Author: Baby Yit Lone
-

The Man with No Return
The Man with No Return (2025) ဒီဇာတ်လမ်းကတော့ သုခဘုံလို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးပြန့်နှံ့နေတဲ့မြို့လေးတစ်မြို့ကနေအစပြုပါတယ်။ ဒီဆေးကြောင့်လူတွေကအိမ်ခြေရာမဲ့ ဆင်းရဲဒုက္ခဘေးရောက်ကြရပါတယ်။ လျှို့ဝှက်အစောင့်တပ်ကအရာရှိလေးတစ်ယောက်ဖြစ်တဲ့ စုန့်ယင်ဟာ သူ့ရဲ့အစ်ကိုအရင်းလိုချစ်ရတဲ့ ဖန်းထောကိုဆုံးရှုံးလိုက်ရပါတယ်။ ဖန်းထောမသေခင်မှာချန်ခဲ့တဲ့ တစ်ခုတည်းသောသဲလွန်စက အန်းယွင်ကိုသွားပြီး ယဲ့ချာကိုရှာပါ ဆိုတဲ့စကားတစ်ခွန်းပါပဲ။ ဒါကြောင့် စုန့်ယင်က ဖန်းထောရဲ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိမြို့အန်းယွင်ကိုပြန်သယ်သွားရင်း အဖြစ်မှန်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီခရီးစဉ်ဟာအစကတည်းက အခက်အခဲတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့အထက်အရာရှိလဲဖြစ် မွေးစားအဖေလဲဖြစ်တဲ့ ဝူချန်းက သူ့ကိုမသွားဖို့သတိပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ စုန့်ယင်ဟာ အန်းယွင်မှာ အမှုကိုသွားစုံစမ်းဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။ စုံစမ်းနေရင်းမှာပဲ ဒီသုခဘုံဆိုတဲ့မူးယစ်ဆေးရဲ့နောက်ကွယ်မှာ မထင်မှတ်ပဲ ရာထူးကြီး အာဏာကြီးတဲ့သူတွေရှိနေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့ အရာရှိငယ်လေးစုန့်ယင်ဟာ ပြည်သူတွေကိုကာကွယ်ဖို့ အတွက် ဆုံးဖြတ်ချက်အကြီးကြီးချရမယ့်အချိန်ကိုရောက်လာပါတော့တယ်။
-

The Butterfly’s Dream
The Butterfly’s Dream (2013) မင်္ဂလာပါ ပရိတ်ကြီးတို့ရေ ဒီတစ်ေခါက်မိတ်ဆက် ပေးချင်တဲ့ ကားလေးက တော့ The Butterfly’s Dream ဆိုတဲ့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ အရမ်းကို လှပပြီး စိတ်မကောင်းစရာလည်း ကောင်းတဲ့ တူရကီ ရုပ်ရှင်ကားကြီး တစ်ကားပါဗျ။ ဒီဇာတ်လမ်းက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ပြည့်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းလေးကို အခြေခံထားပြီး ဇာတ်ကြောင်းကတော့ တီဘီရောဂါ ခံစားနေရတဲ့ ကဗျာဆရာ လူငယ်နှစ်ယောက်ရဲ့ ဘဝအကြောင်းပါပဲ။ ကမ္ဘာစစ်ကြီး နီးကပ်လာပြီး ဆေးဝါးနည်းပညာတွေ မစုံလင်သေးတဲ့ ကာလမှာ တီဘီရောဂါက မှိုလိုပေါက်အောင် ဖြစ်နေတာပေါ့။ သူတို့ဟာ ဆင်းရဲဒုက္ခတွေကြားထဲမှာ ရှင်သန်နေရပေမဲ့ ကဗျာတွေကို မြတ်မြတ်နိုးနိုး ရေးစပ်ကြတဲ့ သူတွေပေါ့ဗျာ။ ဒီလိုနဲ့ ချောမောလှပတဲ့…
-

စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။ အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။ ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။…
-

ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင် ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ “သူက အိမ်အောက်ထပ်က…
-

ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်
ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး…