Author: Baby Yit Lone

  • မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည်ပြုချက်

    မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည်ပြုချက်

    မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့် မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည် ပြုချက်

    မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့်မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအ တည် ပြုချက်တစ်ခုသည် မတ်၉ရက်နေ့ ညနေပိုင်းတွင် ထပ်မံထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

    “မော်တော်ပီကယ်တွေကတော့ ဆိုင်ကယ်နံပါတ် စုံ/မကို အရှေ့ဂဏန်းကို အတည်ယူကြတာပါ။ဥပမာ ဆိုင်ကယ်နံပါတ် ၈၅ယကို စုံ အဖြစ်သတ်မှတ်ပြီး ၅၈ယကို မ အ ဖြစ် သတ်မှတ်ထားပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးမှ ပြောသည်။

    648892812 4314043335498674 6394020872692734887 N

    ချမ်းအေးသာစံနေပြည်သူတစ်ဦးမှ ” စက်သုံးဆီအ ရောင်းဆိုင်တွေမှာ ၂နဲ့စားလို့ ပြတ်ရင် စုံ ၊ ၂နဲ့စားလို့ မပြတ်ရင် မ အဖြစ် သတ်မှတ်ပြီး ဆီရောင်းပါတယ်”ဟု ပြောသည်။

    မန္တလေးမြို့နေပြည်သူများအနေဖြင့် မော်တော်ဆိုင် ကယ်များ စုံ/မသတ်မှတ်အပေါ် ကွဲလွဲမှုများရှိနေသောကြောင့် လမ်းပေါ် ဆိုင်ကယ်မောင်းနှင်ခြင်းနှင့်စက်သုံးဆီထုတ်ယူခြင်းတို့အား အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

    စက်သုံးဆီ သုံးစွဲမှုလျှော့ချနိုင်ရန်နှင့်ပတ်သက်ပြီး မော်တော်ဆိုင်ကယ်များ စုံ/မ ခွဲခြားမှုသည် အခြေခံလူတန်းစားများ၏ အလုပ်သွား အလုပ်လာရန်အတွက် အဆင်မပြေမှုများစွာ ရှိနေကြောင်းလည်း သိရသည်။

    မန္တလေးမြို့ခံများအနေဖြင့် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် စုံ/မ သတ်မှတ်မှုအား စက်သုံးဆီအရောင်းဆိုင်များတွင်သာ ကျင့်သုံးရန်နှင့် မော်တော်ဆိုင် ကယ် စီးနင်းမောင်းနှင်ရာတွင် ကျင့်သုံးရန် မလို အပ် ကြောင်းတို့ကို တာဝန်ရှိသူများထံမှ ပြင်ဆင်လျော့ချပေးရန် လိုလားနေကြောင်း သိရသည်။

    648716664 1241803768130837 6636430880538374029 N

    649112301 1241806701463877 5712221506358655356 N

    647554769 1509446784521479 1104078821578146271 N

  • စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလဆန်းပိုင်းနှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲမစတင်မီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး အီရန်နိုင်ငံထံမှ လေယာဉ်ဆီများကို သုံးကြိမ်တိုင်တိုင် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း ကျွမ်းကျင်သူများနှင့် ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။

    ပြည်တွင်းစစ်အတွင်း မကြာသေးမီက စစ်အုပ်စု အသုံးပြုသည့် ဆီပမာဏအပေါ် အခြေခံကြည့်လျှင် ယခုတင်သွင်းမှုသည် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ လုံလောက်သော ပမာဏဖြစ်သည်ဟု လောင်စာဆီကဏ္ဍနှင့်ပတ်သက်သည့် အတွင်းသိတဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သို့သော် အီရန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် စျေးနှုန်းများ မြင့်တက်နေချိန်တွင် အခြားသော လောင်စာဆီရင်းမြစ်များကို ရှာဖွေရတော့မည်ဖြစ်သည်။

    အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပေးပို့မှု သုံးကြိမ်စလုံးသည် ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းရှိ ယခင်က Puma ခေါ် Myan Oil Terminal လေယာဉ်ဆီသိုလှောင်ရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အတွင်းသိတဦးက Nikkei Asia သို့ ပြောသည်။

    Nikkei မှ မြင်တွေ့ခဲ့ရသော ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများအရ ကုန်တင်သင်္ဘော MV Reef က ထိုဆီများကို အီရတ်မှ စတင် တင်ဆောင်လာသည်ဟု လိမ်ထားသည်။

    MV Reef သင်္ဘောသည် ရန်ကုန်မြစ်၏ တိမ်ပြီးရွှံ့နွံထူထပ်သော ရေပြင်အခြေအနေနှင့် သင့်လျော်သည့် သင်္ဘောငယ်တစင်းဖြစ်သည်။ MV Reef သည် လောင်စာဆီ မက်ထရစ်တန်ပေါင်း ၁၈,၃၇၆ တန် (စည်ပေါင်း ၁၄၆,၀၀၀ ခန့်) ကို သယ်ယူပို့ဆောင်နိုင်သည်။

    “သူတို့ လေယာဉ်ဆီ ပမာဏအတော်များများ တင်သွင်းထားတယ်။ ပုံမှန်ထက်တောင် ပိုများတယ်။ သူတို့က ဒီအခြေအနေအတွက် အဆင်သင့်ပြင်ထားတာပါ” ဟု အတွင်းသိက ဆိုသည်။

    “မြန်မာနိုင်ငံကို အီရန်က လောင်စာဆီ ထောက်ပံ့ပေးတာဟာ အမှန်ဖြစ်သလို အရေးလည်း ကြီးပါတယ်။ ကျွန်တော် အစပိုင်းမှာ သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယုံသွားခဲ့တယ်” ဟု ဩစတြေးလျ စီးပွားရေးပညာရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်းဖြစ်သူ ရှောင်တာနဲလ်က Nikkei Asia သို့ ပြောကြားခဲ့သည်။

    အီရန်သည် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ စစ်ဘက်သုံး ဒရုန်းများကိုလည်း ထောက်ပံ့ပေးနေခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ပြည်တွင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် ယူရီးယားဓာတ်မြေသြဇာများကိုလည်း ပေးပို့ခဲ့သည်။ နှစ်စဉ် ယူရီးယားပေးပို့မှုသည် တန်ချိန် ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြားရှိနိုင်ကြောင်း ကုန်သွယ်မှုလေ့လာဆန်းစစ်သူ နှစ်ဦးက ခန့်မှန်းကြောင်း ရိုက်တာသတင်းဌာနက ဇန်နဝါရီလနှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံအတွက် အီရန်က လေယာဉ်ဆီ၊ ဒရုန်းနှင့် ယူရီးယား ပေးပို့မှုသည် တီဟီရန်အစိုးရ တချိန်က ကိုင်စွဲထားခဲ့သော မူဝါဒနှင့် သိသိသာသာ သွေဖည်နေသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ထိုစဉ်က အီရန်သမ္မတ ဟက်ဆန် ရိုဟာနီသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ဖြေရှင်းရန် နိုင်ငံတကာ ဖိအားပေးမှုများကို ၎င်းတို့နိုင်ငံက ထောက်ခံမည်ဟု ကတိပြုခဲ့ဖူးသည်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ပေးခဲ့သည့် စစ်ဆင်ရေးများကြောင့် မွတ်စလင်လူနည်းစုဖြစ်သည့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ ထွက်ပြေးခဲ့ရသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံစီးပွားရေးကို ထိုးကျသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ရေနံဓာတု သန့်စင်နိုင်စွမ်း မရှိသလောက်ဖြစ်နေပြီး ဒီဇယ်နှင့် ဓာတ်ဆီ ၇၀ ရာခိုင်နှုန်းခန့်ကို စင်ကာပူနိုင်ငံမှ တင်သွင်းရသည်။

    အမေရိကန်-အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် မြန်မာနိုင်ငံတွင် ဓာတ်ဆီစျေးသည် ချက်ချင်းဆိုသလို ၈၀ ကျပ် (၀.၀၃၈ ဒေါ်လာ) မြင့်တက်ခဲ့ပြီး ပိုတက်မည့်အလားအလာ ရှိနေသည်။

    “စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေး အထူးသဖြင့် နိုင်ငံခြားငွေဟာ အမြဲတမ်းလိုလို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ လောင်စာဆီစျေးနှုန်း မြင့်တက်မှုတွေကြောင့် ရုရှားဆီကနေ ခဲယမ်းတွေနဲ့ လေကြောင်းလက်နက်တွေ ဝယ်ဖို့ အသုံးပြုနေတဲ့ လက်ကျန်နိုင်ငံခြားငွေတွေ ကုန်ခန်းသွားနိုင်ပါတယ်။ လေယာဉ်ဆီပေးသွင်းနေတဲ့ မဟာမိတ်တဦး ထပ်ဆုံးရှုံးသွားပြီ” ဟု ရှောင်တာနဲလ်က Nikkei Asia သို့ ပြောသည်။

    ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် စစ်ကော်မရှင်သည် မတ်လ ၇ ရက်နေ့မှစ၍ မော်တော်ယာဉ်အများစုအတွက် နံပါတ်ပြား စုံ/မ အလိုက် စုံရက်၊မရက်ဖြင့် ထွက်ကာ ဆီဖြည့်ကြရန် ကြေညာခဲ့သည်။ စျေးတင်ရောင်းခြင်းနှင့် လောင်စာဆီ သိုလှောင်ခြင်းများကိုလည်း “တားမြစ်” ထားသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လောင်စာဆီ လက်ကျန်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိတော့ပေ။ ၂၀၁၉ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုံမှန်အားဖြင့် ဓာတ်ဆီ ၃၆ ရက်စာ၊ ဒီဇယ် ၃၅ ရက်စာနှင့် လေယာဉ်ဆီ ၁၂၀ ရက်စာ ရှိတတ်သည်။ လက်ရှိ ဓာတ်ဆီနှင့် ဒီဇယ်လက်ကျန်မှာ ရက် ၃၀ ခန့်စာသာ ကျန်တော့သည်ဟု စက်မှုလုပ်ငန်း စောင့်ကြည့်သူများက ခန့်မှန်းကြသည်။

    လူဦးရေထူထပ်သော မြို့ကြီးများရှိ ဆီဆိုင်များသည် ပုံမှန်အတိုင်း ပြတ်လပ်လေ့ရှိသော်လည်း စစ်တပ်သည် လောင်စာဆီများကို ရနိုင်သမျှ ဦးအောင်ယူလေ့ရှိသည်။ သို့သော်လည်း အီရန်အကျပ်အတည်းသည် ၎င်းတို့ကို ဘဏ္ဍာရေးအရ ကျပ်တည်းစေမည်ဖြစ်ပြီး အထူးသဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ သဘာဝဓာတ်ငွေ့ တင်ပို့မှု (နိုင်ငံခြားငွေရရှိရာ အဓိကလမ်းကြောင်း) မှာ တနှစ်လျှင် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနေချိန်လည်း ဖြစ်သည်။

    “စစ်ကော်မရှင်ရဲ့ နိုင်ငံခြားငွေ လက်ကျန်နည်းပါးနေတာကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း တက်လာမှုဟာ နေပြည်တော်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးတခုလုံးကို ထိခိုက်စေမှာပါ” ဟု International Crisis Group မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟောဆေးက Nikkei သို့ ပြောသည်။

    “အရင်တုန်းကဆိုရင် ဒီလို စီးပွားရေး ရိုက်ခတ်မှုတွေကို သဘာဝဓာတ်ငွေ့ကနေရတဲ့ ဝင်ငွေနဲ့ ပြန်ပြီး ခုနှိမ်လို့ ရခဲ့တယ်။ အခု ဓာတ်ငွေ့ထွက်နှုန်း ကျဆင်းနေတာကြောင့် အဲဒီလို ခုနှိမ်နိုင်စွမ်းက အရင်ကထက် အများကြီး နည်းသွားပါပြီ။ ဒါပေမဲ့ စားဝတ်နေရေး ခက်ခဲနေပြီးသားဖြစ်တဲ့ သာမန်ပြည်လူတွေအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်မှာပါ။ သူတို့ဟာ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် လောင်စာဆီစျေးနှုန်း မြင့်တက်တာတွေကိုပါ ရင်ဆိုင်ရတော့မှာပါ။” ဟု ရစ်ချက်က ပြောသည်။

    ၂၀၀၇ ခုနှစ်တွင် လောင်စာဆီ ထောက်ပံ့ကြေးများကို ရုပ်သိမ်းလိုက်သဖြင့် စျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရာမှ သံဃာတော်များ ဦးဆောင်သည့် “ရွှေဝါရောင်တော်လှန်ရေး” ခေါ် လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ဖူးသည်။

    မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ နီးပါး နယ်နိမိတ် ထိစပ်နေသော ထိုင်းက နယ်စပ်မှတဆင့် လောင်စာဆီ တင်ပို့မှုကို ပိတ်ပင်လိုက်သဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံ မယ်ဆိုင်၊ မြန်မာနိုင်ငံ တာချီလိတ်နှင့် မဲဆောက်-မြဝတီ နယ်စပ်ဒေသတို့တွင် လောင်စာဆီ လုယက်ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်။

  • ဒေါ်ကြည်ပြာ၏ ချေပချက်များ၊ ရင်ဖွင့်စကားများနှင့် နောက်ကွယ်က အကြောင်းရင်းများ (သီးသန့်အင်တာဗျူး)

    ဒေါ်ကြည်ပြာ၏ ချေပချက်များ၊ ရင်ဖွင့်စကားများနှင့် နောက်ကွယ်က အကြောင်းရင်းများ (သီးသန့်အင်တာဗျူး)

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ၎င်းအပေါ် စွပ်စွဲချက်များအား ဌာနတွင်း စုံစမ်းစစ်ဆေးမှုအပြီး၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျန်းမာရေးကြောင့် တာဝန်မှ အနားယူခွင့်ပြုရန် တင်ပြခဲ့သည်။

    ဝန်ထမ်းများအပေါ် ဆက်ဆံရေး ပျော့ပျောင်းရန် ‘ပြင်းထန်စွာ သတိပေးခြင်း’ ခံရသည်မှအပ အခြားစွဲချက်များ ကျူးလွန်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။

    Mm News.xyz 2026 03 09 210534

    မဇ္ဈိမသတင်းထောက် မောင်ခက်နွေနှင့် သီးသန့်မေးမြန်းခန်းတွင် ဒေါ်ကြည်ပြာက ၎င်းအနေဖြင့် ကင်ဆာဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး CDM ဝန်ထမ်းများကိုလည်း အထူးတလည် တောင်းပန်သွားခဲ့သည်။

    ယခုအင်တာဗျူးတွင် စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါ်ကြည်ပြာ၏ ချေပချက်များနှင့် ရင်ဖွင့်စကားများကို အပြည့်အစုံ ကြည့်ရှုနားဆင်နိုင်ပါသည်။

  • ရန်ကုန် ယာဉ်ထိန်းရဲများ ညအချိန်ထိ အချိန်ပိုဆင်းပြီး ငွေညှစ်ရန် အင်တိုက်အားတိုက်ကြိုးစားနေ

    ရန်ကုန် ယာဉ်ထိန်းရဲများ ညအချိန်ထိ အချိန်ပိုဆင်းပြီး ငွေညှစ်ရန် အင်တိုက်အားတိုက်ကြိုးစားနေ

    စစ်ကော်မရှင်က မတ်လ ၇ ရက်နေ့မှ စတင်ကာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် မော်တော်ယာဉ် မောင်းနှင်ခွင့်ကို စုံ/မ စနစ်ဖြင့် ကန့်သတ်သတ်မှတ်လိုက်ပြီးနောက် လမ်းမများပေါ်တွင် ယာဉ်ထိန်းရဲများက ယင်းစည်းကမ်းကို အသုံးချကာ ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    အဆိုပါ စုံ/မ စနစ်အရ ကားနံပါတ်အဆုံးစာလုံးသည် ရက်စွဲနှင့် ကိုက်ညီမှုရှိမှသာ မောင်းနှင်ခွင့်ပြုခြင်းဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ယာဉ်ထိန်းရဲများသည် လမ်းဆုံလမ်းခွများတွင် အုပ်စုလိုက် စောင့်ဆိုင်းပိတ်ဆို့ စစ်ဆေးလျက်ရှိသည်။

    အထူးသဖြင့် ယနေ့ မတ်လ ၉ ရက်နေ့တွင် ယာဉ်ထိန်းရဲများသည် ပုံမှန်တာဝန်ချိန်ထက် ကျော်လွန်ကာ ည ၈ နာရီဝန်းကျင်အထိ အိမ်မပြန်ဘဲ လမ်းမများပေါ်တွင် ခြုံခိုဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ပြောဆိုကြသည်။

    “ဒီနေ့က ၉ ရက်နေ့ဆိုတော့ နံပါတ်အဆုံးစာလုံး မ ကားတွေပဲ မောင်းရမှာလေ။ ကျွန်တော့်ကားက စုံ နံပါတ်ဖြစ်နေတာကို အလုပ်ကိစ္စ အရေးကြီးလို့ ခဏလေးထွက်တာ ည ၇ နာရီခွဲလောက်မှာ အဖမ်းခံရတယ်။ စဖမ်းခံရတော့ တစ်သိန်းခွဲတောင်းတယ်။ ညှိလိုက်တော့ ငါးသောင်းနဲ့ အဆင်ပြေသွားတယ်” ဟု ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည်ကို ပြောသည်။

    ၎င်းက ဆက်လက်၍ “ယာဉ်ထိန်းရဲတွေက အိမ်မပြန်သေးဘူး၊ မှောင်နေတဲ့နေရာတွေမှာ ပုန်းပြီးစောင့်နေတာ။ ကားတားပြီးတာနဲ့ စခန်းကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြီး ငွေတောင်းတော့တာပဲ” ဟု ဆိုသည်။

    အခြားဒေသခံတစ်ဦးဖြစ်သူ မခိုင် (အမည်လွှဲ) ကလည်း အလုပ်ပြန်နောက်ကျသဖြင့် သာကေတမြို့နယ်၊ ရှု့ခင်းသာမြို့ပတ်လမ်းတွင် ယာဉ်စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရပြီး ငွေကျပ်ငါးသောင်းခန့် ပေးဆောင်ခဲ့ရကြောင်း ရင်ဖွင့်သည်။

    “ကျွန်မတို့က စည်းကမ်းမသိလို့ မဟုတ်ပါဘူး၊ မတတ်သာလို့ ထွက်ရတာကို သူတို့က အကွက်ချပြီး စောင့်ဖမ်းနေသလိုပဲ။ ည ၈ နာရီထိုးနေပြီ သူတို့က လမ်းဘေးမှာ စုပြီး ကားတွေကို မီးနဲ့ထိုးကြည့်ပြီး တားနေကြတာ” ဟု မခိုင်က ပြောသည်။

    ယာဉ်ထိန်းရဲများသည် ယာဉ်စည်းကမ်းကို ထိန်းသိမ်းရန်ထက် တစ်ဦးချင်းစီ၏ အိတ်ကပ်ထဲမှ ငွေကို ရယူရန်သာ အဓိကထား လုပ်ဆောင်နေကြကြောင်း လမ်းသွားလမ်းလာများက ဝေဖန်ထောက်ပြကြသည်။

    “အရင်ကဆို ဒီအချိန် ယာဉ်ထိန်းရဲတွေ လမ်းပေါ်မှာ မရှိတော့ဘူး။ အခု စုံ/မ စနစ် စကတည်းက သူတို့အတွက် စားကျက်အသစ်ရသွားသလိုပဲ။ ညအမှောင်ကို အသုံးချပြီး ပြည်သူတွေကို ဓားပြတိုက်နေတာနဲ့ မခြားတော့ဘူး” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

    စုံ/မ စနစ်ကြောင့် သွားလာရေး ခက်ခဲနေသည့်ကြားမှ ယာဉ်ထိန်းရဲများ၏ ငွေညှစ်မှုဒဏ်ကိုပါ ထပ်မံခံစားနေရသဖြင့် အခြေခံလူတန်းစားများမှာ နေ့စဉ်လူမှုဘဝအတွက် ပိုမိုကျပ်တည်းလာနေသည်။

    အချို့နေရာများတွင် ယာဉ်ထိန်းရဲများသည် ယာဉ်နံပါတ် စစ်ဆေးရုံတင်မကဘဲ ယာဉ်မောင်းလိုင်စင်နှင့် အခြားစာရွက် စာတမ်းများကိုပါ အပြစ်ရှာကာ ငွေတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

    ယင်းကဲ့သို့သော စစ်ကော်မရှင်၏ ကန့်သတ်ချက်များသည် ပြည်သူများအတွက် အဆင်မပြေမှုများကိုသာ ဖြစ်ပေါ်စေပြီး အောက်ခြေဝန်ထမ်းများအတွက်မူ အဂတိလိုက်စားရန် အခွင့်အလမ်းများ ဖန်တီးပေးသလို ဖြစ်နေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

    လက်ရှိတွင် မြို့ခံပြည်သူများအနေဖြင့် ယာဉ်ထိန်းရဲများ၏ ညအချိန်မတော် ငွေညှစ်ဖမ်းဆီးမှုများကြောင့် ညပိုင်းသွားလာရေးကို ရှောင်လွှဲနေကြရပြီး လုံခြုံရေးနှင့် စီးပွားရေးအရ ထိခိုက်မှုများစွာ ရှိနေကြောင်း သိရသည်။

  • အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အာဏာသိမ်းစစ်ကော်မရှင် ထောက်ခံသူတွေက ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်နဲ့ DJ ပညာရှင် လမင်းကဗျာကို မတ်လ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းကွန်ရက်များက ဖော်ပြထားပါတယ်။

    သတင်းတွေအရ မတ်လ ၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က လှိုင်မြို့နယ် ၁၆ ရပ်ကွက် ဦးဖိုးမှန်လမ်းရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ထားပါတယ်။

    ဒေသခံမျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်အရ မတ်လ ၈ ရက် ညပိုင်းကတည်းက အဆိုပါနေအိမ်အနီးတွင် ရဲကားတစ်စီးနဲ့ အိမ်စီးကားတစ်စီး ရောက်ရှိနေခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းတွင် လုံခြုံရေးအင်အား ဆယ်ဦးထက်မနည်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူဟာ အဆိုတော် လမင်းကဗျာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူများနဲ့ မြေပြင်သတင်းရင်းမြစ်များက ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    “မနက်က လှိုင်၊ ၁၆ ရပ်ကွက်ထဲ အဖမ်းအဆီးဖြစ်စဉ်က သူ့ကို ဝင်ဖမ်းတာလို့ ကနဦး ကြားထားပါတယ်။ အတည်ပြုနေဆဲပါဗျ။”လို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

    လမင်းကဗျာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်ကလည်း တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ မတ်လ ၃ ရက်က မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ အလှူပွဲတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လုံခြုံရေးယူပေးနေစဉ် လမင်းကဗျာ သီဆိုဖျော်ဖြေနေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

    အဆိုပါ ရုပ်သံဖိုင်တွေ ပျံ့နှံ့လာပြီးနောက် အာဏာသိမ်းစစ်ကော်မရှင် ထောက်ခံသူများက လမင်းကဗျာကို ဖမ်းဆီးအရေးယူရန် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    ရုပ်သံ – လူမှုကွန်ရက်