“ရခိုင်ကမ်းလွန်ကနေ ပဲခူးတိုင်းဘက်ကို ချိတ်တဲ့ ပိုက်လိုင်းလို့တော့ သိရတယ်။ အဲဒါဖြစ်ဖို့များတယ်။အဲဒီပိုက်လိုင်းကို စမ်းတာ ဘယ်နေရာတွေကို ဖာရမလဲဆိုပြီး စမ်းဖို့အတွက် ဂက်စ်လွှတ်ကြည့်တယ်လို့တော့ သိရတယ်။ မိုးတွင်းမှာ လုပ်လို့မရနိုင်တဲ့အခါကျတော့ အခုလုပ်ဖို့ ကြိုးစားကြည့်ပုံရတယ်” မြန်အောင်မြို့အနီး ဧရာဝတီမြစ်ကြောင်းထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့က သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်နေတဲ့အတွက် မြစ်ကြောင်းအတွင်းမှာ ရေတွေပွက်ထနေပြီး လှေ၊စက်လှေ၊သင်္ဘောတွေ ကွေ့ရှောင်သွားခဲ့ရပါတယ်။ “ရေအာက်ကနေ ပြင်းအားတခုခုကြောင့်သာရေတွေပန်းထွက်နေတာ။ဒါကတချို့ပြောနေကြသလို မှုတ်ဝဲ မဟုတ်ပါဘူး။ ဓာတ်ငွေ့ပိုက်လိုင်း ရှိတယ် ကြားမိတော့ အဲ့ဒါကြောင့်လို့ ကျတော်တော့ထင်တယ်လို့” ဧရာဝတီမြစ်ကြောင်းအတွင်း စက်လှေမောင်းသူ တဦးကပြောပါတယ်။ မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စု ၊ မာလကာကုန်းကျေးရွာ၊ ရောင်နီအရက်ချက်စက်ရုံ အနီး မြန်အောင်-ကြံခင်းလမ်းဘေးရှိ ဧရာဝတီမြစ်အတွင်းမှာ မြစ်ရေတွေဟာ ရေမျက်နှာမြင်အထက် ၆ ပေခန့်အထိ ပွက်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေအကြားမှာတော့ အခုဖြစ်စဉ်ကို…
-

မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့ သားအဖ
မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့၊ သားရော အဖေရော၊ ထိန်းသိမ်းလိုက်တယ်လို့၊ သိရပါတယ်။ ပုံထဲက အကောင်က၊ အသက် 22၊ရေခဲမုန့်ရောင်းတယ်။ ဝဝနဲ့ လူကြီးက၊ ဒီအကောင်ရဲ့ အဖေ။ ရေခဲမုန့်သည် အကောင်က၊ ကုန်စုံဆိုင်မှာ၊ အလုပ်လုပ်နေတဲ့၊ အသက် 19နှစ်၊ ညီမလေးနဲ့ ယူပီးတော့၊ ပိုက်ဆံအသုံးကြီးမှုကြောင့်၊ ညီမလေးရဲ့ လစာလဲ မလောက်၊ အဲတော့၊ ဘာလုပ်သလဲဆို၊ သူ့အဖေနဲ့ အိပ်ခိုင်းပီး၊ ပုံရိုက်ပီး၊ အပြင်မှာ ရောင်းစားခဲ့တယ်။ အဲအပြင်၊ သူကိုတိုင် ကြို/ပို့ လုပ်ပေးပီး၊ ညီမလေးကို ကြက်မလုပ်ခိုင်းခဲ့တာ ၁နှစ်လောက်ရှိပီ။ ညီမလေးကို အိမ်ထဲမှာ ပိတ်ထားပီး၊ ဘယ်မှ မသွားခိုင်းဘူး။ အဲတော့ ညီမလေးက၊ နောက်ဆုံး မရရအောင်၊ ထွက်လာပီး အကူညီ ၊တောင်းခဲ့လို့၊ သတင်းဖြစ်သွားတာ။ အခု…
-

ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး
ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရေးအတွက် ဂရင်းလန်ကျွန်းအရေးကို အနုနည်းဖြင့် မရပါက အကြမ်းနည်းသုံး၍ ဆောင်ရွက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။ “ဂရင်းလန်ကိစ္စကို သူတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ တခုခုလုပ်သွားမှာပါ။ ကျွန်တော်တို့က တခုခုမလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်ကို သိမ်းပိုက်သွားလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအဖြစ် အဖြစ်မခံနိုင်ပါဘူး” ဟု စနေနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ထရမ့်က ပြောခဲ့သည်။ “ကျွန်တော်ကတော့ အနုနည်းနဲ့ပဲ သဘောတူညီမှု ရချင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေရင်တော့ အကြမ်းနည်းနဲ့ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပိုင်ဆိုင်ရင် ကျွန်တော်တို့ပဲ ကာကွယ်စောင့်ရှောက်မှာပါ။ အိုဘားမားရဲ့ အီရန်နဲ့ချုပ်ဆို ခဲ့တဲ့ ကာလတို သဘောတူညီချက်ဆိုးကြီးကို…
-

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား
လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေးသုံးသပ်ချက်အနေနှင့် ဦးစွာအားဖြင့် ရခိုင်စစ်မြေပြင်မှ အစပြုပါမည်။ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် တခုလုံးတွင် စစ်မျက်နှာ ခြောက်ခုတွင် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။ အဆိုပါ စစ်မျက်နှာ ၆ ခုမှာ- ၁။ မောင်တော၊ ဘူးသီးတောင် ၂။ စစ်တွေ ၃။ ကျောက်ဖြူ ၄။ နတ်ရေကန် ၅။ ညောင်ကျိုး ၆။ ဧရာဝတီ တို့ဖြစ်ကြ၏။ အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ် ၏ ပျူစောထီးတပိုင်းဖြစ်ကြသည့် အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့်ရင်ဆိုင်နေရပြီး ကျန်စစ်မျက်နှာ ၅ ခုတွင် စကမ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ၁။ မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာ မောင်တော၊…