Author: Baby Yit Lone
-

ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ အတွင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)
ရေဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းနဲ့လော့သိုင်းကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံကနေ သိရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရာဖူးကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီးနောက် ရာဖူးကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးအပတ်ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ…
-

ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိ
ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲကို ကူညီနေသည့် ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က ပြောဆိုသည်။ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်မြို့နယ် ပေါင်းတလည် အပိုင် ခွေးရဲချင်ရုပ်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် လှမြင့်ကို ဝန်တင်ဆိပ်ကျေးရွာအနီး ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်…
-
ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်
ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်က တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင် စစ်တပ်က နေရာယူထားသော ဗန်းမော်မြို့တွင်း နေရာတချို့ကို KIA ပူးပေါင်းတပ်များက တစ်ကျော့ပြန် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တန်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်း သိရှိရသည်။ “ခလရ ၄၇ နားက ကာကင်းစခန်းတွေကို သိမ်းတယ်။ နောက်ပြီးတော့ ၂ မိုင်နဲ့ အရှေ့သာစည်ဂေါက်ကွင်းအနားမှာရှိတဲ့ စစ် တပ်က…
-

မဲစာရင်းများ မှားယွင်းကြောင်း ပြောဆိုခဲ့သည့် ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရ
စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေ အကြီးအကျယ် မှားယွင်းနေကြောင်း ပြောဆိုခဲ့တဲ့ ဘူးလက်ဦးလှဆွေ ခေါ် ဦးလှဆွေကို အောက်တိုဘာ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲစာရင်းတွေ ရာနဲ့ချီကွာဟနေပြီး သေတဲ့သူတွေတောင် ပါနေတယ်လို့ ကြံ့ခိုင်ရေးပါတီမှ ဦးလှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ live လွှင့်ပြောဆိုခဲ့ရာ သတင်းမီဒီယာတွေက ဖော်ပြပြီးနောက် စစ်ဆေးခံရတာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ “နေပြည်တော်မှာ မဲစာရင်းတွေ ကွာနေတာကို သူပြောလိုက်လို့ သတင်းမီဒီယာတွေ သိရတာ။ UEC က ဗိုလ်ချုပ်သန်းစိုးကလည်း ဘူးလက်လှဆွေကို ဖော်ကောင်လုပ်လို့ ဒီပြဿနာဖြစ်ရတာ၊ သူတို့ကို စောက်ရှက်ခွဲတယ်ဆိုပြီး တပ်ကိုတင်ပြပြီး ဖမ်းခိုင်းတာ၊ ဘယ်မှာစစ်နေလဲ မသိတော့ဘူး။”…
-

AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစစ်ခန်းကုန်းမှ စစ်သားများ လက်နက်များကိုစွန့်ပစ်ကာ ကစင့်ကလျားဆုတ်ခွာထွက်ပြေး
(စစ်သားများမှာ တပ်ကိုမပြန်တော့ဘဲ ထွက်ပြေးပုံရဟုဆို) မကွေးတိုင်း ငဖဲမြို့နယ်၊ပဒန်းမြို့အနီးရှိ နတ်ရေကန်တောင်ပေါ်တွင်တည်ရှိသည့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း၏ အားထားရသည့်ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်သားများမှာ လက်နက်ကြီးများကိုသာမက လက်နက်များကိုပါ စွန့်ပစ်ကာ ကိုယ်လွတ်ရုန်းပြီး ကစင့်ကလျားဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီစခန်းကုန်းက နာမည်ကြီး။ ဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာ။ဖိုက်တာစခန်းကုန်းလို့နာမည်ကြီး စခန်းကုန်းပါ။ဘာကြောင့်တော့မသိဘူး။ စစ်သားတွေ လက်နက်တွေကို စွန့်ပစ်ပြီးထွက်ပြေးတာ။ အဲဒီစခန်းကုန်းကို အချိန်တိုတိုနဲ့ အပြတ်သတ်ချေမှုန်းသိမ်းပိုက်လိုက်တယ်”ဟုပြောသည်။ AA ဦးဆောင်သည့်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်းစစ်သား၄၀ ထက်မနည်းသေဆုံးကာအများအပြားမှာဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုချန်ထားကာအကုန်ထွက်ပြေးသွားသည်ဟုဆိုသည်။ “နတ်ရေကန်တောင်ရှိ လေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်းရဲ့ အားကိုးအားထားရတဲ့ ဖိုက်တာစခန်းကုန်းဆိုတော့ လက်နက်ကြီးတွေပါ ဆင်ထားတာ။ အကုန်ရလိုက်တယ်။ ဒီလိုများများလှူဖို့လိုတယ်” ဟု ၎င်းက ပြောသည်။ ၎င်းစခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိပြီး ဒရုန်း၊ စနိုက်ဘာ၊…