Author: Baby Yit Lone

  • Our Fault

    Our Fault (2025) လူကြိုက်များနာမည်ကြီးတဲ့ စပိန်အချစ်ဇာတ်လမ်းလေး ပရိသတ်ရှေ့ကို ပြန်ရောက်လာပါပြီ။ ရှေ့နှစ်ကားတုန်းက Your Fault နဲ့ My Fault အခုတော့ Our Fault ဖြစ်သွားပါပြီ။ ဖအေမတူမအေကွဲ မောင်နှမတွေဖြစ်ကြတဲ့ နစ်ခ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ နိုအာဆိုတဲ့ ကောင်မလေးတို့ရဲ့ forbidden love ဇာတ်ကြောင်းပုံစံမျိုးပါ။ ဒီတတိယကားကို ကြည့်ဖို့ဆိုရင် ရှေ့ကနှစ်ကားကို ဇာတ်ရည်လည်မှ ရပါမယ်။ ဒီဇာတ်လမ်းမှာရော မိသားစုအရှုပ်တွေ ချစ်မှုရေးရာအရှုပ်တွေကြားမှာ နစ်ခ်နဲ့နိုအာတို့ ဆက်ဆံရေး ဘာတွေ ဆက်ဖြစ်ဦးမလဲ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ကြည့်လိုက်ကြပါဦး။

  • Bhagwat Chapter One Raakshas (2025)

    Bhagwat Chapter One Raakshas (2025) “မျက်နှာနှစ်ဖက်” အမှုကိစ္စတစ်ခုပေါ်မှာ စိတ်နှစ်ပြီး အဆုံးထိမြေလှန်ရှာတတ်တဲ့ Bhagwat အမှုမှန်ပေါ်ဖို့ဆို ပြတ်သားလွန်းလို့ လက်လွန် ကြက်သွန်တွေလည်းရှိတာပေါ့။ ဒါကို နစ်နာသူကတိုင်ကြားတော့ သူ့ဆရာတွေက နည်းလမ်းမရှိတော့ဘဲ Robertsganj ဆိုတဲ့မြိုကို ပြောင်းရွှေ့မိန့်ပေးလိုက်ရပါတော့တယ်။ မသွားခင်မှာတော့ ရွာလေးက ဘယ်လိုအေးချမ်းကြောင်း အမှုကိစ္စနည်းပါးကြောင်း အချိုကျွေးပြောကြပေမယ့် ‌မိသားစုလိုက်ပြောင်းသွားတဲ့နေ့မှာမှ ဆူပူနေတဲ့ လူအုပ်ကြီးနဲ့တိုးပါတော့တယ်။ အကြောင်းကတော့ မိန်းကလေးတစ်ယောက် ပျောက်ဆုံးမှုပါ ပိုက်ဆံတွေ မင်္ဂလာဝတ်စုံတွေနဲ့အတူပျောက်သွားလို့ ယောကျာ်းနောက်လိုက်သွားတယ်လို ရပ်ကွက်ထဲကလူတွေပြောနေကြပေမယ့် ကိုယ့်သမီးအကြောင်းသိနေတဲ့ အဖေက ဒီဆူပူမှုကို စတင်စေခဲ့တာပါ Bhagwat လည်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းရမယ့်ဒီအမှုကို ၁၅ ရက်နဲ့အပြီးရှင်းပေးမယ်လို့ ကတိကဝတ်ပြုပေးလိုက်လေတော့ ၁၅ ရက်အတွင်း သူဘယ်လိုတွေကြိုးပမ်းရမလဲ ကတိကိုတည်နိုင်မှာလား ဘာတွေထပ်ကြုံတွေ့လာရမလဲကိုတော့….။

  • ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်

    ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်ပြီးနောက် နာရီပိုင်းအတွင်း စစ်ကော်မရှင်၏ ၆၆၆ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ AA သည် တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၉ ကီလိုမီတာအကွာအဝေး၌ရှိသည့် စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ အဆိုပါ ပွိုင့်ကုန်းနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အောက်တို…

  • Inland Empire

    Inland Empire (2006) Inland Empire (2006) ကတော့ psychological thriller ရုပ်ရှင်တစ်ကားဖြစ်ပြီး David Lynch ရဲ့လက်ရာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ Laura Dern သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်မင်းသမီး Nikki Grace ဆိုတဲ့ character က On High in Blue Tomorrows ဆိုတဲ့ ဇာတ်ကားမှာအဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ဖို့ ရွေးခံခဲ့ရပါတယ်။ On High in Blue ရုပ်ရှင်ကလည်ရ ကျိန်စာသင့်နေလို့ ပြီးဆုံးအောင် မရိုက်လိုက်ရဘူးဆိုတဲ့ ပိုလန်ရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ရိုက်တယ်ဆိုတာ Nikki သိလိုက်ရပါတယ်။ အဲအချိန်ကစပြီး သူ့ရဲ့လက်တွေ့ဘဝနဲ့ ရုပ်ရှင်ထဲကကာရိုက်တာနဲ့ ရောသွားပြီးတော့ စိတ်ကူးယဉ်ဆန်ဆန် အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့အခါမှာ နားလည်အောင် ကြိုးစားတာထက်…

  • The Treatment

    The Treatment

    The Treatment (2014) ဒီဇာတ်ကားကတော့ အမှောင်မိုက်ဆုံး စုံထောက်ဇာတ်လမ်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး Mo Hayder ရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်အသက်သွင်းထားတာပါ။ အတိတ်က ဇာတ်လမ်းဆိုးတစ်ခုကို ရင်မှာပိုက်ပြီး အမှုလိုက်နေတဲ့ စုံထောက်နစ်ခ်အဖြစ် မင်းသား Geert Van Rampelberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာ မိသားစုတစ်စုရဲ့အိမ်ထဲကို လူတစ်ယောက်ဝင်ရောက်ပြီး မိဘနှစ်ပါးကို ရက်ရက်စက်စက် ချုပ်နှောင်ညှဉ်းပန်းကာ သူတို့ရဲ့ ကလေးငယ်လေးကို ဖမ်းခေါ်သွားတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီအမှုကို စုံထောက်နစ်ခ်က တာဝန်ယူလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအမှုဟာ သာမန်ကလေးပျောက်မှုတစ်ခု မဟုတ်ပါဘူး။ စုံထောက်နစ်ခ်တစ်ယောက် စုံစမ်းထောက်လှမ်းရင်းနဲ့ ဒီအမှုဟာ နှစ်ပေါင်းများစွာ အစဖော်လို့မရဖြစ်နေခဲ့တဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အသုံးချပြီး ရိုက်ကူးထားတဲ့ အမှောင်လောကက ဗီဒီယိုတွေနဲ့ ဆက်စပ်နေတာကို သွားတွေ့ရပါတော့တယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ သာမန်လူတွေထက်…