Author: Baby Yit Lone

  • စင်ပေါ်မှာ ရင် ၂ မွှာကြားထဲ ပိုက်ဆံထည့် ဆုချဖို့ တောင်းဆိုခံရတာလေး ပြောပြလာတဲ့ မေမဒီ

    စင်ပေါ်မှာ ရင် ၂ မွှာကြားထဲ ပိုက်ဆံထည့် ဆုချဖို့ တောင်းဆိုခံရတာလေး ပြောပြလာတဲ့ မေမဒီ

    ပွဲတစ်ပွဲမှာပေါ့ ဆုချချင်တာ ရင်ဘတ်ထဲထည့်ချင်လို့ပါတဲ့ “အဲ အဲ့လိုတော့မရဘူးလေအကို” လို့ပြန်ပြောလိုက်တော့ လက်ထဲထည့်ပြီး “နာမည်ဘယ်သူဆို &&& အဲ့လိုဆုချခံတာ ရတယ် ငါတို့ကဘာစိတ်မှမရှိပါဘူး”တဲ့ နာမည်ရနေတဲ့အဆိုတော်ဖြစ်နေလို့ ဒီဒီးအရမ်းအံ့ဩသွားတယ် “ဟုတ်ကဲ့ ညီမကတော့မရပါဘူးအကို”လ်ို့ပြန်ပြောပြီး ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့လိုက်တယ် အကျင့်လုပ်သွားတဲ့အဆိုတော်ကိုလဲ အပြစ်မမြင်ပါဘူး အတွေးအခေါ်အယူအဆလဲမတူနိုင်ကြဘူးလေနော် ဒါပေမယ့် အနုပညာခုတုံးလုပ်ပြီး သရုပ်ပျက်တဲ့ပုံစံမျိုးတွေ အမြင်မသင့်တဲ့ပုံစံမျိုးတွေကို အကျင့်မလုပ်ဖို့မေတ္တာရပ်ခံချင်တယ် ခေတ်ဆန်တာနဲ့ သရုပ်ပျက်ပြီးအောတာနဲ့ မတူပါဘူး ပုခုံးဖက်မလား လက်ဆွဲမလား တူတူကကြမလား ဒါတွေကလက်ခံနိုင်တယ် Performance လေ ပွဲတစ်ပွဲမှာ ပရိတ်သတ်ပျော်အောင်လုပ်ပေးရမှာ ဒီဒီးတို့ဖျော်ဖြေရေးသမားတွေအလုပ်ပါ ချစ်တဲ့စိတ်နဲ့ဆုချပေးတာလက်ခံပါတယ် ဒါပေမယ့်… နို့ ၂ လုံးကြားငွေထည့်ခံတဲ့ထိတော့ မလိုအပ်ဖူးထင်ပါတယ် ကျမအနေနဲ့တော့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟိုးစတော့မလုပ်ပါနဲ့ 😅 ချစ်တဲ့ချစ်ပရိတ်သတ်ကြီး ညီကိုမောင်နှမတွေကိုလဲ အထှာကျစေချင်ပါတယ် မအောစေချင်ပါဘူးရှင် ❣️ Event /…

  • စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေနေ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ (၇၇၇) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးအဲ့မူး ပိုင်ဆိုင်သော မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay (ခေါ်) ရွှေပိတောက်မြိုင် အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေနေကြောင်း ၎င်းခြံဝန်းထဲမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ KK- Park အွန်လိုင်းငွေလိမ်ခြံဝန်း ပြိုကွဲသွားချိန်တွင် KK-Park ခြံဝန်းထဲမှ ရွှေဂျင်းဆိုက် – ၅ (A5) ရှိ ထုန်ရှင်ဂရုသည် မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay…

  • ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    တခြားသူနဲ့ဆို ခံသာသေးတယ် ခုဟာက ရည်းစားဟောင်းနဲ့ ဖြစ်နေလို့ တဲ့ …. သားလေးလည်းရှိတာကို သူမို့လုပ်ရက်တယ်။😪 ယောက်ျားဖြစ်သူက ပြင်ဦီးလွင်ဘက် အလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားတာ။ ဘာအဆက်သွယ်မှလည်းလုပ်မရ၊ ဖုန်းလည်းဆက်သွယ်လို့မရ။ သူအလုပ်လုပ်ဖူးတဲ့ဆိုင်ကလူကို လှမ်းပြောတယ်။ သူပေါ်တာဆွဲခံရလို့ပေါ့။ ဆိုင်ကယ်၊ ဖုန်း၊ စုထားတဲ့ပိုက်ဆံလေး‌တွေလဲ ပါသွားတယ်။ ခုကြတော့ တစ်တော့အအကောင့်မှာ သူရဲ့ရည်းစားဟောင်းနဲ့ယူပြီးကြပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဗွီဒီယိုတွေ တင်ထားတယ်။ ချစ်ရတဲ့မိန်းမလေးနဲ့ဆိုပြီး ရေးတင်ထားတယ် တဲ့.. မိန်းမရဲ့ အကောင့်ကိုကြ block ထားတယ်.. ရည်းစားဟောင်းနဲ့ပြန်ဆက်သွားတော့ တရားဝင်ယူထားတဲ့ ကောင်မလေးက ပိုပြီး စိတ်ထိခိုက်ရတာပေါ့။ ယောက်ျားဖြစ်သူကို ပြန်လာပြီးကွာရှင်းပေးပါလို့ဆိုပါတယ်။ ကွာရှင်းမပေးရင် နှစ်ယောက်လုံးရဲ့ ပုံတွေကို ချပြမယ်လို့ပြောလိုက်ပါတယ်။ ကွာရှင်းပေးလိုက်ရင်တော့ ညီမဘက်ကရှုံးပြီ။ ရည်းစားဟောင်းက နိုင်ပွဲရမှာပဲ။ အဲတော့ ကွာရှင်းမပေးပါနဲ့ အရှက်မရှိတဲ့ဟာတွေကို ထောင်ကျတဲ့အထိ ဥပဒေအတိုင်း ဆက်လုပ်ပါ။

  • တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဖြန့်ဖြူးရေးစသည့် စီမံကိန်းများကို ကာကွယ်ရန်အတွက် တရုတ်လုံခြုံရေးတပ်သား ရာနှင့်ချီချထားပြီး စစ်ရေးစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။ လက်ရှိတွင် တရုတ်လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ စီမံကိန်းအနီးတွင် ကတုတ်ကျင်းများနှင့် ဘန်ကာများ ဆောက်လုပ်၍ စစ်ရေးအကာအကွယ်များ ပြုလုပ်နေခြင်းဖြစ်သည်။ ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ဂုံးချွိန်နှင့် အုန်းတောကျေးရွာရှိ ဓာတ်ငွေ့သန့်စင်ရုံ၊ လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံနှင့် ဓာတ်ငွေ့ခွဲရုံ စသည့် တရုတ် စီမံကိန်းနယ်မြေများတွင် ရှိနေခြင်းဖြစ်သည်။ “Power China စက်ရုံ (လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ) ဘက်မှာဆိုရင် သေနတ်ပစ်ဖို့အနေအထားမျိုး ပြင်ဆင်နေတာရှိတယ်။ တခြားနေရာတွေမှာတော့ ကတုတ်ကျင်းတွေ တူးထားတာ ရှိတယ်” ဟု တရုတ် စီမံကိန်းများကို စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ တရုတ်စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်…

  • စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်အုပ်စု စစ်ကြောင်းတွေကြောင့် ဒေသခံတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရ စစ်ကိုင်းတိုင်းအတွင်းက အရာတော်-မုံရွာလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ကစပြီး တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားသလို စစ်အုပ်စုစစ်ကြောင်းကြောင့် ကျေးရွာသုံးရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီးက အမြှောက်တပ်(အမတ- ၃၆၉)မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းက အရာတော်မြို့​ပေါ်ကို ပြန်ဆုတ်ဖို့ပြင်ဆင်နေတာကြောင့် အရာတော်-မုံရွာလမ်းပိုင်းကို ယာယီပိတ်ထားတာလို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။ “ဇန်နဝါရီ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သစ်ကျင်းကြီးတပ်ခေါ် ၃၆၉ တပ်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ အရာတော်မြို့ကနေ ထွက်ပြီးတော့ အင်အား ၃၀ ခန့်ပါတဲ့…