တောင်သာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၂ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“မဲတောကနေ့ ဇေယျာသီရီ ကို တက်လာတာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ခွေး ၁၀ ကောင်သေဆုံးတယ်လို့ သိရတယ်။ ခွေးတွေ ရွာထဲ၀င်တော့ ရွာမီးရှို့သွားတယ်။
စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ သူတို့အလောင်းတွေကို ထမ်းသွာပြီး ပြန်ကောက်သွားတာပါ။
ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။


Leave a Reply