Colours of Time

Colours of Time

Colours of Time (2025)

Colours of Time ကအတိတ်နဲ့ လက်ရှိကြားမှာလူတစ်ယောက်ရဲ့ ဘဝကိုအရောင်တစ်ရောင်ချင်းစီနဲ့ ပြန်လည်ဖော်ပြပေးတဲ့ ပြင်သစ်ဇာတ်ကားပါ။

ပြင်သစ်တွေကို အနုပညာအသားပေးဖွဲ့နွဲ့ရိုက်တဲ့နေရာမှာ ဘယ်သူမှမမီဘူးလို့တောင်ပြောလို့ရမယ်။

ဒီကားကလည်း အင်ပရက်ရှင်နစ်ခေတ်လို့ခေါ်ရမယ့် လူသားတွေ ဒီဘက်ခေတ် AI ကိုစပြီးမြည်းစမ်းကြည့်လာကြတဲံအချိန်လိုမျိုး 1800 ကျော်ကာလက လျှပ်စစ်မီးကိုစတင်သုံးစွဲလာကြချိန်..ပါရီမြို့ကြီးရဲ့ ပန်းချီကားချပ်တွေနေရာမှာ ဖြူမည်းဓာတ်ပုံတွေ အစားထိုးဝင်ရောက်လာချိန်ကို အတိတ်ကိုပြန်သွားတဲ့ပုံစံနဲ့ပြထားတယ်။

ဒီဘက်ခေတ် မိသားစုတစ်ခုက အမွေခွဲဖို့အတွက် သူတို့ရဲ့ဘိုးဘေးတွေပိုင်ခဲ့တဲ့ ရဲတိုက်ကြီးဆီကိုပြန်သွားပြီး အတိတ်ကိုခြေရာကောက်ရင်း မိသားစုဇစ်မြစ်ကို ပြန်ပြောသွားတဲ့ပုံစံနဲ့ဖော်ပြသွားတာ အရမ်းလှတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။


Leave a Reply

Your email address will not be published. Required fields are marked *