Author: Baby Yit Lone

  • ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင်

    ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင်

    ဆယ်လီတယောက် ဖြစ်ပြီး ရှားပါးစာရင်းဝင်တဲ့ ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင် တယောက် ဝေဖန်ခံနေရပါတယ်။

    ပင်လယ်လိပ်တွေဟာ မျိုးသုဥ်းပျောက်ကွယ်နိုင်တဲ့ အခြေအနေရှိတာကြောင့် ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်နေကြောင်း ပညာရှင်တွေက အသိပေး နှိုးဆော် ထားပါတယ်။

    ဒါပေမယ့် မင်းသမီး ဝင့်ယမုံနိုင်ကတော့ လူမှုကွန်ရက်ပေါ်မှာ ဖော်လိုဝါ တိုးစေဖို့ မြိန်ရည်ယှက်ရည် စားပြခဲ့ပါတယ်။

    အဲဒီဗီဒီယိုအောက်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

    လိပ်ဥဆိုတာ ထားဝယ်ဖက်မှာ စားသုံးနေကြ ဖြစ်ပေမယ့် ပညာရှင်တွေကတော့ လုံးဝ မစားဖို့ တားမြစ် ထားကြပါတယ်။

    ကမ္ဘာနှင့် အဝှမ်းတွင်လည်း ပင်လယ်လိပ်များသည် လူများ၏ ပယောဂကြောင့်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လွန်ခဲ့ သည့် နှစ်ငါးဆယ်အတွင်းအ လျင်အမြန် လျော့နည်းလာခဲ့ပြီး မျိုးသုဉ်းလုနီးမျိုးစိတ် (Endan-gerd Species) အဖြစ်သတ် မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေရသည်။

    အဓိကအားဖြင့် ပင်လယ် လိပ်များသည် ငါးဖမ်းပိုက်များ တွင် မတော်တဆဖမ်းဆီးမိပြီး နောက်စားသုံးလိုက်ခြင်း၊ ဥများ စားသုံးခြင်း၊ လိပ်ဥရန် သောင်ရှား ပါးလာခြင်းတို့ကြောင့် တဖြည်း ဖြည်းရှားပါးကာ မျိုးသုဉ်းပျောက် ကွယ်မည့် အန္တရာယ် ရင်ဆိုင် လာရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် လိပ်ဇောင်း လျား၊ လိပ်ကြက်တူရွေး၊ပြင် သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေး ဟူ၍ ပင်လယ်လိပ် ငါးမျိုးနေထိုင် ကျက်စားသည်။

    ပင်လယ်လိပ်များသည် ပင်လယ် ဂေဟစနစ်ကို အထောက်အပံ ပေးပြီး ယင်းတို့နေထိုင်ကျက် စားရာဒေသများတွင် ပေါက် ရောက်လျက်ရှိသည့် ပင်လယ် မြက်၊ ရေညှိရေမှော်များကို စား သုံး၍ အညစ်အကြေးပြန်စွန့် သည်။

    ယင်းအညစ်အကြေးများ ကို ငါးပုစွန်တို့ကပြန်လည်စားသုံးခြင်းဖြင့် အစာကွင်းဆက် လည်ပတ်လျက်ရှိသည်။ ထို့အပြင် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ (Red Tide) ဖြစ်ပေါ်စေနိုင်သည့် အရာများကို စားသုံးသဖြင့် ပင်လယ်လိပ် များမှာ ပင်လယ်ပြင်ဂေဟ စနစ်အတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။

    ပင်လယ်လိပ်များ၏ ထူးခြား ချက်သည် ဥသားပေါက်ခဲ့ရာ သောင်ပြင်၏ဓာတ်ကို နှစ်ကာလ ကြာမြင့်သည်ထိ မှတ်မိနေပြီး ယင်းလိပ် အရွယ်ရောက်သား ပေါက်သည့် အခါတွင်လည်း သားပေါက်ခဲ့ရာ သောင်ပြင်သို့ လာရောက်ဥဥလေ့ရှိသည်။

    ပင်လယ်လိပ်များ၏ သဘာဝအရ လိပ်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ကျော်ဥပြီး၊ တစ်နှစ်လျှင်နှစ်ကြိမ်(သို့မဟုတ်) သုံးကြိမ်ခန့်ဥဥသည်။ သို့သော် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြောင့် ယင်းနှုန်းအတိုင်းဥဥသော်လည်း ရှင်သန်မှုရာခိုင်နှုန်း နည်းပါးသွားသည်။

    အောင်မြင်စွာဥဥပြီး လိပ်ဥစားသုံးသူများ၏ရန်မှ ကင်းဝေးကာသားပေါက်လာပါကလည်း လိပ်အကောင်ပေါက်လေးများ ကို ငှက်များနှင့် အသားစားငါး များ၏ အစာအဖြစ်စားသုံးမှု အန္တရာယ်က ရှိသေးသည်။ ယင်း အန္တရာယ်များနှင့်မကြုံ တွေ့ပါ ကလည်း ပင်လယ်ထဲ မျောပါနေ သည့် ပလတ်စတစ်များနှင့် အမှိုက်များကို အစာမှတ်၍ စား သုံးခြင်းကြောင့် ထိခိုက်မှုက လည်း ရှိနေပြန်သည်။

    ပင်လယ်လိပ်များ မျိုးသုဉ်း မပျောက်ကွယ်စေရန် ငါးလုပ်ငန်း ဦးစီးဌာနသည် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS)၊ အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် အပင်များအဖွဲ့(FFI) တို့နှင့် ပူးပေါင်း၍ ထိန်းသိမ်းရေးဆောင် ရွက်နေပြီး လိပ်ဥနှင့် လိပ်သား စားသုံးမှုလျော့ကျစေရန် ပညာ ပေးစည်းရုံးခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဟော ပြောခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်းတို့ ပြုလုပ်နေသည်။

    ထို့အပြင် ၁၉၉၇ က စတင် ၍ အရှေ့တောင်အာရှဒေသ ပင်လယ်လိပ် မျိုးထိန်းသိမ်း ခြင်းနှင့် ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ နားလည်မှုစာချွန် လွှာ၊ ၁၉၉၉ တွင်အရှေ့တောင် အာရှဒေသငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့၏ အဖွဲ့ဝင်၊ ၂၀၀၁ တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှ ဒေသနိုင်ငံ များရှိ ပင်လယ်လိပ်များနှင့်၎င်း တို့နေထိုင်ကျက်စားသွားလာရာ ဒေသများအား ထိန်းသိမ်းကာ ကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုး ၍ ပင်လယ်လိပ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

    မျိုးသုဉ်းရန် အန္တရာယ်နီး ကပ်လာသည့် ပင်လယ်လိပ်များ မျိုးဆက်ပြန့်ပွားလာစေရန် ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ် သမီးလှကျွန်းပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ ဘိုကလေးမြို့နယ်ကဒုံ ကနိပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးသုတေသနနှင့် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၊ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းတို့တွင်ထိန်းသိမ်းရေးလုပ်ဆောင်နေသည်။

    အဆိုပါနေရာများတွင် ပင် လယ်လိပ်များကို သဘာဝအ တိုင်းသားဖောက်ခြင်း၊ ရွှေ့ ပြောင်းသားဖောက်ခြင်းနှင့် Tag-ging ဟုခေါ်သည့် ပင်လယ်လိပ်များရွှေ့ပြောင်းသွားလာရာ လမ်း ကြောင်း၊ စားကျက်ဒေသများ၊ ဥကျင်းတက်ရောက်ရာ ဒေသ၊ ကြီးထွားမှုနှုန်း၊ သေဆုံးမှုနှုန်းများနှင့်မျိုးပွားမှုဆိုင်ရာဇီဝဗေဒ စသည့် အချက်အလက်များကို သိရှိနိုင်စေရန် လိပ်သောင်များသို့ ဥဥချရန် တက်ရောက်လာသော လိပ်မကြီးများနှင့် အခြားအ ကြောင်းအမျိုးမျိုးကြောင့် တက် လာသောလိပ်များကို အမှတ် အသား Tagging ပြုလုပ်၍ ပြန် လွှတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

    ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော ပင်လယ် လိပ်ပြန့်ပွားရေး လုပ်ငန်းများဖြစ် သည့် သဘာဝအတိုင်းသား ဖောက်ခြင်း၊ ရွှေ့ပြောင်းသား ဖောက်ခြင်းများအရ သမီးလှကျွန်း ၌ ၂၀၁၇- ၂၀၁၈ တွင်ပင် လယ်လိပ်ဥ ၅,၃၁၅ ဥဥခဲ့ရာမှ ၃,၉၀၁ ကောင်၊ ကဒုံကနိကျွန်း တွင် ၁,၉၅၇ ဥဥခဲ့ရာမှ ၁,၆၂၂ ကောင်ကို ပင်လယ်တွင်းသို့ပြန်လွှတ်ပေးနိုင်ခဲ့သည်။

    မြန်မာနိုင်ငံရှိ ပင်လယ်လိပ် များ၏ ဥဥသားပေါက်ချိန်သည် နိုဝင်ဘာမှမတ်လအထိ ဖြစ်ပြီး ယင်းကာလတွင် ဥများကို စောင့်ကြည့်၍ ထိန်းသိမ်းရေး လုပ်ဆောင်ရသည်။

    သားငှက်ထိန်းသိမ်းရေးအဖွဲ့က ပင်လယ်လိပ်ထိန်းသိမ်းရေးကို သီးသန့် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း၊ ပင်လယ်လိပ်ကျက်စားရာ ရခိုင်ပြည်နယ်နှင့် တနင်္သာရီရှိ ဒေသအချို့တွင် ထိန်းသိမ်းရေးနှင့် ပညာပေးသင်တန်းများ ပြုလုပ် နေသည်။ ထို့ပြင် ဥပဒေများကို ခိုင် မာအောင်လုပ်ဆောင်၍ ထိန်း သိမ်းရေးလုပ်ငန်းများ ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ပါက ရှားပါးမျိုးစိတ်ပင်လယ်လိပ်များ ကောင်ရေ ပြန်လည်ပွားများလာပေမည်။

    ပင်လယ်လိပ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး အတွက် ထိန်းသိမ်းရေးများ လုပ်ဆောင်သည့်အပြင် လိပ်များကိုအန္တရာယ်ပေးသည့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို စနစ်တကျ စည်းကမ်းတင်းကျပ်သင့်ပေသည်။

  • တောင်သာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

    တောင်သာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

    တောင်သာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

    မေလ ၂ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊

    အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

    “မဲတောကနေ့ ဇေယျာသီရီ ကို တက်လာတာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

    စစ်ခွေး ၁၀ ကောင်သေဆုံးတယ်လို့ သိရတယ်။ ခွေးတွေ ရွာထဲ၀င်‌တော့ ရွာမီးရှို့သွားတယ်။

    စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ သူတို့အလောင်းတွေကို ထမ်းသွာပြီး ပြန်ကောက်သွားတာပါ။

    ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

  • စက်ဘီး‌နင်းရင် ဘာလို့ လမ်းလယ်တွေကတတ်နင်းကြတာလဲ

    စက်ဘီး‌နင်းရင် ဘာလို့ လမ်းလယ်တွေကတတ်နင်းကြတာလဲ

    ဘယ်သူမှ အသက်အပို မပါဘူးနော်

    ဘယ်လိုပြောလို့ ပြောရမယ်မသိတော့ဘူး

    စေတနာနဲ့ ပြောရင်လည်း မကြိုက်ချင်ကြဘူး

    စက်ဘီး‌နင်းရင် ဘာလို့ လမ်းလယ်တွေကတတ်နင်းကြတာလဲ

    ခံရ‌ရင်ကိုယ်ဘဲခံရတာ

    ခုလဲ ကျော်သူတံတားအဆင်းမှာ စက်ဘီးကို ကားတိုက်ပြေးသွားပြန်ပီး

    မိသားစု ၃ယောက်စီးလာတာ ကလေးကတော့ အသံပြန်ထွက်လာပီ

    မိဘနှစ်ပါး ယူဆရသူတွေကတော့ မေးထူးခေါ်ပြော မရ‌တော့ဘူးလို့ ကနဦး သတင်းရတယ်

    ကိုယ်ဖြစ်ကိုယ်ခံရမှာမို့ အနှေးယာဉ် မောင်းမယ်ဆိုရင် လမ်းလယ်က တတ်မမောင်းကြပါနဲ့

    ညဖက်သွားမယ်ဆိုလည်း ရောင်ပြန်စတေကာတွေဖြစ်ဖြစ် မီးအလင်းဖြစ်ဖြစ် တပ်ဆင်ကြပါလို့ အကြံပြုပါရစေ

    Photo : Emergency 35 Channel

    ပြည်သူမှ ပြည်သူသို့

    ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်)

  • ကူးစက်မှုနှုန်းမြန်ဆန်တဲ့ ဝမ်းရောဂါတစ်မျိုး ပျံ့နှံ့နေ

    ကူးစက်မှုနှုန်းမြန်ဆန်တဲ့ ဝမ်းရောဂါတစ်မျိုး ပျံ့နှံ့နေ

    ရာသီဥတု အကူးအပြောင်းကာလမှာ အစားအသောက်နဲ့ ယင်လုံအိမ်သာ အထူးဂရုစိုက်ဖို့ လိုအပ်နေပါပြီ။

    လက်ရှိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမိမြို့မှာ ကူးစက်ဝမ်းရောဂါတစ်မျိုး ဖြစ်ပွားနေပြီး ကူးစက်မှုနှုန်း အတော်လေး မြန်ဆန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အဓိက သိထားသင့်တဲ့ လက်ရှိအခြေအနေတွေကတော့

    🔹 ဘယ်ကစဖြစ်တာလဲ? – ပြီးခဲ့တဲ့ ဧပြီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အောင်သုခရပ်ကွက်က ရေလုပ်သားတွေဆီကနေ စတင်ကူးစက်ခဲ့တာလို့ သိရပါတယ်။

    🔹 လက်ရှိအခြေအနေ: ပထမဆုံး ဆေးရုံရောက်လာတဲ့ ရေလုပ်သား (၅) ဦးအနက် (၄) ဦးကို မော်လမြိုင်ဆေးရုံကြီးဆီ အရေးပေါ် ထပ်မံလွှဲပြောင်း ပို့ဆောင်ခဲ့ရပါတယ်။

    🔹 လူနာအရေအတွက်: အခုလက်ရှိအချိန်မှာတော့ ကျိုက္ခမိဆေးရုံမှာ ဝမ်းရောဂါ ကူးစက်ခံထားရသူ လူနာ (၃၀) ဦး ဝန်းကျင်လောက်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    🔹 လုံခြုံရေးအခြေအနေ: ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့နဲ့ လူနာတွေအတွက် လက်ရှိဆေးရုံမှာ လုံခြုံရေးတွေကို တင်းကျပ်ထားပါတယ်။

    💡 ကျန်းမာရေး သတိပေးချက်: ဝမ်းရောဂါဟာ အစားအသောက်နဲ့ သောက်သုံးရေကနေ အဓိက ကူးစက်တတ်တာမို့ ယင်နားစာတွေ ရှောင်ကြဉ်ပြီး၊ ရေကို ကျိုချက်သောက်သုံးကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။

    မိသားစုတွေ၊ မိတ်ဆွေတွေ ကြိုတင်သတိပြု ဆင်ခြင်နိုင်အောင် ဒီသတင်းလေးကို အခုပဲ Share ပြီး သတိပေးလိုက်ပါဦး။

    သင့်ဒေသမှာရော ကျန်းမာရေးအခြေအနေတွေ ဘယ်လိုရှိလဲ?

  • ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးဟုဆို

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးဟုဆို

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးဟုဆို

    ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပြီးခဲ့သည့် ဧပြီလမှစတင်၍ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ ဧပြီလအစောပိုင်းမှစ၍ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေ ဆုံးသူ ၆၀ ဦးကျော်ရှိခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ပင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စဲ့ရင်းမြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ကရင် ပြည် နယ်၊ ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကာ အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု KNU က ဆိုသည်။

    ထို့အပြင် မတ်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မေလ ၃ ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်ဆမ်လပ်ကျေးရွာသားများမှာ နယ်စပ်တစ်လျှောက် ပေါက်ကွဲသံနှင့် သေနတ်သံများကို ကြားခဲ့ရသဖြင့် တိုက်ပွဲသစ်များ ဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

    အဆိုပါတိုက်ပွဲများသည် စစ်ကူအဖြစ် စေလွှတ်လိုက်သော စစ်ကောင်စီတပ်ဖွဲ့များကို KNLA က ဖြတ်တောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။