Author: Baby Yit Lone

  • မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မကွေးတိုင်း လွတ်မြောက်နယ်မြေ ဒေသတခုမှာ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲမှာ အာရက္ခတပ်တော် (AA) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသတွေမှာ စစ်ရေးအတွေ့အကြုံယူပြီး ပြန်လာတဲ့ တပ်မှူးတွေကိုယ်တိုင် သင်တန်းပို့ချပြီး သင်တန်းသား ဒုတိယအကြိမ်အယောက် ၈၀ နဲ့ ပထမအကြိမ် ၈၉ ယောက်ကို စစ်ပညာသင်ကြားပေးထားတယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တပ်ရင်းတာဝန်ခံ ရဲဘော်စိုင်းဝေလင်းက “ကျနော်တို့ တပ်ဖွဲ့ကို ၂၀၂၅ခု နှစ် ၁ လပိုင်း ၁ ရက်နေ့မှာ မကွေးတိုင်းထဲက လွတ်မြောက်တနေရာမှာ AA၊ KIA၊ KNU တိုင်းရင်းသားတပ်ဖွဲ့တွေမှာ စစ်ရေးအတွေ့အကြုံတွေယူပြီး ပြန်လာတဲ့ ဧရာဝတီတိုင်းသားတပ်မှူးတွေနဲ့ မြစ်ဝကျွန်ပေါ်ဒေသ…

  • ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်မှု လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ၊ တိုင်ကြားသော်လည်း ရဲက အရေးမယူဘဲ လွှတ်ပေးထား ရန်ကုန်တိုင်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် အုတ်လှကြီးလမ်းတွင် နာရေး ရက်လည်လုပ်နေသော အိမ်ကို လူမိုက် ပျူစောထီး ရက္ခကြီး(ခ) ကိုသိန်း ဆိုသူက အရက်မူးကာ ကားဖြင့် ဝင်တိုက်ခဲ့၍ ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ရဲက ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူမိုက်…

  • စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော စတားလင့်အင်တာနက်ကိစ္စ စက်ပိုင်ရှင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ အချေအတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်း စက်ပိုင်ရှင်သည် စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကို ချိုးဖောက်သောကြောင့် ဒဏ်ကြေးငွေဆောင်စေ၍ အရေးယူသွားမည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ၎င်းက “စည်းကမ်းစည်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ကြေးကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ စက်ပိုင်ရှင်ကိုတော့ သီးခြားခေါ်ယူစစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး” ဟု ပြောသည်။ စဉ့်ကူးမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအဖြစ် စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားရာတွင် အချက် ၇ ချက်ပါရှိပြီး လက်ရှိ စက်ပိုင်ရှင်သည် စည်းကမ်း (၁) Starlink Internet ကို အိမ်သုံးသီးသန့်အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူကို အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့်…

  • သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်… လုတဲ့အဖွဲ့က နည်းပညာလည်း မြင့်တယ်တဲ့ K Payရော Bankingပါ ပါသွားတာတဲ့ သန်လျင်ရောက် ၂ နှစ်ပြည့် အမှတ်တရပါ စျေးကနေ လမ်းလျှောက် ​အပြန် ဘေးတွဲနဲ့ လူလတ်ပိုင်း သုံးယောက် (အမျိုးသား ၂ ယောက် အမျိုးသမီး ၁ ယောက်) ဖုန်း ကို လုတာ ဖြစ်နေတဲ့အချိန်တုန်း ကကိုယ်လည်း ကြောက်စိတ်မရှိ ပြန်လုတာ အားမမျှတော့ ph လည်း ပါသွားတယ်။ လူလည်း ဒဏ်ရာရ။ အခု သွေးအေးတဲ့အချိန် ပြန်စဥ်းစားတော့ ကျေးဇူးတင်မိတယ် အသက်ကို ချမ်းသာပေးလို့။ ကိုယ် ကိုယ်တိုင်လည်း အမြဲ သတိရှိရှိသွားလာနေတာပါ တကယ်ကျ အုပ်စုဖွဲ့ပြီး အခုလိုကျ ဘာမှမတက်နိုင်ပါဘူး။ ချစ်သောတွေ အားလုံးလည်း အစစ…

  • မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး

    အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကို လေဆိပ်တွင် အဖမ်းခံရပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည် အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား ယမန်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို…