The Last One for the Road

The Last One for the Road

The Last One for the Road (2025)

ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ် Cannes Film Festival နဲ့ Toronto International Film Festival တို့မှာ ပြသခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ အီတလီ Comedy Drama ဇာတ်ကားသစ် ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း အီတလီနိုင်ငံ၊ Veneto ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Carlobianchi နဲ့ Doriano တို့ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ “ဒါနောက်ဆုံးခွက်” ဆိုပြီး အရက်သောက်လိုက်၊ လမ်းသရဲပုံစံ ပေါ့ပေါ့နေလိုက်နဲ့ အချိန်ကုန်နေသူတွေပါ။

တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ Giulio လို့ခေါ်တဲ့ ရှက်တတ်ကြောက်တတ်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ ဗိသုကာကျောင်းသားလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ မျိုးဆက်နှစ်ခုက လူသုံးယောက်ဟာ ရည်ရွယ်ချက်မရှိတဲ့ ခရီးရှည်တစ်ခုကို အတူတူ ထွက်လာကြပါတော့တယ်။ လမ်းခရီးတစ်လျှောက်မှာ အရက်ဝိုင်းဖွဲ့ရင်း သူတို့ရဲ့ ဘဝအကြောင်းတွေ၊ အတိတ်က အမှားတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဖလှယ်ကြရင်း သံယောဇဉ် တွယ်သွားကြပုံကို ရိုက်ကူးထားပါတယ်။

သုံးသပ်ချက်

ဒီကားက ဟာသကားလို့ ဆိုပေမယ့် ရယ်ရရုံသက်သက် မဟုတ်ဘဲ လွမ်းမောဖွယ်ကောင်းတဲ့ (Bittersweet) ခံစားမှုကို ပေးပါတယ်။ ဥရောပရုပ်ရှင်တွေရဲ့ အေးစက်စက်နဲ့ လှပတဲ့ ရှုခင်းတွေ၊ ဇာတ်ကောင်တွေရဲ့ သဘာဝကျတဲ့ စကားပြောခန်းတွေကို ခံစားရမှာပါ။

ဇာတ်လမ်းထက် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို အဓိကထား ရိုက်ကူးထားတဲ့ “Hangout Movie” အမျိုးအစားပါ။ မျိုးဆက်ဟောင်း လူကြီးတွေရဲ့ စိတ်ပျက်အားငယ်မှုနဲ့ လူငယ်လေးရဲ့ စူးစမ်းချင်စိတ်တို့ကို နှိုင်းယှဉ်ပြထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

The Hand of God မင်းသား Filippo Scotti နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ တွဲဖက်ညီမှုကို မြင်တွေ့ရမှာပါ။


Leave a Reply

Your email address will not be published. Required fields are marked *