Author: Baby Yit Lone

  • စကစ ဒေါက်တိုင် သီတာဦး ရဲ့ သားတော်မောင် သြစီမှာ ဘယ်လိုဇာတ်မြုပ်နေလဲ

    စကစ ဒေါက်တိုင် သီတာဦး ရဲ့ သားတော်မောင် သြစီမှာ ဘယ်လိုဇာတ်မြုပ်နေလဲ

    🟥 သစ္စာဖောက် သီတာဦးဆိုတာဘယ်သူလဲ

    အရင်ဆုံး သစ္စာဖောက် သီတာဦးဆိုတာ တကယ်တမ်း NLD အစိုးရလက်ထက်တုန်းက ယခု ဥပဒေရေးရာဝန်ကြီးဌာနဖြစ်သွားပြီဖြစ်တဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်မှာ အမြဲတမ်းအတွင်းဝန်ရာထူးကိုထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

    2019 ခုနှစ် ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နဲ့ တရားစွဲခဲ့စဥ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ဥပဒေရေးရာအဖွဲ့မှာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းအပြီးမှာတော့ ထိပ်ဆုံးက ဘက်ပြောင်းသစ္စာဖောက်စာရင်းထဲမှာ သီတာဦးတစ်ယောက် ထိပ်ဆုံးကနေပါလာခဲ့ပါတယ်။

    ICJ ဆိုင်ရာ ဥပဒေရေးရာစကားဝိုင်းတွင်တွေ့ခဲ့ရသော ဒေါ် သီတာဦး – ဝဲမှ သုံးယောက်မြောက်

    စစ်ကောင်စီ အာဏာသိမ်းပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ မူလရာထူး ဖြစ်တဲ့ အမြဲတမ်းအတွင်းဝန်ထက် မြင့်တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရာထူးကို တွေဝေခြင်းမရှိလက်ခံခဲ့တာပါ။

    သီတာဦးကို ရှေ့နေချုပ် မင်းအောင်လှိုင်ခန့်အပ်ရတဲ့ အကြောင်းအရင်းကလည်း မူလရှေ့နေချုပ် ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ငြင်းဆိုခဲ့တာကြောင့်သာ ဖြစ်ပါတယ်။ သီတာဦးအတွက်တော့ ရာထူးနဲ့အ‌ဆောင်အယောင်တွေဟာ ဒီလောက်အရေးပါနေခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်ထောင်စုရှေ့နေရုံးချုပ်ကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးချိန်မှာလည်း သီတာဦးကို ဥပဒေရေးရာဝန်ကြီးရာထူး ပေးအပ်ခဲ့ပါတယ်။

    ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်မှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမယယ့် စာရင်းမှာ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးလည်း ပါဝင်လို့ လာခဲ့ပါတော့တယ်။

    🟥 ပြည်ထောင်စုရှေ့နေချုပ်ဆိုတာ ဘယ်လိုရာထူးမျိုးလဲ

    ပြည်ထောင်စုရှေ့နေချုပ်ဆိုတာ မြန်မာနိုင်ငံတော်အစိုးရ ရဲ့ ပြစ်မှုဆိုင်ရာမှုခင်းတွေမှာ နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ဖို့ထားရှိထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်ဌာန (ယခု – ဥပဒေရေးရာဝန်ကြီးဌာန) ရဲ့အကြီးအကဲဖြစ်ပါတယ်။

    ယခင်က ဒီလို ဂုဏ်ကျက်သရေမြင့်ခဲ့ဖူးတဲ့ ရာထူးတစ်ခုဟာ ယခုမှာတော့ စစ်ကောင်စီအကြီးအကဲတွေရဲ့အလိုကျ ဥပဒေကို လက်တလုံးခြားလုပ်တာနဲ့ ဗြောင်ကျကျ လိမ်တာတွေကို လုပ်ဆောင်နေပါတယ်။

    အများစုနဲ့ရင်းနှီးမယ့်တာဝန်တစ်ခုကိုပြပါဆိုရင်တော့ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကစလို့ အပြစ်မဲ့ နိုင်ငံရေးအကျဥ်းသား အားလုံးကို ဥပဒေပုဒ်မတွေတပ်ပြီး တရားစီရင်ရခြင်းပဲဖြစ်ပါတယ်။

    🟥 ကိုယ့်အမျိုးကျ သိတတ်သူ

    စစ်ကောင်စီ ရဲ့အသုံးတော်ခံ သီတာဦးဟာ ကိုယ်ကိုယ်တိုင်သာ အပြစ်မဲ့ပြည်သူတွေကို ကိုယ်ချင်းစာတရားကင်းမဲ့စွာ ဂရုမထားတာဖြစ်ပေမယ့် မိမိရဲ့ သားသမီးကိုတော့ နတ်ဘုံနတ်နန်းမှာ ပို့ထားသူဖြစ်ပါတယ်။

    သီတာဦးရဲ့ တစ်ဦးတည်းသောသား မင်းရဲမြတ်ဘုန်းခိုင်ဟာ အာဏာမသိမ်းခင်ကပင် သြစတြေးလျမှာ ဆရာဝန်ဘဝကို အပူအပင်မဲ့စွာဖြတ်သန်းနေခဲ့တာဖြစ်ပြီးတော့ တန်ဖိုးအကြီးဆုံးသော ကားတွေ၊ အိမ်တွေနဲ့ အကောင်းဆုံးသော အသုံးအဆောင်တွေနဲ့ ဘဝကြီးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။

    မင်းရဲမြတ်ဘုန်းခိုင် ဟာ ၂၀၂၂ ခုနှစ်အထိ သြစတြေးလျနိုင်ငံ ရဲ့ ထိပ်တန်းစာရင်းဝင်လို့ပြောလို့ရတဲ့ Mackay Base Hospital မှာ ဆရာဝန်တစ်ယောက်အနေနဲ့ ဇာတ်မြုပ်လုပ်ကိုင်နေခဲ့ပေမယ့် စစ်ကောင်စီအာဏာသိမ်းအပြီးနောက်မှာ သူ့ရဲ့ မိသားစုအကြောင်းကို သိသွားတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြဥ်ဖယ်ခြင်းကိုခံခဲ့ရပါတယ်။

    ဒါ့ကြောင့် ၂၀၂၂ မှာ Mackay Base Hospital ကနေနှုတ်ထွက်ခဲ့တယ်လို့သိရပြီး ယခုအခါမှာ မိုင်ထောင်ချီတဲ့ အဝေးက Goulburn မြို့ငယ်လေးမှာ ထပ်မံဇာတ်မြုပ်ဖို့ ကြိုးစားနေတယ်လို့လည်းသိရပါတယ်။

    🟥 မြန်မာနိုင်ငံက အေးချမ်းပါတယ်လို့ဆိုတဲ့ မင်းရဲမြတ်ဘုန်းခိုင်

    Mulwaree Doctors လို့ရှာလိုက်ရင် တန်းတွေ့ရသော ‌မင်းရဲမြတ်ဘုန်းခိုင်

    မင်းရဲမြတ်ဘုန်းခိုင်နဲ့ နီးစပ်သူအမည်မဖော်လိုသူတစ်ဦးရဲ့ပြောကြားချက်အရတော့ မင်းရဲမြတ်ဘုန်းခိုင်ဟာ သူ့အမေအပေါ် အတော်အထင်ကြီးလေးစားမှုရှိပြီး အမြဲတမ်းချီးမွမ်းစကားဆိုလေ့ရှိတယ်လို့သိရပါတယ်။

    ကြည့်ရတာ တစ်မိသားစုလုံးက အမျိုးချစ်စိတ်အပြည့်ရှိပုံပါပဲ။ နောက်ပြီး သူဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လာရင် အေးအေးချမ်းချမ်းပါပဲ ဘာမှဖြစ်ပျက်နေတာမရှိပါဘူး စသဖြင့်တုံ့ပြန်မှုတွေသာပေးတတ်ပြီး ဘာမှ ပြောဆိုခြင်းမရှိဘူးလို့ဆိုပါတယ်။

    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက Fiji ကမ်းခြေတွင်တွေ့ရသော မင်းရဲမြတ်ဘုန်းခိုင်

    ဒါပေမယ့် မြေပြင်မှာတော့ အဓမ္မဖမ်းဆီးခံရသူ ၂သောင်းခွဲကျော်ရှိပြီဖြစ်ပြီး အတည်ပြုသေဆုံးသူတင် ၆၅၀၀ ကျော်ရှိပြီးဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှလည်း စစ်ကောင်စီအကြမ်းဖက်တွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု၊ အိမ်တွေ ရွာတွေ မီးရှို့မှုတွေနဲ့ အတူ အတင်းအဓမ္မပြုကျင့်မှုတွေကို လူမဆန်စွာ ကျူးလွန်နေကြဆဲဖြစ်ပါတယ်။

    သြစတြေးလျနိုင်ငံမှာ အနေကြာသွားလို့ မြန်မာနိုင်ငံရဲ့ သတင်းတွေနဲ့ ထိတွေ့မှုမရှိတော့တာလားဆိုတာလားတော့ မဆိုနိုင်ပါဘူး။

    🟥 မင်းရဲမြတ်ဘုန်းခိုင်ရဲ့ဆေးခန်းအသစ်

    Min Medical Aesthetics ဆေးခန်းရဲ့ လူမှုကွန်ရက် စာမျက်နှာ

    လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖယ်ကြဉ်မှုကြောင့် Mackay Base Hospital, Queensland ကနေ မင်းရဲမြတ်ဘုန်းခိုင်တစ်ယောက် အခုဆို New South Wales တိုင်း Goulburn မြို့က Mulwaree Doctors ဆိုတဲ့ဆေးခန်းမှာ ပြောင်းပြီးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

    🟥 မင်းရဲမြတ်ဘုန်းခိုင်တစ်ယောက် ရန်ကုန်မှာဆေးခန်းဖွင့်ထားသေးတာလား

    မင်းရဲမြတ်ဘုန်းခိုင်နဲ့သိကျွမ်းတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ဖော်ပြချက်အရ မင်းရဲမြတ်ဘုန်းခိုင်အနေနဲ့ ယခု ရန်ကုန်မှာ အသစ်ဖွင့်လှစ်ထားတဲ့ “Min Medical Aesthetics” ဆိုတဲ့ အလှအပဆိုင်ရာဆေးခန်းနဲ့ ဆက်နွှယ်မှုရှိတယ်လို့သိရပါတယ်။

    အတွင်းသတင်းတွေဖော်ပြချက်အရတော့ အထက်ပါ ဆေးခန်းကို မင်းရဲမြတ်ဘုန်းခိုင်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ယောက်က စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။

    🟥 အာဏာရှင်သားသမီးတွေရဲ့ လူနေမှုပုံစံ

    မင်းရဲမြတ်ဘုန်းခိုင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရတဲ့ လေယျာဥ်‌မောင်းလိုင်စင်

    အမည်မဖော်လိုသူသတင်းပေးရဲ့ပြောဆိုချက်အရ မင်းရဲမြတ်ဘုန်းခိုင်ဟာ အလွန်ချမ်းသာသူတစ်ယောက်ဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ပိုင်ဆိုင်မှု တွေရှိတယ်လို့သိရပါတယ်။ လေယာဥ်မောင်းလိုင်စင်တောင်ရထားပြီး ရံဖန်ရံခါ ဝါသနာအရ လေယာဥ်မောင်းတတ်တယ်လို့လည်း သိရပါတယ်။

    ဖျော်ဖြေပွဲတွေ၊ ခရီးတွေ မကြာခဏဆိုသလိုသွားတတ်တယ်သလို အမျိုးသမီးတွေနဲ့လည်း ဖက်လဲတကင်းရှိတတ်တဲ့ လူစားမျိုးလို့သိရပါတယ်။ ယမန်နှစ်က သြစေတြးလျ နိုင်ငံသားအဖြစ်ခံယူလိုက်ပြီဖြစ်ပြီး သြစီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်သူတစ်ယောက်ဖြစ်သွားပြီလို့သိရပါတယ်။

    လေယာဥ်မောင်းနှင်နေသည်ကို တွေ့ရသော မင်းရဲမြတ်ဘုန်းခိုင်

    မြန်မာနိုင်ငံရဲ့တရားဥပဒေကိုချယ်လှယ်နေတဲ့ မိခင် သီတာဦး တစ်ယောက် သူ့ရဲ့သားသမီးကိုတော့ မြန်မာနိုင်ငံရဲ့အဝေးဆုံးကိုစေလွှတ်ထားတာပါ။

    🟥 သူ့အမေရဲ့ခြေရာနင်းမှာလား

    မင်းရဲမြတ်ဘုန်းခိုင်၏ လူမှုကွန်ရက်စာမျက်နှာ

    မင်းရဲမြတ်ဘုန်းခိုင်ဟာ ယခုလက်ရှိမှာ သြစတြေးလျနိုင်ငံမှာ နံပါတ်တစ် တက္ကသိုလ်ဖြစ်တဲ့ The University Of Sydney မှာ ဥပဒေ ဒီပလိုမာ ဘွဲ့အတန်းကို တက်ရောက်နေတယ်လို့လည်း အမည်မဖော်လိုတဲ့သတင်းပေးသူတစ်ဦးရဲ့ဖော်ပြချက်အရ သိရပါတယ်။

    🟥 ကွာခြားလွန်းကြတဲ့ ဘဝတွေ

    မြန်မာနိုင်ငံက ဆေးကျောင်းသားတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေဟာ တော်လှန်‌ရေးမှာပါဝင်မှုကြောင့် ခေါင်းတည့်တည့်ကို သေနတ်နဲ့အပစ်ခံနေရချိန်၊ ညှင်းပန်းနှိပ်စက်ဖိနှိပ်ခံနေရချိန်၊ အနာဂတ်မဲ့နေကြချိန်မှာ စစ်ကောင်ဆီအကြီးအကဲတွေရဲ့ သားသမီးတွေကတော့ မြန်မာနိုင်ငံနဲ့အဝေးဆုံးတစ်နေရာမှာ ဘဝကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းနေကြပါတယ်။

    တစ်ဖက်မှာ တန်ဖိုးအကြီးဆုံးသော ကားတွေ၊ တန်ဖိုးအကြီးဆုံးသော အိမ်တွေနဲ့ အဆောင်အယောင်တွေ၊ တစ်ဖက်မှာတော့ ၂၄ နာရီမှာ ၄ နာရီပဲရတဲ့ လျှပ်စစ်မီး၊ အင်တာနက်ဖြတ်တောက်မှု၊ ပြည်ပထွက်ခွင့် ပိတ်ဆို့မှု၊ အဓမ္မပေါ်တာဆွဲမှုတွေနဲ့အတူ စစ်ပွဲတွေ။

    မင်းရဲမြတ်ဘုန်းခိုင်ရဲ့ သိန်းထောင်ကျော်တန် Porsche 911 Carrera

    ဒါဟာ ကံတရားရဲ့စီမံရာလား၊ လူတစ်စုတစ်ဖွဲ့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေလားဆိုတာတော့ အားလုံး(ထမင်းစားသူတိုင်း) သိကြမယ်လို့ ယုံကြည်ပါတယ်။ ။

    အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားသော ဆေးတက္ကသလိုလ်ကျောင်းသား မောင်ခန့်ညားဟိန်း (ခ) အာကာဇော်၏ စျာပနပွဲမှပုံ

    ရေးသားသူ-သျှံ

  • ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်  စွပ်စွဲချက်နှင့် လျှောက်လဲချက်များ

    ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်နှင့် လျှောက်လဲချက်များ

    ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးမှုတွေ စတင်နေတာမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို အနှစ်ချုပ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

    လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်

    မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။

    စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ

    ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ် (တပ်မတော်)က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ကျေးရွာတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်နဲ့ မောင်နု ကျေးရွာတွေမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သက်သေတွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

    လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် (Genocidal Intent)

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုတခုအနေနဲ့ တခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိတာဟာ စစ်တပ်ရဲ့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်မှုတွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမိန့်ပေးမှုတွေနဲ့ အမုန်းစကားတွေကတဆင့် သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။

    ကာကွယ်ပိုင်ခွင့်ရှိတဲ့ အုပ်စု (Protected Group)

    ရိုဟင်ဂျာတွေဟာ အဆိုပါ သဘောတူညီချက်အရ ကာကွယ်ပိုင်ခွင့်ရှိတဲ့ လူမျိုးစု၊ ဘာသာရေးအုပ်စု ဒါမှမဟုတ် လူမျိုးနွယ်စုတခုဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သူတွေဖြစ်ပြီး အစောပိုင်း မြန်မာအစိုးရခေါင်းဆောင်တွေ ကလည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ရဲ့ ပြောကြားချက်တွေ၊ မြန်မာ့အသံကနေ ရိုဟင်ဂျာဘာသာနဲ့ ထုတ်လွှင့်မှုတွေ ကို ကိုးကားဖော်ပြပါတယ်။

    စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ ဥပဒေကြောင်းအရ ဖယ်ကျဉ်မှု

    ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကတဆင့် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ပြီး နိုင်ငံမဲ့ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် လက်ထပ်ခွင့် ကန့်သတ်တာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တာနဲ့ သွားလာခွင့် ကန့်သတ်တာတွေနဲ့ သူတို့ရဲ့ ဘဝရပ်တည်မှုကို အခက်ခဲဆုံးဖြစ်အောင် ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။

    အမုန်းစကားနဲ့ ဝါဒဖြန့်မှု

    မြန်မာအစိုးရနဲ့ စစ်တပ်ဟာ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေကို အသုံးပြုပြီး ရိုဟင်ဂျာတွေကို လူသားမဆန်အောင် ပုံဖော်တာ၊ အန္တရာယ်ရှိတဲ့ အုပ်စုအဖြစ် သရုပ်ဖော်တာနဲ့ အမုန်းတရားတွေ ဖြန့်ဝေတာတွေလုပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်လာအောင် လှုံ့ဆော်ခဲ့တယ်လို့ သီတဂူ ဆရာတော်နဲ့ စစ်တပ်အရာရှိတချို့ရဲ့ ပြောဆိုချက်တွေကို ကိုးကားဖော်ပြပါတယ်။

    အကြမ်းဖက်မှုနှိမ်နင်းရေး ခုခံချက်ကို တုံ့ပြန်မှု

    မြန်မာဘက်က ARSA ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်အဖွဲ့ရဲ့ နယ်ခြားစောင့်တပ်တွေကို တပြိုင်တည်း အကြမ်းဖက်မှုတိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်နှိမ်နင်းတာဖြစ်တယ်လို့ ခုခံပြောဆိုပေမဲ့၊ အပြစ်မဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အုပ်စုလိုက် မုဒိမ်းကျင့်တာလိုမျိုး အစွန်းရောက် ရက်စက်မှုတွေဟာ အကြမ်းဖက်မှုနှိမ်နင်းရေး မူဝါဒတွေနဲ့ လုံးဝမကိုက်ညီဘူးလို့ ဂမ်ဘီယာက တုံ့ပြန်ခဲ့ပါတယ်။

    တာဝန်ခံမှုနဲ့ တရားမျှတမှု

    မြန်မာနိုင်ငံမှာ အပြစ်ပေးခံရတာ မရှိဘဲ ကျူးလွန်ခွင့်ရနေတဲ့ အစဉ်အလာ (Impunity) ကို ရပ်တန့်ဖို့နဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိဖို့ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ပေးဖို့ လျှောက်လဲထားပါတယ်။

    ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN Fact-Finding Mission) ရဲ့ အစီရင်ခံစာတွေ၊ မျက်မြင်သက်သေ ထွက်ဆိုချက်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

  • Rental Family

    Rental Family

    Rental Family (2025)

    ဒါရိုက်တာ – Hikari (Netflix ရဲ့ နာမည်ကြီး “Beef” စီးရီးကို ပူးတွဲရိုက်ကူးခဲ့သူ) ရဲ့လက်ရာဖြစ်ပြီး Dave Franco, Hiroto Kanai, Takayuki Yamada တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။

    ဒီဇာတ်ကားကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားပြီး အံ့ဩစရာကောင်းတဲ့ “Rental Family” (မိသားစု ငှားရမ်းခြင်း) ဆိုတဲ့ ယဉ်ကျေးမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Comedy Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    တိုကျိုမြို့မှာ နေထိုင်နေတဲ့ အမေရိကန် သရုပ်ဆောင်တစ်ဦး (Dave Franco) ဟာ အလုပ်အကိုင် အဆင်မပြေဖြစ်ပြီး ဘဝပျက်လုနီးပါး ဖြစ်နေပါတယ်။

    သူဟာ မျှော်လင့်ချက် ကုန်ဆုံးနေချိန်မှာပဲ ဂျပန်က ထူးဆန်းတဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိသွားပါတယ်။

    အဲဒီကုမ္ပဏီကတော့ လူတွေကို “ငှား” ပေးတဲ့ ကုမ္ပဏီပါ။ တစ်ခါတလေ ဖခင်အဖြစ် ဟန်ဆောင်ပေးရမယ်၊ တစ်ခါတလေ ရည်းစားအဖြစ်၊ တစ်ခါတလေ သူငယ်ချင်းအဖြစ် စသဖြင့် လိုအပ်တဲ့ နေရာမှာ ဝင်ရောက် သရုပ်ဆောင်ပေးရတာပါ။

    သူဟာ ဒီအလုပ်ကို ဝင်လုပ်ရင်းနဲ့ ဂျပန်လူမျိုးတွေရဲ့ အထီးကျန်ဆန်မှု၊ လူမှုရေး ပြဿနာတွေကို မြင်တွေ့လာရသလို၊ ဟန်ဆောင်မှုတွေကြားကနေ စစ်မှန်တဲ့ မေတ္တာတရားနဲ့ မိသားစု အဓိပ္ပာယ်ကိုပါ ရှာဖွေတွေ့ရှိသွားပုံကို ရိုက်ကူးထားပါတယ်။

    ဇာတ်လမ်းဆန်းဆန်း: ဂျပန်မှာ တကယ်ရှိတဲ့ “လူငှား” တဲ့ ဝန်ဆောင်မှုကို အနောက်တိုင်းသားတစ်ယောက်ရဲ့ အမြင်နဲ့ ပေါင်းစပ်ထားတာမို့ တော်တော်လေး ဆန်းသစ်ပါတယ်။

    Dave Franco ရဲ့ ဟာသ သရုပ်ဆောင်ချက်တွေက ရယ်မောရစေသလို၊ လူတစ်ယောက်ချင်းစီရဲ့ နောက်ကွယ်က ဝမ်းနည်းစရာ ဇာတ်ကြောင်းတွေကလည်း မျက်ရည်ဝဲစရာ ကောင်းပါတယ်။

    ယဉ်ကျေးမှု ပေါင်းစပ်မှု: အမေရိကန် ယဉ်ကျေးမှုနဲ့ ဂျပန်ရိုးရာ ယဉ်ကျေးမှုကြားက ကွာခြားချက်တွေကို သဘာဝကျကျ ရိုက်ပြထားတာပါပဲ။

    Lost in Translation လိုမျိုး နိုင်ငံခြားရောက်နေသူတစ်ယောက်ရဲ့ ခံစားချက်ကို ရိုက်ပြထားတဲ့ ကားမျိုး၊ ဒါမှမဟုတ် လူ့ဆက်ဆံရေးကို အလေးပေးထားတဲ့ Drama ကားကောင်းကောင်း ကြိုက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

  • Nikita Roy

    Nikita Roy

    Nikita Roy (2025)

    အမှောင်ထုထဲကအမှန်တရား

    ဒီတစ်ခါဇာတ်လမ်း‌ကတော့ သိပ္ပံနည်းကျ ယုတ္တိဗေဒကိုပဲ ယုံကြည်ပြီး အယူသီးမှုတွေ အလိမ်အညာ ဝိညာဉ်ရေးရာ လုပ်ငန်းတွေကို ဖော်ထုတ်လေ့ရှိတဲ့ စာရေးဆရာမ နီခီတာ ရွိုင်း အကြောင်းပဲ ဖြစ်ပါတယ်။

    သူမရဲ့ အစ်ကိုဖြစ်သူ ဆာနာရွိုင်း ဟာ လန်ဒန်မြို့မှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။

    ရဲတွေက ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလို့ သတ်မှတ်ခဲ့ပေမဲ့ နီခီတာ ကတော့ ဒါဟာ လူသတ်မှုလို့ အခိုင်အမာ ယုံကြည်နေသူပါ။

    သူမရဲ့ အစ်ကိုဟာ မသေဆုံးခင်မှာ အာမာဒေ့ဗ် ဆိုသူ ဦးဆောင်တဲ့ ဝိညာဉ်ရေးရာ ဂိုဏ်းတစ်ခုရဲ့ အမှောင်ဖုံးနေတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့တာကို သူမသိလိုက်ရပါတယ်။

    အစ်ကိုဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားရင်းနဲ့ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

    နီခီတာ တစ်ယောက် သူမရဲ့ ယုတ္တိဗေဒဆိုင်ရာ ယုံကြည်ချက်တွေနဲ့ ဒီအမှောင်ထုကြားမှာ ဘယ်လိုဆက်လက် ရင်ဆိုင်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

  • The Last One for the Road

    The Last One for the Road

    The Last One for the Road (2025)

    ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ် Cannes Film Festival နဲ့ Toronto International Film Festival တို့မှာ ပြသခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ အီတလီ Comedy Drama ဇာတ်ကားသစ် ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း အီတလီနိုင်ငံ၊ Veneto ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Carlobianchi နဲ့ Doriano တို့ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ “ဒါနောက်ဆုံးခွက်” ဆိုပြီး အရက်သောက်လိုက်၊ လမ်းသရဲပုံစံ ပေါ့ပေါ့နေလိုက်နဲ့ အချိန်ကုန်နေသူတွေပါ။

    တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ Giulio လို့ခေါ်တဲ့ ရှက်တတ်ကြောက်တတ်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ ဗိသုကာကျောင်းသားလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ မျိုးဆက်နှစ်ခုက လူသုံးယောက်ဟာ ရည်ရွယ်ချက်မရှိတဲ့ ခရီးရှည်တစ်ခုကို အတူတူ ထွက်လာကြပါတော့တယ်။ လမ်းခရီးတစ်လျှောက်မှာ အရက်ဝိုင်းဖွဲ့ရင်း သူတို့ရဲ့ ဘဝအကြောင်းတွေ၊ အတိတ်က အမှားတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဖလှယ်ကြရင်း သံယောဇဉ် တွယ်သွားကြပုံကို ရိုက်ကူးထားပါတယ်။

    သုံးသပ်ချက်

    ဒီကားက ဟာသကားလို့ ဆိုပေမယ့် ရယ်ရရုံသက်သက် မဟုတ်ဘဲ လွမ်းမောဖွယ်ကောင်းတဲ့ (Bittersweet) ခံစားမှုကို ပေးပါတယ်။ ဥရောပရုပ်ရှင်တွေရဲ့ အေးစက်စက်နဲ့ လှပတဲ့ ရှုခင်းတွေ၊ ဇာတ်ကောင်တွေရဲ့ သဘာဝကျတဲ့ စကားပြောခန်းတွေကို ခံစားရမှာပါ။

    ဇာတ်လမ်းထက် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို အဓိကထား ရိုက်ကူးထားတဲ့ “Hangout Movie” အမျိုးအစားပါ။ မျိုးဆက်ဟောင်း လူကြီးတွေရဲ့ စိတ်ပျက်အားငယ်မှုနဲ့ လူငယ်လေးရဲ့ စူးစမ်းချင်စိတ်တို့ကို နှိုင်းယှဉ်ပြထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

    The Hand of God မင်းသား Filippo Scotti နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ တွဲဖက်ညီမှုကို မြင်တွေ့ရမှာပါ။